By The Kumudra, Shweproperty.com
Updated at 17 December 2015
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အကျိုးတူတည်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေရဲ့ လက်ရှိအခြေအနေကို ဖော်ပြလိုက်ပါတယ်။
မဟာနဝရတ်တာဝါ
သည်တာဝါကတော့ အဆင့်မြင့်နံရံထိန်း လုပ်ငန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အထပ်မြင့်မှာ (၁၇) ထပ်ခွဲဖြစ်ပြီး Basement နှစ်ထပ်ပါဝင်ကာ (၁၅) ထပ်ခွဲအမြင့်နဲ့ Penthouse တို့ပါဝင်တယ်လို့ သိရပါတယ်။ အခန်းအကျယ်တွေကတော့ (၂၅၀၀) စတုရန်းပေနဲ့ (၂၆၀၀) စတုရန်းပေဆိုပြီး အစားစားရှိပါတယ်။
သည်စီမံကိန်းမှာ ရှော့ပင်းမောလ်၊ စီးပွားရေးလုပ်ငန်း၊ ရေကူးကန်၊ ဓါတ်လှေကားနဲ့ လေ့ကျင့်ခန်းစတာတွေ ပါဝင်မယ်လို့ သိရပါတယ်။ သည်စီမံကိန်းအရ (၂၀၁၇) ခုနှစ် ဇူလိုင်မှာ အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။
Atrium ကွန်ဒို
သည်ကွန်ဒိုကတော့ Basement နှစ်ထပ်ပြီးစီးကာ အထပ်အမြင့် သုံးလွှာအထိတည် ဆောက်ရေးလုပ်ငန်းတွေ စတင်ပြီလို့ သိရပါတယ်။ အခန်းအကျယ်တွေကတော့ (၁၅၀၀) စတုရန်းပေကနေ (၂၄၀၀) စတုရန်းပေအထိ အစားစား ရှိပါတယ်။ (၂၀၁၆) မှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ သည်ကွန်ဒိုမှာ ဓါတ်လှေကား သုံးစင်းပါဝင်ကာ ကားပါကင်အတွက်လည်း တစ်ခန်းကို တစ်စီခွဲစာနေရာ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
သည်စီမံကိန်းမှာ စာကြည့်တိုက်၊ ပန်းခြံ၊ ရေကူးကန် စတာတွေပါဝင်ပြီး နေထိုင်မှုအပေါ်မူတည်ကာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း ဖြည့်ဆည်းပေးမှာ ဖြစ်တယ်လို့သိရပါတယ်။
မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန စီမံကိန်းတွေကတော့ ဗဟန်းမြို့နယ်မှာ လင့်လမ်းအိမ်ရာ၊ မန္တလေးမြို့မှာ စိတ္တရမဟီ အိမ်ရာစီမံကိန်း၊ မင်္ဂလာဒုံမြို့နယ်မှာ ပုလဲအိမ်ရာစီမံကိန်း စတဲ့ အိမ်ရာစီမံကိန်းတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းအကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Perceptive
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties