By Sint Sint, Shweproperty.com
Updated at 4 June 2021
မြန်မာလို “ဖုန်းရွှေ” လို့ ခေါ်နေကြတဲ့ တရုတ်ရိုးရာ ပညာ Feng Shui (風水) ရဲ့ အသံထွက် အမှန်ကတော့ “ဖုန်းဆွေ” လို့ ထွက်ပါတယ်။ ဖုန်း (風) ဆိုတဲ့ တရုတ်ဝေါဟာရက “လေ” ကို ဆိုလိုတာ ဖြစ်ပြီး ဆွေ (水) ဆိုတာက “ရေ” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် ဆိုရရင်ဖြင့် ဖုန်းရွှေပညာရပ်ဟာ လေနဲ့ ရေကို အခြေခံထားတဲ့ သဘာဝကျတဲ့ ပညာရပ်တစ်ခုလို့ ဆိုရပါမယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွားလာခဲ့တဲ့ ဖုန်းရွှေပညာရပ်ကို နေအိမ်ဂေဟာတွေ သင်္ချိုင်းအုတ်ဂူ စတာတွေ အတွက် အရပ်မျက်နှာ ရွေးခြယ်တည်ဆောက်တဲ့ နေရာမှာ အဓိက အသုံးချပါတယ်။ အရပ်ဒေသ တစ်ခုမှာ အိမ်တစ်အိမ်၊ အဆောက်အဦးတစ်ခုကို စတင်ပြီး ပန္နက်စသည် မချခင်မှာ မြင့်မြတ်တဲ့ဓာတ်တွေ တည်ရှိတဲ့နေရာကို ရှာဖွေရတာဟာ ဖုန်းရွှေပညာရဲ့ အ ဓိကလုပ်ဆောင်ချက်ပါပဲ။ Heaven & Earth ဆိုတဲ့ ကောင်းကင်နဲ့မြေကြီးကြားမှာ သမမျှတ Balance ဖြစ်အောင် နေထိုင်ခြင်းဖြင့် ကောင်းမွန်တဲ့ (氣 - qi) ချိဆိုတဲ့ ဓာတ်တွေကို တည်ဆောက်နေထိုင်ခြင်းဟာ ဖုန်းရွှေပညာရပ်ပါပဲ။ ဒါကြောင့် မိမိကိုယ်ကိုယ် တင့်သင့်လျှောက်ပတ်အောင် တည်ဆောက်လိုသူ မည်သူမဆိုအတွက် ဖုန်းရွှေပညာရပ်ကို အသုံးချနိုင်ပါသေးတယ်။ သာယာလှပပြီး သက်တောင့်သက်သာနဲ့ နေချင်စဖွယ်ရှိတဲ့ သက်ရှိပတ်ဝန်းကျင်မျိုးကို လူတိုင်းနီးပါး လိုချင်ကြတာ အမှန်ပါ။ ဒါကြောင့်လည်း ယနေ့ ကမ္ဘာမှာ အိမ်အတွင်းခန်း အလှပြင်ဆင်တဲ့ (Interior Design) ကုမ္ပဏီတွေ အလုပ်ဖြစ်နေကြတာပါ။ တရုတ်လူမျိုးတွေရဲ့ ဖုန်းရွှေပညာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွား ခဲ့တာကြောင့် အိုဟောင်းနေတဲ့ ပညာရပ်တစ်ခုလို့ ဆိုကောင်း ဆိုနိုင်ပါမယ်။ ဒါပေမယ့် ဖုန်းရွှေပညာက ယနေ့ ကမ္ဘာက တောင့်တနေတဲ့ ရုပ်ဝတ္ထုကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်း ပေးနိုင် ယုံမျှမကဘဲ စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ အောင်မြင်မှုတွေကိုပါ ထပ်လောင်း ဆောင်ယူလာနိုင်တယ်လို့ ဆိုလေတော့ အံ့သြမိတာ အမှန်ပါပဲ။ အိမ်တစ်အိမ်၏ အဓိက အချက်အခြာကျ ဧည့်ခန်းအားဖုန်းရွှေနည်းအရနေရာချထားခြင်းဖြင့် အိမ်သူအိမ်သားများသာမက အိမ်အတွက်လည်း ကံကောင်းခြင်းများကိုရရှိစေပါတယ်။ ယခုလိုအိမ်အား မင်္ဂလာရှိရန် ဖုန်းရွှေနည်းအရနေရာရွေးခြင်း၊ အိမ်သူအိမ်သားများနှင့် အပ်ဆက်သောအိမ်အရောင်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ရပါမည်။ ကျယ်ဝန်းပြီး လေကောင်းလေသန့်ရရှိသော ဧည့်ခန်း၏ အပြုသဘောဆောင်သော စွမ်းအင်စီးဆင်းမှုမှာ အခန်းများကိုလည်းသက်ရောက်မှုရှိပါတယ်။ အကယ်၍အိမ်၏ ဧည့်ခန်းမှာ ဖုန်းရွှေနည်းအရ ကံကောင်းသော နေရာအနေအထားတွင်ရှိလျှင် ဖုန်းရွှေပညာရှင်များက ထို့အိမ်ပိုင်ရှင်အား ပိုမိုကံကောင်းစေရန် ငါးမွေးကန် (သို့) ရေနေ အပင်အလှကန်များကို ထားရှိရန် အကြံပြုကြပါတယ်။ ဖုန်းရွှေနည်းအရဆိုလျှင် အိမ်တစ်အိမ်၏ ဧည့်ခန်းမှာ အရေးပါသော အခန်းဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိသားစုဝင်များမှာ အများအားဖြင့် ဧည့်ခန်းတွင် အနေများသောကြောင့် ဖြစ်ပါတယ်။ အိမ်တစ်အိမ်၏ မိသားစုများ ဆုံဆည်းရာ အချက်အခြာကျသောနေရာပင်ဖြစ်ပါတယ်။ ထို့ကြောင့် အိမ်၏ ဧည့်ခန်းမှာ ဖုန်းရွှေနည်းအရ နေရာမှန်လျှင် အိမ်အတွက် မင်္ဂလာရှိပြီး စိတ်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေပါတယ်။ ဧည့်ခန်းအား ဖုန်းရွှေနည်းအရ နေရာချခြင်း အားဆက်လက် လေ့လာကြရအောင်။အလတ်စားနှင့် အသေးစား အိမ်များတည်ဆောက်ရာ တွင် ဗိသုကာပညာရှင်များက အများအားဖြင့် ဧည့်ခန်းအားအိမ်အဝင်ဝနှင့် ကပ်ရက်တွင် ထားရှိကာ တည်ဆောက်လေ့ရှိပါတယ်။ ဤသို့ပြုလုပ်ရခြင်းမှာ ဧည့်ခန်းအား အိမ်အဝင်ဝမှ စီးဆင်းလာသော ကောင်းမွန်သည့် စွမ်းအင်များကို ရရှိစေရန် ဖြစ်ပါတယ်။ ထို့ကြောင့် အိမ်အဝင်ဝနှင့် ကပ်လျက်ရှိသော ဧည့်ခန်းအားဖုန်းရွှေနည်း အရနေရာချထား ခြင်းဖြင့် အိမ်၏အခြားအခန်းများကို လည်းအပြုသဘောဆောင်သော စွမ်းအင်များ စီးဆင်းပါလိမ့်မည်။ အပြုသဘောဆောင်သော စွမ်းအင်များ စီးဆင်းမှုကို ဟန့်တားရာရောက်သော ပရိဘောဂအကြီးများ၊ စားပွဲခုံများအား ဧည့်ခန်းတွင် ပြွတ်သိပ်စွာထားခြင်းနှင့် အိမ်အဝင်၀ မျက်နှာခြင်းဆိုင်တွင် ပစ္စည်းများထားခြင်းတို့အား ရှောင်ရှားရပါမည်။ အချို့အိမ်များအား ဖုန်းရွှေနည်းအရ တည်ဆောက်ထားသည်ကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အချို့အိမ်ဆောက်လုပ်သူများက ဆောက်လုပ်မှုများ စတင်တည်းက ဖုန်းရွှေနည်းအရ တွက်ချက်ပြီး တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ထိုကဲ့သို့ အိမ်များတွင် ဖုန်းရွှေပညာရှင်များက အိမ်တွင် ကံကောင်းမှုများ ရောက်ရှိလာစေရန် ဧည့်ခန်းအား အိမ်အဝင်၀ အနီးအနားတွင် အသင့်တော်ဆုံး နေရာအဖြစ် ရွေးချယ်ပြီး အခန်းဖွဲ့လေ့ရှိပါတယ်။ ဤနေရာတွင် အများအားဖြင့် ဝင်ငွေနှင့် သက်ဆိုင်သောကြောင့် လှုပ်ရှားနေသော အရာဝတ္ထုများကို ဧည့်ခန်းထဲတွင် ထားရှိစေပါတယ်။ လှုပ်ရှားနေသော အရာဝတ္ထုများဆိုသည်မှာ ငါးမွေးကန်၊ ရေနေအပင် အလှကန်၊ Meneki-neko (ခေါ်) ငွေခေါ်လက်ယက်ကြောင်အရုပ်၊ အဆက်မပြတ် လှုပ်ရှားနေသော အလှဆင်ပစ္စည်းများ၊ ဒီဂျစ်တယ်နာရီ အစရှိသော ပစ္စည်းများ ဖြစ်ပါတယ်။ ဤအရာများမှာ မိမိအိမ်အား ပို၍သာယာဝပြောစေပါတယ်။ ပြတင်းပေါက်များ (သို့) လသာပေါက်မှာ ထပ်ထည့်၍ ဧည့်ခန်းအား ပို၍မင်္ဂလာရှိအောင် ပြုလုပ်လို့ရပါတယ်။ အကြီးစားအိမ်များ တည်ဆောက်ရာတွင် ဗိသုကာပညာရှင်များက အိမ်၏အပြင်အဆင်ကို အလတ်စားနှင့် အသေးစား အိမ်များနှင့် အတူညီအောင် ဆောက်လုပ်လေ့ ရှိပါတယ်။ အများအားဖြင့် အိမ်မှာ ကျယ်ဝန်းသောကြောင့် ဧည့်သည်များအတွက် ဧည့်ခန်းမှာ အိမ်အဝင်ဝနှင့် ကပ်လျက်တွင် ရှိပြီး မိသားစုဝင်များအတွက် ဧည့်ခန်းမှာ အိမ်၏အတွင်းပိုင်းတွင် သီးခြားတည်ရှိပါတယ်။ ယခုလို ပြုလုပ်ခြင်းဖြင့် မိသားစုဝင်များအတွက် သီးသန့်နေရာ ဖြစ်ပေါ်လာစေပါတယ်။ အကြီးစားအိမ်များတွင် ဧည့်ခန်းအား အများအားဖြင့် ကျယ်ဝန်းသော ပြင်ပမြင်ကွင်းကို ကောင်းမွန်စွာ မြင်တွေ့နိုင်ရန် နေရာချ၍ တည်ဆောက်လေ့ရှိပါတယ်။ အခန်းမှ ပြင်ပမြင်ကွင်းကို ကောင်းမွန်စွာ မြင်တွေ့နိုင်ပြီး အိမ်၏ လေဝင်လေထွက် ဧရိယာတယ် ကောင်းမွန်သောနေရာတွင် ရှိရမည်။ ဧည့်ခန်းအား အိမ်၏ အတွင်းပိုင်းတွင် ထားခြင်းမှာ သီးသန့်ဖြစ်စေသောလည်း ပြင်ပမြင်ကွင်းအား ကောင်းမွန်စွာ မမြင်တွေ့နိုင်ခြင်း၊ လေဝင်လေထွက် ကောင်းမွန်စွာ မရှိခြင်း၊ မီးရောင် လုံလောက်စွာ မရှိခြင်းတို့မှာ ဖုန်းရွှေနည်းအရ ဆိုလျှင် မသင့်တော်ပါ။ ရေကူးကန်၊ ငါးကန် (သို့) ပန်းခြံအနားတွင် တည်ရှိသော ဧည့်ခန်းများမှာလည်း အပြုသဘောဆောင်သော စွမ်းအင်တို့ကို ရရှိစေပါတယ်။ ကောင်းမွန်သော စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေခြင်းလျှင် နေရာအနေအထား သာမက ကျယ်ဝန်းသော အတွင်းပိုင်း အလှဆင်မှုကိုလည်း ဂရုစိုက်ရပါမည်။ ဥပမာအားဖြင့် ကြီးမားသော မှန်တံခါးများ (သို့) ပြတင်းပေါက်များ တပ်ခြင်း၊ လသာပေါက်မှာ တပ်ခြင်းတို့ ဖြစ်ပါတယ်။ထို့အပြင် ဧည့်ခန်း အနီးအနားတွင် ပန်းဥယာဉ် (သို့) ဗိသုကာလက်ရာ ရှုခင်းများထားရှိခြင်းဖြင့် အခန်းအား ကောင်းမွန်သော စွမ်းအင်ပေးပါတယ်။ အိမ်အတွင်းထဲတွင် တည်ရှိသော ဧည့်ခန်းများအား ဖုန်းရွှေနည်းအရ အဆင်ပြေစေရန် လှပသော ပန်းဥယာဉ်၊ ငါးမွေးကန်၊ ရေပန်း (သို့) ရေကူးကန်များအား သင့်လျော်သော နေရာများတွင် နေရာချနိုင်ပါတယ်။ အခန်းနေရာ ကျယ်သောကြောင့် ထို့အခန်းသို့လာရောက်ကြသူများအား စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေပါတယ်။ ဤကဲ့သို့သော အခန်းများတွင် အိမ်မှုကိစ္စအ၀၀ကို စိတ်ကြည်လင်စွာ ဆုံးဖြတ်နိုင်ပြီး၊ နေထိုင်ရသည်မှာလည်း သက်သောင့်သက်သာရှိပါတယ်။အခန်းအတွက် အရောင်ရွေးချယ်ရာတွင်လည်း စုံလင်သောအရောင်များကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အကယ်၍ ဧည့်ခန်းသို့ လူတိုင်းလာရောက် အသုံးပြုမည်ဟု သတ်မှတ်ထားပါက အဖြူရောင် အသုံးပြုပါ။ အဖြူဆိုသည်မှာ ကြားနေအရောင် ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်၏ စိတ်စွမ်းအင်များကိုလည်း လျှော့ကျစေမည် မဟုတ်ပါ။ အကယ်၍ ဧည့်ခန်းအား မိသားစုဝင်များ ဆုံဆည်းရာနေရာဟု သတ်မှတ်ပါက ပထဝီဓာတ်ကို ကိုယ်စားပြုသော အဝါနု (သို့) အညိုရောင်ကို ရွေးချယ်သင့်ပါတယ်။ ထိုသို့သော အရောင်များကို ရွေးချယ်ခြင်းအားဖြင့် ပျူငှာနွေးထွေးသော စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ လူသိနည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ သင့်အိမ်အတွက်ရွေးချယ်သင့်တဲ့တံခါးအမျိုးအစား(၅)မျိုးနှင့် သင့်ရဲ့အိမ်သစ်အတွက် ရိုးရှင်းပြီး ဆွဲဆောင်မူရှိသော ဒီဇိုင်းများ သတိမထားမိကြတဲ့အိမ်နိမိတ် ၁၂ ချက်နှင့် အိမ်အသစ်ဆောက်မည့်သူများအိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လား Credit: Scg Building Materials Posted By: Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties