By စည်သူလင်းလက်, Shweproperty.com
Updated at 10 January 2017
တိုးတက်ပြောင်းလဲလာတဲ့ ရန်ကုန်မြို့နဲ့ လူနေမှုစနစ်နဲ့အတူ မိသားစုတွေ မိမိတို့ရဲ့သီးသန့်အိမ်ခန်းလေးတွေ အလွယ်တကူ ပိုင်ဆိုင်ခွင့်ရဖို့ iGreen Development ကုမ္ပဏီက ဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ အဆင့်မြင့်ပြီး လုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် Condo တိုက်ခန်းတွေ ကို ငှားခနှုန်းထားလောက်သာရှိတဲ့ အရစ်ကျငွေပေးချေမှုစနစ်နဲ့ ရောင်းချပေးနေတာပါ။ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာတစ်ခုဖြစ်တဲ့ မြေနီကုန်း၊ စမ်းချောင်းမှာရှိတဲ့ Sanchaung Garden Condominium (SGR) ရဲ့ အရောင်းပြပွဲ ကို ဇန်နဝါရီ ၁၄ရက် နဲ့ ၁၅ ရက်တွေမှာကျင်းပသွားမှာဖြစ်ပါတယ်။ ကွန်ဒိုရဲ့ Shwe Dagon Pagoda View Tower မှာရှိတဲ့ ၃၃ခန်းကို ရောင်းချပေးမှာပါ။ အခန်းတန်ဖိုးအတွက် တစ်ခါတည်းပေးခြေစရာမလိုပဲ လ၁၂၀ ခွဲပြီးပေးချေရမှာဖြစ်တဲ့အတွက် မိသားစုတိုင်းအတွက် အဆင်ပြေလှပါတယ်။ ပထမဆုံးငွေပေးချေမှုအဖြစ် စာချုပ်ချုပ်တဲ့အချိန်မှာ အခန်းတန်ဖိုးရဲ့ ၁၄ ရာခိုင်နှုန်းကိုသာပေးချေရမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတည်ဆောက်ဆဲကာလမှာ အခန်းတန်ဖိုးရဲ့ ၂၇ရာခိုင်နှုန်းကို တစ်လ ၁.၅ရာခိုင်နှုန်းနဲ့ ၁၈လ ပေးချေရမှာပါ။ အဲ့ဒီနောက် အခန်းအပ်တဲ့ အချိန်မှာ အခန်းတန်ဖိုးရဲ့ ၉ရာခိုင်နှုန်းကိုပေးချေရမှာဖြစ်ပြီး မိမိတို့ အခန်းလေးမှာ တက်ရောက်နေထိုင်နိုင်ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ ၅၀ရာခိုင်နှုန်းကိုတော့ တစ်လ ဝ.၅ရာခိုင်နှုန်းနဲ့ လ ၁၀၀ ပေးချေပြီး condo တိုက်ခန်းတစ်ခု ပိုင်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ ဝန်ထမ်းများ၊ ကြင်စဦးဇနီးမောင်နှံများအတွက် အထူးသင့်တော်ကောင်းမွန်လှတဲ့ ငွေပေးချေမှုစနစ်ဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်နေပါတယ်။ ဒါ့အပြင် ပြပွဲမှာလာရောက်ဝယ်ယူတဲ့ ပထမဆုံး ၁၀ခန်းအတွက် ပါကေးခင်းပေးခြင်းနဲ့ Aircon ကိုလက်ဆောက် အဖြစ်ထည့်သွင်းတပ်ဆင်ပေးမှာဖြစ်ပါတယ်။ အခန်းပုံစံ ၃မျိုးတည်ဆောက်ထားပြီး ၁၂၈၅ စတုရန်းပေ၊ ၁၁၉၈ စတုရန်းပေ နဲ့ ၇၈၇ စတုရန်းပေ အသီးသီးရှိကြပါတယ်။ ပြပွဲမှာရောင်းချခဲ့တဲ့အခန်းတွေကို ၂၀၁၈ခုနှစ် သြဂုတ်လမှာ အခန်းအပ်သွားမှာပါ။ Sanchaung Garden Condominium ကို အမှတ် ၁၀၄၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်မှာတည်ရှိတဲ့ ၂ဧက အကျယ်အဝန်းရှိတဲ့ မြေနေရာပေါ်မှာ တည်ဆောက်ထားပါတယ်။ Main Building, Pagoda View Tower နဲ့ East Wing Tower ဆိုပြီး Tower ၃ခုတည်ဆောက်ထားတာဖြစ်ပါတယ်။ အဆောက်အဦးဒီဇိုင်းကို Aedas Architect ကရေးဆွဲပေးထားတာဖြစ်တဲ့အတွက် နိုင်ငံတကာအဆင့်မှီ ဒီဇိုင်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့ Condominium တစ်ခုဖြစ်နေပါတယ်။ ငလျင်ဒါဏ်၊ မုန်တိုင်းဒါဏ်တွေခံနိုင်ဖို့နဲ့ အဆောက်အဦး သက်တမ်း ရှည်ကြာ စွာတည်တံ့နိုင်ဖို့ Structure ဒီဇိုင်းကို Space Matrix ကရေးဆွဲပေးထားတာဖြစ်ပါတယ်။ Condo တစ်ခုလုံးကို စုပေါင်းပိုင် အဆောက်အဦိးအဖြစ်မှတ်ပုံတင်မှာပါ။ Sanchaung Garden Condo ကနေ ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ် ရွှေတိဂုံစေတီတော်ကြီးကို ၁၀မိနစ်လမ်းလျှောက်ရုံနဲ့ ရောက်ရှိနိုင် တာကြောင့် မနက်စောစောထပြီး ပြည်သူ့ရင်ပြင်တစ်ပတ်လမ်းလျှောက်ရင်း ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒါ့အပြင် Shwe Dagon Pagoda View Tower မှာနေထိုင်ဖြစ်မယ်ဆိုရင် ရွှေတိဂုံစေတီတော်ကြီးကိုနေ့စဉ်ဖူးတွေ့နေရမှာပါ။ City Mart, Dagon Centre, ဂမုန်းပွင့် စတဲ့ဈေးဝယ်စင်တာတွေကို ငါးမိနစ်လမ်းလျှောက်ရုံနဲ့ ရောက်နိုင်တာကြောင့် နေ့စဉ်မိသားစု ဘဝပြည့်စုံဖို့ အဝေးကြီးသွားပြီးဈေးဝယ်စရာမလိုတော့ပါဘူး။ ကျောင်း၊ သင်တန်းကျောင်း၊ နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တွေလည်း အနီးနားမှာရှိနေတဲ့ အတွက် သားသမီးတွေရဲ့ပညာရေးအတွက်လည်း စိတ်ကျေနပ်ရမှာပါ။ အာရှတော်ဝင်ဆေးရုံ၊ SSC ဆေးရုံတို့နဲ့လည်း မိနစ် ၂၀ ခရီးသာရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိတ်ပူနေစရာမလိုတော့ပါဘူး။ ရန်ကုန်မြို့လယ်ခေါင်ကိုလည်း မိနစ်၂၀ အတွင်းသွားရောက်နိုင်တဲ့အတွက် Sanchaung Garden (SGR) Condominium က မိသားစုတွေအတွက် အကောင်းဆုံးနေရာ တစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်ထားပြီး ကားပါကင်အတွက်လည်း တစ်ခန်းတစ်စီးနှုန်း ရပ်နားနိုင်အောင် စီစဉ်ထားတဲ့အတွက် ကားရပ်နားဖို့အတွက်စိတ်ကျေနပ်ရမှာပါ။ ကားတစ်စီးစီအတွက် ကဒ်စနစ်နဲ့ စနစ်တကျဆောင် ရွက်ပေးသွားမှာဖြစ်တဲ့ အတွက် မိမိတို့ကားအတွက် သီးသန့်နေရာလေးတစ်ခုမှာ လုံခြုံစိတ်ချစွာရပ်နားနိုင်မှာပါ။ မိသားစုတွေအပန်းပြေနားနေနိုင်ဖို့ ရေကူးကန်ကိုလည်း ထည့်သွင်းတည်ဆောက်ထားတာတွေ့ရပါတယ်။ ဒါကြောင့် အားလပ်ရက်နဲ့ ညနေခင်းတွေမှာ ရေကူးနိုင်ဖို့ တခြားနေရာကိုသီးသန့်သွားစရာမလိုတော့ပါဘူး၊ ဒါ့အပြင် Tower တစ်ခုချင်းစီရဲ့ ခေါင်မိုးထပ်တွေမှာ အပန်းဖြေ လေညှင်းခံစရာနေရာလေးတွေ ဖန်တီးပေးထားလို့ နေ့စဉ်ပျော်စရာမိသားစုဘဝလေး ရရှိနေမှာမလွဲပါပဲ။ သန့်ရှင်းလုံခြုံမှုက မြို့ပြနေပြည်သူတွေ အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် SGR Condo က အဲ့ဒီအချက်အားလုံးနဲ့ကိုက်ညီနေပါတယ်။ စီးပွားရေးအရ အချက်အချာကျပြီး ရန်ကုန်မြို့ရဲ့အစည်ကားဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ စမ်းချောင်းမြို့နယ်မှာ ကျယ်ဝန်းစိမ်းလန်းတဲ့ ကွန်ဒိုတစ်ခု ပိုင်ဆိုင် ထားခြင်းက မိသားစုအနာဂတ်အတွက် အကောင်းဆုံးစီမံကိန်းတစ်ခု ရေးဆွဲလိုက်ခြင်းဖြစ်ပါကြောင်း အကြံပြုလိုက်ပါရစေခင်ဗျား။
အထူးလျှော့ဈေးဖြင့် ရောင်းချမည့် ှSGR ကွန်ဒို အထူးအရောင်းပြပွဲ ကို အသေးစိတ်လေ့လာရန်
ဆက်သွယ်ရန်ဖုန်းနံပါတ် => 09-31939999,01-2304833
****အရောင်းပြပွဲ အစီအစဉ်**** ရောင်းချမည့်နေ့ရက် - ဇန်နဝါရီ (14) မှ (15)ရက် ၂၀၁၇ ရောင်းချမည့်အချိန် - မနက် ၉ နာရီမှ ၅ နာရီ ရောင်းချမည့်နေရာ - No.(104)၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်
Written By : စည်သူလင်းလက် (Shweproperty.com)
Photo Credit : SANCHAUNG GARDEN RESIDENCE
Posted By : Wai Phyoe (Shweproperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties