By Aye Sandar, Shweproperty.com
Updated at 18 February 2021
မြေ အမျိုးအစားတွေ အကြောင်း ဗဟုသုတ အနေနဲ့ သိထားသင့်ပါတယ်။ မြန်မာ နိုင်ငံမှာ မြေနှင့် သက်ဆိုင်တဲ့ ဥပဒေပေါင်း (၄၀) ကျော် (၅၀) နီးပါး ရှိပါတယ်။ အဲဒီ ဥပဒေများကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းနဲ့ ဦးစီးဌာနပေါင်း (၂၀) ကျော်က ကိုင်တွယ် ကျင့်သုံးနေပါတယ်။ မြေအမျိုးအစားအလိုက် ကိုယ်ဌာနနဲ့ကိုယ် သတ်မှတ်ထားမှုတွေ ရေတွက်ရရင် အများကြီးပါ။ ဒါပေမဲ့ မြေစာရင်း လက်စွဲ ဥပဒေမှာတော့ စိုက်ပျိုးမြေနှင့် စိုက်ပျိုးခြင်း မပြုသော အခြားမြေများလို့ အဓိက (၂) မျိုးသာ ခွဲပါတယ်။ စိုက်ပျိုးမြေထဲမှာ လယ်ယာ၊ ကိုင်းကျွန်း၊ ဓနိ၊ ဥယျာဉ်၊ တောင်ယာ စသည်ဖြင့် လည်းကောင်း၊ စိုက်ပျိုးခြင်း မပြုတဲ့ မြေများကို အခြားမြေ (အိုအေမြေ) များအဖြစ် လည်းကောင်း ခေါ် ဆိုကြပါတယ်။ (OA )မြေမှာ - ၁။ ရွာမြေ ၂။ သုသန်မြေ ၃။ သာသနာ့မြေ ၄။ လမ်းမြေ ၅။ တာတမံမြေ ၆။ မီးရထားလမ်းမြေ ၇။ တူးမြောင်းမြေ ၈။ ရေကန်နှင့် ကန်ပေါင်းများ ၉။ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း ၁၀။ မစိုက်ပျိုးနိုင်သော မြေလွတ် မြေရိုင်း ၁၁။ သစ်တောကြိုးဝိုင်းမြေ ၁၂။ စားကျက်မြေ ၁၃။ အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် သီးသန့်ထားသောမြေ ၁၄။ ယဉ်ကျေးမှုနှင့် ရှေးဟောင်း နယ်မြေ ၁၅။ ချောင်း၊ အင်းနှင့် ရေလွှမ်းသော အခြားမြေများလို့ ခွဲခြားထား ပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာနမှ နှစ်စဉ်ကောက်ယူ ပြုစု ထုတ်ပြန်တဲ့ ရာသီဥတုနှင့် ကောက်ပဲသီးနှံ အစီရင်ခံစာ (ရာကောက်) များအနက် ရာကောက် (၂) ဟု ခေါ်တွင်သော နိုင်ငံအတွင်း အသုံးချလျှက်ရှိသည့် မြေများကို မြေအမျိုးအစားအလိုက် ခွဲခြား ဖော်ပြသောစာရင်းတွင် မြေအမျိုးအစားပေါင်း (၂၂) မျိုးအဖြစ် စာရင်းပြုစုလျက် ရှိပါတယ်။ လယ်ယာစိုက်ပျိုးမြေအဖြစ် အကျုံးဝင်သော.. ၁။ လယ် ၂။ ယာ ၃။ ကိုင်းကျွန်း ၄။ ဓနိ ၅။ ဥယျာဉ် ၆။ တောင်ယာမြေ ၇။ မြေနုကျွန်းမြေ အထက်ပါ မြေအမျိုးအစားများကို ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်နှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဗဟိုလယ်မြေ စီမံခန့်ခွဲမှု အဖွဲ့တို့က စီမံ ကိုင်တွယ်လျှက် ရှိပါတယ်။ ၈။ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ ၉။ တောရိုင်းမြေများကိုတော့ ၂၀၁၂ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်က စီမံကိုင်တွယ် ကျင့်သုံးပါတယ်။ ၁၀။ သတ္တုတွင်းမြေနှင့် ရေနံမြေ ၁၁။ သစ်တောမြေများ အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ သတ္တုတွင်း ဥဒေနှင့် ၂၀၁၈ သစ်တောဥပဒေများ အရ စီမံဆောင်ရွက်ပါတယ်။ ၁၂။ မြို့မြေ ရွာမြေများ ၁၃။ သာသနာ သုသန်နှင့် ယဉ်ကျေးမှု မြေနဲ့ အခြားအဆောင်အဦးမြေများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က မြို့နှင့် ကျေးရွာမြေများ ဥပဒေအရလည်းကောင်း၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီများက ဆိုင်ရာဥပဒေများအရ လည်းကောင်း ကိုင်တွယ်ပါတယ်။ ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီများကလည်း ဆိုင်ရာမြို့တော် စည်ပင်သာယာရေး ဥပဒေများအရ နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်ရှိ မြေများကို စီမံကွပ်ကဲပါတယ်။ ၁၄။ စားကျက်မြေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက မြေနှင့်အခွန်တော် ဥပဒေများနှင့်အညီ စီမံဆောင်ရွက်သလို စိုက်မွေးဆည်ဝန်ကြီးဌာနနဲ့လည်း သက်ဆိုင်နေပါတယ်။ ၁၅။ ဆည်မြောင်း ကန် တာတမံမြေ ၁၆။ အင်းအိုင်စသည့် မြေများ၊ ငါးမွေးမြူရေး၊ ကန်မြေများကို စိုက်မွေး ဆည်ဝန်ကြီးဌာနမှ ဆည်မြောင်းဥပဒေ၊ တာတမံဥပဒေ၊ ရေချိုငါးလုပ်ငန်း ဥပဒေ၊ ငါးမွေးမြူရေး ဆိုင်ရာ ဥပဒေများအရ စီမံကိုင်တွယ်ပါတယ်။ ၁၇။ မြစ်ချောင်းနှင့် ရေအောက်မြေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအဖြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ စီမံပါတယ်။ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရးဝန်ကြီးဌာနအနေဖြင့် ၁၈။ မီးရတားမြေ ၁၉။ လေယာဉ်ကွင်းမြေ တို့ကိုလည်း မီးရ ထားဥပဒေ၊ လေကြောင်းသယ်ယူ ပို့ဆောင်ရေး ဥပဒေများအရ စီမံကိုင်တွယ်ပါတယ်။ ၂၀။ လမ်းတံတားမြေများကို လမ်းမကြီးများ ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ပါတယ်။ ၂၁။ စက်ရုံမြေများကိုတော့ သက်ဆိုင်ရာဝန်ကြီး ဌာနက ဆိုင်ရာဥပဒေအရ ကိုင်တွယ်ပါတယ်။ ၂၂။ အမျိုးအစား ခွဲခြားခြင်း မပြုသည့် မြေများကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနမှ စီမံနေပါတယ်လို့ဘဲ အကျဉ်းချုပ် ဖြေကြားပါရစေ။ (ဆရာဦးဇော်မင်းပြောကြားထားသည်များကို ဖော်ပြထားခြင်းဖြစ်သည်) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ပလပ်မြေ ၊ မြေလပ်ဟူသည်မှာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက် ဝယ်မည်ဆိုက သတိထားရမည့်အချက်များ မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့် မြေချပါမစ် ခေါ် မိသားစုပုံနှင့်တကွ ထုတ်ပေးသော စာရွက်အကြောင်း Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties