By နန်းမြင့်, Shweproperty.com
Updated at 30 October 2013
ပိတ်ထားသည့်လမ်းများပြန်ဖွင့်ပြီး ကားကြီးများပါ သွားလာနိုင်ပြီ
ခုံးကျော်တံတား စီမံကိန်းများတွင် တစ်ခု အပါအဝင်ဖြစ်သော ရွှေဂုံတိုင်ခုံး ကျော်တံတား တည်ဆောက်ရေးလုပ်ငန်း များ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ပြီး သတ်မှတ်ထားသည့် ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမည် ဖြစ်သည်ဟု တံတားတည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးကျော်နိုင်လင်းက အောက် တိုဘာ၂၉တွင် မဇ္ဈိမကို ပြောသည်။
ယင်းသို့ တည်ဆောက်လုပ်ငန်းများ ကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းမှ စတင်ကာ ကားကြီးများ သွားလာခွင့် ပိတ်ထားခဲ့ပြီး အောက်တိုဘာ၂၇ရက်မှစတင် ပြီး ပြန်လည် အသုံးပြု၍ ရနိုင်ပြီဖြစ်သည်။
ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ တတိယပတ်အထိ လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ တံတား တည်ဆောက်ရေးအတွက် အဆိုပြုထား သည့် ခန့်မှန်းကုန်ကျငွေငွေမှာ ကျပ် ၁၇ ဒသမ ၄၄ ဘီလီယံ ဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားသည့် ငွေ ကြေးမှာ ကျပ် ၁၃ ဒသမ ဝ၈ ဘီလီယံ ဖြစ်သည်။
ဦးကျော်နိုင်လင်းက ''အခု ၉ဝ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီဖြစ်တယ်။ ဆေးသုတ် ဖို့နဲ့ ကတ္တရာခင်းဖို့ဘဲ ကျန်တော့တယ်'' ဟု ပြောသည်။ ဦးကျော်နိုင်လင်းက ''ပိတ်ထားတဲ့ လမ်းတွေ အောက်တိုဘာလ၂၇ရက် မနက် ကတည်းက ကားကြီး၊ ကားငယ်အကုန် သွားလို့ရပြီ ဖြစ်တယ်''ဟု ပြောသည်။
ရွှေဂုံတိုင်ခုံးကျော်တံတားကို Capital Development Co.ltd မှ တည်ဆောက်ခြင်း ဖြစ်သည်။
တက္ကစီ ယာဉ်မောင်းအမျိုးသားတစ် ဦးက ''ရွှေဂုံတိုင်မှာ လမ်းတွေ ပြန်ဖွင့်ပါ ပြီ။ ရွှေဂုံတိုင်မီးပွိုင့်က လမ်းတွေ ပိတ်တာ တော့ မရှိတော့ဘူး။ ရွှေဂုံတိုင်တံတားပြီး သွားရင် နောက်ပိုင်းအခြေအနေတွေ ကောင်း သွားမှာပါ''ဟု ပြောသည်။
ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှု များ ပြေလည်စေရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး လမ်းဆုံများ ဖြစ် သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်လမ်းဆုံတို့ကို ခုံးကျော်တံတားများ ဆောက်လုပ်ခဲ့ပြီး လှည်းတန်းခုံးကျော် တံတားကို ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီလတွင် ပန္နက်တင်၍ စတင် တည်ဆောက်ခဲ့ပြီး ဧပြီလ၁ဝရက် ယာဉ်များ စတင်သွားလာ နိုင်သည်။
ဆောက်လုပ်ဆဲခုံးကျော်တံတားများ မှာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံ တားတို့ ဖြစ်သည်။ ဘုရင့်နောင်ခုံးကျော် တံတားကို ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းမှ စတင် တည်ဆောက်ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီလမှ အသုံးပြုနိုင်မည်ဟု သိရသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties