By Myanmar Builders Guide, Shweproperty.com
Updated at 30 April 2019
ရွှေပြည်သာမြို့နယ်ခန်းမ တည်ဆောက်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်သူများ ထင်သာမြင်သာရှိစေရန် ဗီနိုင်းစိုက်ထူရမည့် လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ရွှေပြည်သာမြို့နယ်ခန်းမကို လာမည့် စက်တင်ဘာလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်စေရေးအတွက်
ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌသစ် ဦးသိန်းဇံက အဆိုပါအဆောက်အအုံဆောက်လုပ်မည့် လုပ်ငန်းတာဝန်ခံအား ဧပြီ ၂၇ ရက်တွင် တွေ့ဆုံမှာကြားခဲ့သည်။
ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇံ၊ အဖွဲ့ဝင်(၁)ဦးသီဟသူ၊ အဖွဲ့ဝင်(၂) ဦးသိန်းထိုက်၊ မြို့မိမြို့ဖများ၊ မြို့နေအဖွဲ့အစည်းများက ရွှေပြည်သာမြို့နယ် မြို့နယ်ခန်းမ တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ဧပြီ ၁၁ ရက်က ဦးဝင်းမောင်( EE-တာဝန်ခံ အင်ဂျင်နီယာ) နှင့်တွေ့ဆုံခဲ့စဉ်က ကွင်းဆင်းစစ်ဆေးခြင်း နှင့် မြို့နေပြည်သူလူထု၏ သိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါဆောက်လုပ်မည့် ရွှေပြည်သာမြို့နယ်ခန်းမသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန အဆောက်အအုံမှ EE တာဝန်ခံ ဦးဝင်းမောင်က တာဝန်ယူ၍ အမှတ် ၅ ရပ်ကွက် ယခင် ၁၉၉ ဂိတ်ဟောင်းဘေး မြေကွက်လပ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။ မြို့နယ်ခန်းမဘေးတစ်ဖက်တစ်ချက်တွင်ပေ ၁၄၀၊ ၁ဝဝ ကျော် စီရှိသည့် ကား ပါကင်နှစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေပြည်သာမြို့နယ်ခန်းမ မှာ အလျား ၁၈၆ ပေ၊ အနံပေ ၈ဝ၊ အမြင့် ၂၄ ပေဖြစ်ပြီး လုပ်ငန်းပြီးစီးမည့်ကာလကို ယခုနှစ် ကိုးလပိုင်းကုန်တွင် ခန့်မှန်းထားကြောင်းနှင့်လက်ရှိတွင် ခန်းမဆောက်လုပ်ရန် မြေညှိခြင်း၊မြေထိန်းနံရံများတည်ဆောက်နေခြင်း ပြုလုပ်နေ ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties