By Wut Yee Htun (ShweProperty.com), Shweproperty.com
Updated at 21 February 2018
Shwe Property က လစဉ်ကျင်းပပေးနေကျဖြစ်တဲ့ 6th Affordable Housing Expo ကို ဖေဖော်ဝါရီလ (၂၄) ၊ (၂၅) ရက်နဲ့ (၂၆) ရက်နေ့တွေမှာ လှည်းတန်းစင်တာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တန်ဖိုးသင့် အိမ်ရာ အရောင်းပြပွဲတွေကို Shwe Property က လစဉ်လတိုင်းကျင်းပပေးနေကျဖြစ်ပြီး ဒီတစ်ပွဲဟာ Shwe Property ရဲ့ ရိုးရာမပျက်ထပ်မံကျင်းပမယ့် ပြပွဲတစ်ခုလည်း ဖြစ်ပါတယ်။
တန်ဖိုးသင့်အိမ်ရာ ပရောဂျက်ပေါင်း (၁၅၀) ကျော်ကို စုစည်းပြသသွားမယ့် ဒီပြပွဲမှာ တစ်ခြားပြပွဲတွေနဲ့ မတူညီတဲ့ အချက်ကတော့ အိမ်ရာချေးငွေထုတ်ချေးပေးဖို့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ဘဏ်များကလည်း ပါဝင်သွားမှာဖြစ်ပြီး ကျပ်သိန်း (၁၀၀) ကျော်တန်ဖိုးရှိတဲ့ အိမ်ခန်းတွေကနေ စတင်ပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်စုံက ပရောဂျက်တွေအပြင် မုံရွာမြို့ရဲ့ မုံရွာနန္ဒဝန်အိမ်ရာစီမံကိန်းလည်း ဒီပြပွဲမှာ ပါဝင်ဦးမှာပါ။
ရန်ကုန်မြို့ရဲ့ အရည်အသွေးမြင့်အိမ်ရာတွေများစွာ စုစည်းပြီး နှစ်တို၊ နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ အိမ်ရာ ဝယ်ယူနိုင်အောင် စီစဉ်ထားပါတယ်။ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုဒ်နဲ့ အိမ်ခြံမြေပြပွဲကျင်းပရေး အဖွဲ့ ဖြစ်တဲ့ Shwe Property.com အနေနဲ့ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲများ၊ Luxury Condo အရောင်းပြပွဲများကို ဆက်တိုက်ကျင်းပပေးနေတာပါ။
“ရန်ကုန်မှာ လာရောက်အလုပ်လုပ်တဲ့သူတိုင်း အိမ်ပိုင်ရရှိရေး ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောခဲ့တာလည်း ရှိပါတယ်။။ ရန်ကုန်မှာ တန်းဖိုးနည်းအိမ်ရာ လိုအပ်နေတဲ့ လူဦးရေ(၂)သိန်းကျော် လောက်ရှိပါတယ်။ Shwe Property အနေနဲ့ နိုင်ငံတော်ရဲ့ လိုအပ်ချက်တစ်ခုကို တစ်ဖက်တစ်လမ်းက ကူညီဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒနဲ့ ကျွန်မတို့တွေ တန်ဖိုးသင့်အိမ်ရာအရောင်း ပြပွဲတွေ ဆက်တိုက်ကျင်းပ ပေးနေတာပါ။ ထပ်မံပြီးတော့လည်း တစ်ခြားထူးခြားတဲ့ အစီအစဉ်တွေနဲ့ အိမ်ရာဝယ်ယူချင်တဲ့သူတွေကို ကူညီပေးဖို့အတွက် စီစဉ်ရေးဆွဲပြီးတော့ မကြာမီကာလအတွင်း ချပြပေးသွားဦးမှာပါ” လို့ Shwe Property ၏ Vice President of Sales ဖြစ်သူ Ma Dolly က ဆိုပါတယ်။
ပြပွဲမှာ ထူးခြားတဲ့ ငွေပေးချေမှုပုံစံတွေ၊ အတိုးမဲ့အရစ်ကျစနစ်တွေ၊ အသက်သာဆုံး အိမ်ရာဈေးနှုန်းတွေနဲ့ အလွယ်တကူ ရှာဖွေရလွယ်ကူအောင် စီစဉ်ပေးထားပါတယ်။ ပါဝင်မယ့် ပရိုမိုးရှင်းအစီအစဉ်တွေကတော့ iPhone X, အိမ်ခန်းတွင်း ပရိဘောဂပစ္စည်းများ လက်ဆောင်ပေးခြင်း၊ နှစ်ရှည်အရစ်ကျစနစ်နဲ့ ပုံမှန်ဝင်ငွေ ရှိသူတိုင်း အိမ်ရာဝယ်ယူနိုင်ခြင်းအစီအစဉ်၊ အထူးလျော့ဈေးအစီအစဉ်တွေနဲ့ ထူးခြားတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေ များစွာပါဝင်ပါတယ်။
(၆)ကြိမ်မြောက် အနေနဲ့ ကျင်းပမယ့် အဆိုပါအိမ်ရာအရောင်းပြပွဲဟာ ပြီးခဲ့တဲ့ လတွေမှာ ကျင်းပခဲ့တဲ့ အိမ်ရာအရောင်းပြပွဲတွေမှာ အကြိုက်မတွေ့ခဲ့တဲ့ အိမ်ရာရှာဖွေနေသူ Customer တွေအတွက်လည်း ရည်ရွယ်ထားပါတယ်။
Written By : Wut Yee Htun (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties