By EMG, Shweproperty.com
Updated at 29 October 2013
ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်က ပြောကြားသည်။
"ကန်တော်ကြီးကလည်း ရွှေတိဂုံစေတီတော် ကန့်သတ်နယ်မြေထဲမှာ ပါပြီးသားပါ။ ကန်တော်ကြီးရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ အခုတိရစ္ဆာန် ဥယျာဉ်ကိုပါ ထပ်သတ်မှတ်ခြင်းအားဖြင့် တစ်ဆပ်တစ်စပ်တည်း ဖြစ်သွားအောင်လို့ပါ" ဟု ဦးမောင်မောင်ဇော်က ပြောကြားသည်။
ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအတွင်း အထပ်မြင့် ဆောက်လုပ်ခွင့် ကန့်သတ်ကာ ဆောက်လုပ်မည့် အဆောက်အအုံများသည့် အမြင့် ၆၂ ပေထက် မပိုရကြောင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်မည် ဆိုပါက အဆောက်အအုံ အမြင့်သည် ရွှေတိဂုံ စေတီတော်ကြမ်းပြင် (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀) ထက် မကျော်လွန်စေရန် သတ်မှတ်ထားပြီး ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာ ပြင်ပတွင်ဖြစ်ပါက မည်သည့်အဆောက်အအုံမျှ စေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း (ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၄၁၇ ပေ) ထက် မကျော်စေရန် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
ယခု ထပ်မံတိုးချဲ့သည့် တိရစ္ဆာန်ဥယျာဉ် ပတ်ဝန်းကျင် မပါဝင်မီ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာသည် မြောက်ဘက်တွင် ဓမ္မစေတီလမ်းနှင့် ရှင်စောပုလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း-မြို့ပတ်ရထားလမ်း-ရွှေတိဂုံဘုရား လမ်းဆုံမှ ယောမင်းကြီးဦးဖိုးလှိုင်လမ်း၊ အရှေ့ဘက်တွင် အလံပြ ဘုရားလမ်း-တိရစ္ဆာန်ဥယျာဉ်လမ်း-ကန်လမ်း-စက်ရုံလမ်း-နတ်မောက်လမ်း-ကမ္ဘာအေး စေတီလမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်းတို့အထိ အကျုံးဝင်သည်ဟု သိရသည်။
ယင်းသို့ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ သတ်မှတ်ထားသည့်ကြားမှ ကန့်သတ်ဧရိယာအတွင်း ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်း၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် ၁၀ ထပ်တိုက် (မြေအောက် ၁ ထပ် ကားပါကင်) ပါဝင်သည့် အဆောက်အအုံ ဆောက်လုပ်ရန်နှင့် မြေတိုင်းအမှတ် ၂၀ အေ၊ ဗဟန်းမြို့နယ်တွင် ၂၂ ထပ် (Commercial Complex) ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး တင်ပြလာခြင်းတို့အား ကန့်သတ်ဧရိယာတွင် ဖြစ်နေ၍ ဆောက်လုပ်ခွင့် မပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့သည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties