By ကိုတိုးကြီး(မုံရွာ), Shweproperty.com
Updated at 5 August 2013
ရတနာသိင်္ခဧရာဝတီမြစ်ကူးတံတားကို ယခုလ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီးနောက် ရွှေဘိုဒေသတွင် အိမ်ခြံမြေဈေးနှုန်း များ နှစ်ဆခန့် တက်လာခဲ့သည်။ တံတားဖွင့်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းလာခြင်း နှင့်မြို့သစ်တည်မည့် စီမံကိန်းကြောင့် စီးပွားရေးသမားများ ဝယ်ယူလာပြီး ဈေးနှုန်းနှစ်ဆခန့်တက်ခဲ့သည် ဟု ကျောက်မြောင်းမြို့နယ်ခွဲရှိ စဉ့်ထည်လုပ်ငန်းရှင် ဦးတင်က ပြောသည်။
မန္တလေး၊ မြစ်ကြီးနား ကုန်သည်များအတွက် ရွှေဘို၊ ကျောက်မြောင်းဒေသသည် ကုန်စည်များ ခေတ္တ သိုလှောင်ရာ ကြားစခန်းအဖြစ် ရွေးချယ်လာခဲ့မှုကြောင့်လည်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရ ခြင်းဖြစ်ကြောင်း ဈေးကွက် သတင်းများအရ သိရှိရသည်။
ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ရွှေဘို- ကျောက်မြောင်း ကားလမ်းဘေးရှိ ပေ ၈၀x ၆၀ မြေကွက်၏ ယခင် ပေါက်ဈေးမှာ ကျပ်သိန်း ၇၀ ဝန်းကျင်ခန့်ရှိခဲ့သော်လည်း ယခုအခါ ကျပ်သိန်း ၁၅၀ ခန့်အထိ ဈေးနှုန်းမြင့်တက်လာ ခဲ့သည်ဟု ရွှေဘိုမြို့ခံ အိမ်ခြံမြေရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်မိုးက ပြောသည်။
“ဝယ်ယူချင်တဲ့သူကများပြီး ရောင်းမယ့်သူက မရှိသလောက်ရှားပါးနေတာကြောင့် ဈေးနှုန်းမြင့်တက် လာရတာဖြစ် နိုင်ပါတယ်။ငွေကြေးတတ်နိုင်တဲ့သူတွေကလည်း လှောင်ဝင်းဆိုပြီး ဝယ်ယူနေတဲ့အတွက် ဈေးတက်လာရပါတယ်” ဟု ရွှေဘိုမြို့နယ်၌ ခြံမြေဝယ်ယူရန် မြစ်ကြီးနားမြို့မှ ရောက်ရှိနေသူ ဒေါ်ဂျာဒါးက ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တည်ဆောက်ဆဲ ကာလတွင် ရွှေဘိုမြေငလျင်ဒဏ်ကြောင့် ရတနာသိင်္ခတံတား ပြိုကျ ပျက်စီးမှုဖြစ်ခဲ့သည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties