By yangon-times, Shweproperty.com
Updated at 10 May 2013
မြို့ရွာနှင့်အိုးမိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအဖြစ် ဖော်ဆောင်လျက်ရှိသောရတနာအိမ်ရာစီမံကိန်းနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းများကို ၂၀၁၆ခုနှစ်တွင် ပြည်သူများထံ ရောင်းချပေးသွားမည်ဟု မြို့ရွာအိုးအိမ်နှင့် ဖွံ့ဖြိုးရေးဌာနမှ သိရသည်။
ယင်းတန်ဖိုးနည်းအိမ်ရာများကို မြန်မာဗွီပိုင်ကုမ္ပဏီမှ နှစ်နှစ်စီမံကိန်းဖြင့် တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်သည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြစီမံကိန်းဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြစီမံကိန်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က “ဒီတန်ဖိုးနည်းအိမ်ရာတွေကို ၂၀၁၆ နှစ်လယ်ပိုင်းလောက်မှာ ပြည်သူတွေကို ရောင်းချပေးသွားမှာပါ”ဟုပြောသည်။
လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာများ၏ ဈေးနှုန်းများကိုမသတ်မှတ်ရသေးသော်လည်း အခြေခံလူတန်းစားများလက်လှမ်းမီနိုင်သောဈေးနှုန်းဖြင့် သာရောင်းချသွားမည်ဟု ယင်းက ဆက်လက်ပြောသည်။
ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က “အိမ်ရာတွေရဲ့တန်ဖိုးကတော့ မသတ်မှတ်သေးပါဘူး။တန်ဖိုးနည်းနိုင်မယ့် ဒီဇိုင်းတွေကိုလဲ ရေးဆွဲနေပါတယ်။ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဖွင့်ဖို့အတွက် ဗဟိုဘဏ်နဲ့ညှိနှိုင်းနေပါတယ်။ အခြေခံလူတန်းစားတွေ လက်လှမ်းမီနိုင်မယ့်ဈေးနှုန်းနဲ့ပဲ ရောင်းချပေးမှာပါ”ဟု ပြောသည်။
လက်ရှိတွင် ရတနာတန်ဖိုးနည်းအိမ်ရာနှင့် ဧရာဝဏ်တန်ဖိုးနည်းအိမ်ရာများကို မြန်မာဗွီပိုင်ကုမ္ပဏီမှ ခြောက်လနှင့် ဒီဇိုင်းရေးဆွဲ၍ နှစ်နှစ်နှင့် အပြီးတည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှလည်း ဗိုလ်ဗထူးတန်ဖိုးမျှအိမ်ရာများကို တာဝန်ယူတည်ဆောက်သွားမည်ဟု သိရသည်။
Ref : yangon-times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties