ရှာရွတ်ခန်း ပရိသတ်တွေဆိုရင်တော့ အင်တာနက်မှာဟိုးလေးတကျော်ဖြစ်သွားတဲ့ Mannet အကြောင်း သိကြမှာပါ။Mannat ဟာ ရှာရွတ်ခန်ရဲ့ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပြီး ရှာရွတ်ခန်းတို့ မိသားစုအနေအများဆုံး အိမ်ကြီးလည်းဖြစ်ပါတယ်။ ဒီနေ့တော့ Shwe Property က ရှာရွတ်ခန်ပရိသတ်တွေကို Mannat ဆီ အလည်ခေါ်သွားပေးချင်ပါတယ်။ 

Mannat အမည်တွင်ပုံ 

ရှာရွတ်ခန်ဟာ ဒီပင်လယ်ဘေးကအိမ်ကြီးကို (၂၀၀၁) ခုနှစ်မှာ  ရူပီး (၁၃) သန်း၊ မြန်မာ​ငွေ သိန်း (၃)သောင်းကျော်နဲ့ ပေးဝယ်ခဲ့ပြီး နဂိုမူလ Villa Vienna ဆိုတဲ့နာမည်ကနေ Mannat လို့နာမည်ပေးခဲ့ပါတယ်။ ရှာရွတ်ခန်ရဲ့အမျိုးသမီး Gauri Khan ဟာ အိမ်အတွင်းပိုင်း ဒီဇိုင်နာတစ်ဦးဖြစ်တာနဲ့အညီ ရှာရွတ်ခန်ရဲ့ အိမ်တိုင်းကို စိတ်ကြိုက် Interior Design ပြင်ဆင်ပေးခဲ့ပြီးMannat ကိုလည်း Name Plate ကအစ မှောင်ထဲမှာ glow နေတဲ့ ပုံစံနဲ့ စိတ်ကြိုက်ဂရုတစိုက်ပြင်ဆင်ထားခဲ့တာတွေ့ရပါတယ်။ 



အိမ်အတွင်းပိုင်း 

Mannet အိမ်ကြီးဟာ အထပ်ပေါင်း (၆) ထပ်ရှိတဲ့အိမ်ကြီးဖြစ်ပြီး အဆက်ရာမရှိတဲ့ Original Marble Floors တွေ၊ မျက်နှာကြက်တွေကို မှန်တွေနဲ့အလှဆင်ထားတာတွေက အိန္ဒိယရဲ့တန်ဖိုးအကြီးဆုံးနဲ့ အခမ်းနားဆုံးအိမ်ကြီးဆိုတဲ့ ဂုဏ်ကိုထင်ဟပ်နေစေပါတယ်။ အိမ်ကြီးရဲ့အထပ်တိုင်းမှာ Master Bedroom တွေ၊ ခေတ်မီ၊ဒီဇိုင်းဆန်း တန်ဖိုးကြီးပရိဘောဂတွေနဲ့ ပြင်ဆင်ထားတဲ့ အိပ်ခန်းတွေရှိနေပြီး ဒီအိမ်ကြီးထဲမှာ ရှာရွတ်ခန်းရဲ့ ရရှိထားသမျှဆုတွေထားတဲ့ အခန်း၊ ရှာရွတ်ခန်းအလုပ်လုပ်တဲ့ အလုပ်ခန်းကျယ်ကြီးတွေနဲ့ လူပေါင်း (၁၂)ယောက်ထိုင်လို့ရတဲ့ ထမင်းစားပွဲကြီး ထည့်သွင်းနေရာချထားတဲ့ ထမင်းစားခန်းတွေလည်း ပါရှိပါတယ်။ ဒါ့အပြင် လူတစ်ရပ်လောက်ရှိတဲ့ တန်ဖိုး​ကြီး မာဘယ်ရုပ်ထုကြီးတွေ၊ ကြေးသွန်းရုပ်တုတွေနဲ့ အိမ်ခန်းတွေကို အလှဆင်ထားတာကိုလည်း တွေ့ရပါတယ်။ 

 Mannat အိမ်ကြီးမှာ ခမ်းနားကြီးကျယ်တဲ့ အိပ်ခန်းကြီးတွေ၊ ရင်သပ်ရှု့မောဖွယ် Decorations တွေအပြင် လက်ဝှေ့ကစားကွင်း၊ တင်းနစ်ကွင်း၊ လှပခမ်းနားတဲ့ ရေကူးကန်ကြီးနဲ့ ကိုယ်ပိုင် Gym ပါ ပိုင်ဆိုင်ထားပါသေးတယ်။ 



အိမ်ရဲ့ပတ်ဝန်းကျင်ဆိုရင်လည်း ပင်လည်ကို မျက်နှာမူထားတဲ့အိမ်ဖြစ်လို့ နေ့ရက်တိုင်း Luxury Hotel ကြီးရဲ့ Sea View အခန်းမှာရောက်နေသလို နိုးထလာရမှာပါ။ ဒါ့အပြင် အေးချမ်းဆိတ်ငြိမ်ကျယ်ဝန်းတဲ့ ခြံကျယ်ကြီးလည်းရှိတာမို့ ရှာရွတ်ခန်းရဲ့ Mannat ကို နတ်ပြည်ရောက်နေသလို ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ ဇိမ်ခံအိမ်ကြီးလို့ မီဒီယာတွေက ညွှန်းဆိုထားကြပါတယ်။ 

Mannat အိမ်ကြီးဟာ  အခြား ခမ်းနားလှပါတယ်ဆိုတဲ့ ဇိမ်ခံအိမ်ကြီးတွေနဲ့ ကွဲထွက်နေပြီး တန်ဖိုးအရလည်း အဆပေါင်းများစွာကွာခြားနေရတဲ့ အကြောင်းအရင်းတွေထဲက အဓိကတစ်ခုကတော့ Mannat ဟာ ခေတ်ပေါ် သာမန် ဇိမ်ခံအိမ်ကြီးမဟုတ်သလို ရှေးခေတ်ဟောင်း Antique အိမ်ကြီးသက်သက်လည်းမဟုတ်ပါဘူး။ Mannat ဟာ ရှေးခေတ်ဗိသုကာပညာနဲ့ ခေတ်ပေါ် အီတာလျံဗိသုကာပညာတွေရဲ့ပေါင်းစပ်မှုအနုပညာတစ်ခုဖြစ်ပြီး ခေတ်မီဆန်းပြားတဲ့ Interior Design ပြင်ဆင်မှုတွေနဲ့ ရောစပ်ထားတဲ့ ဇိမ်ခံအိမ်ကြီးတစ်ဆောင်ဖြစ်နေတာပါပဲ။ Mannat ဟာ လှရုံတင်မျှမကပဲ အနှစ်သာရအပြည့်ရှိတဲ့ အနုပညာလက်ရာတစ်ခုပါ။ 



ဒီလို သတင်းကြီးတဲ့ Mannat အိမ်ကြီးကို ကိုယ်တိုင်သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့... Bandstand, Bandra (West), Mumbai, Maharashtra,  အိမ်အမှတ် – 400050, အိန္ဒိယနိုင်ငံမှာ သွားရောက်လည်ပတ်နိုင်ပါတယ်။ 

ဒီနေ့ကတော့ ရှာရွတ်ခန်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ Mannat  ဇိမ်ခံအိမ်ကြီးအကြောင်းဝေမျှပေးသွားတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေ ဆောင်းပါးများ

အလှနတ်သမီး မာရီလင်မွန်ရိုးရဲ့ လောကကြီးထဲက ထွက်ပြေးပုန်းခိုရာ ရိုးရှင်းလှပတဲ့ LOS ANGELES ဇိမ်ခံအိမ်သို့ အလည်တစ်ခေါက်

မင်းသားကြီး ဂျက်လီရဲ့ ရှန်ဟိုင်းက ဒေါ်လာ သန်း (၄၀) တန် LUXURY အိမ်​ကြီး

အာနိုးကြီးရဲ့ အမေရိကန်ဒေါ်လာ (၁၁) သန်းကျော်တန် LA ဇိမ်ခံအိမ်ကြီး

လူငယ်ခြေတက် ERLING HAALAND နေထိုင်မယ့် MANCHESTER မြို့က ဇိမ်ခံအိမ်ကြီး

Posted By : Ra Wai (ShweProperty.com)