By Myanmar Builders Guide, Shweproperty.com
Updated at 5 November 2019
#Unicode
တရုတ်နိုင်ငံမှအဖွဲ့တစ်ခုက Shopping Mall များတည်ဆောက်ရန်အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့်ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌဦးဇော်မင်းဝင်းကပြောကြားသည်။Shopping Mall များကိုနေပြည်တော်နှင့်မန္တလေးစသည့်ဒေသများတွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
“လက်လီလက္ကားလုပ်ငန်းနှင့်ပတ်သက်ပြီးတရုတ်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၂၅၀ လောက်ရင်းနှီးမြှုပ်နှံဖို့ရှိတယ်။ နေပြည်တော်နှင့်မန္တလေးတို့မှာ Shopping Mall ဆောက်တာတွေလုပ်သွားမှာ”ဟု၎င်းကပြောဆိုသည်။
ထို့ပြင်မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက်နိုင်ငံတကာကလည်း စိတ်ဝင်စားလျက်ရှိကြပြီးရင်းနှီးမြှုပ်နှံမှုများလာရောက်နိုင်သည့်အနေအထားရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှသိရသည်။
“ရှေ့အလားအလာက ရင်းနှီးမြှုပ်နှံမှုတွေ လာနိုင်တဲ့အနေအထားရှိပါတယ်။ အမေရိကန်နဲ့လည်းနှစ်ကြိမ်၊ သုံးကြိမ်ဆွေးနွေးတယ်။ သူတို့လုပ်နိုင်တဲ့ကဏ္ဍပေါ်မှာရင်းနှီးမြှုပ်နံဖို့ရှိတဲ့အတွက် တချို့ကလည်းရခိုင်ကိစ္စကိုထည့်ပြောတာရှိပါတယ်။
သို့သော်လာရင်းနှီးမြှုပ်နံှနိုင်အောင် ကြိုးစားလုပ်မယ်ဆိုတဲ့အနေအထားရှိပါတယ်” ဟုဦးဇော်မင်းဝင်းကပြောကြားသည်။နို်င်ငံတကာငွေရေးကြေးရေးကော်ပိုရေးရှင်း(IFC) ကလည်းမြန်မာနိုင်ငံ၏ ဝက်မွေးမြူရေးကဏ္ဍတွင်အမေရိကန်ဒေါ်လာသန်း ၈၀၀ ရင်းနှိးမြှုပ်နှံရန် ညှိနှိုင်းဆွေးနွေးထားကြောင်းလည်းသိရသည်။
#Zawgyi
တရုတ္ႏိုင္ငံမွအဖြဲ႕တစ္ခုက Shopping Mall မ်ားတည္ေဆာက္ရန္အေမရိကန္ေဒၚလာသန္း ၂၅၀ ခန္႕ရင္းနီွးျမွဳပ္ႏွံမည္ ျဖစ္ေၾကာင္းကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠဌဦးေဇာ္မင္းဝင္းကေျပာၾကားသည္။Shopping Mall မ်ားကိုေနျပည္ေတာ္ႏွင့္မႏၱေလးစသည့္ေဒသမ်ားတြင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ယင္းအသင္းခ်ဳပ္ထံမွ သိရသည္။
“လက္လီလကၠားလုပ္ငန္းႏွင့္ပတ္သက္ၿပီးတရုတ္နုိင္ငံက အေမရိကန္ေဒၚလာသန္း ၂၅၀ ေလာက္ရင္းႏွီးၿမွဳပ္ႏွံဖုိ႕ရွိတယ္။ ေနျပည္ေတာ္ႏွင့္မႏၱေလးတုိ႕မွာ Shopping Mall ေဆာက္တာေတြလုပ္သြားမွာ”ဟု၎ကေျပာဆုိသည္။
ထုိ႕ျပင္ျမန္မာႏုိင္ငံတြင္လာေရာက္ရင္းႏွီးၿမွဳပ္ႏွံရန္အတြက္ႏုိင္ငံတကာကလည္း စိတ္ဝင္စားလ်က္ရွိၾကၿပီးရင္းႏွီးၿမွဳပ္နွံမႈမ်ားလာေရာက္ႏုိ္င္သည့္အေနအထားရွိေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ထံမွသိရသည္။
“ေရွ႕အလားအလာက ရင္းႏွီးျမွဳပ္ႏွံမႈေတြ လာႏုိင္တဲ့အေနအထားရွိပါတယ္။ အေမရိကန္နဲ႕လည္းႏွစ္ၾကိမ္၊ သုံးၾကိမ္ေဆြးေႏြးတယ္။ သူတုိ႕လုပ္နုိင္တဲ့က႑ေပၚမွာရင္းႏွီးျမွဳပ္ႏံဖုိ႕ရွိတဲ့အတြက္ တခ်ိဳ႕ကလည္းရခုိင္ကိစၥကိုထည့္ေျပာတာရွိပါတယ္။
သို႕ေသာ္လာရင္းႏွီးၿမွဳပ္ႏံွနုိင္ေအာင္ ၾကိဳးစားလုပ္မယ္ဆုိတဲ့အေနအထားရွိပါတယ္” ဟုဦးေဇာ္မင္းဝင္းကေျပာၾကားသည္။ႏုိ္္င္ငံတကာေငြေရးေၾကးေရးေကာ္ပုိေရးရွင္း(IFC) ကလည္းျမန္မာႏုိ္င္ငံ၏ ဝက္ေမြးျမဴေရးက႑တြင္အေမရိကန္ေဒၚလာသန္း ၈၀၀ ရင္းနွိးၿမွဳပ္ႏွံရန္ ညွိႏႈိင္းေဆြးေႏြးထားေၾကာင္းလည္းသိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties