By Builders Guide, Shweproperty.com
Updated at 11 January 2018
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်ငွေကျပ်သိန်း ၂ဝစုဆောင်းထားသူများအား တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများဝယ်ယူရန် လျှောက်ထားခွင့်ပြုလိုက်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ် စုဆောင်းထားရှိသူများအနက် ငွေကျပ် သိန်း ၂ဝနှင့်အထက် စုဆောင်းငွေရှိသူများကိုရောင်းချပေးမည်ဖြစ်သည့်အတွက် တိုက်ခန်းဝယ်ယူလိုသူများအနေဖြင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဝယ်ယူလျှောက်ထားခွင့်ပြုသည့်အိမ်ရာများမှာ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာနှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ကနောင်တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများဖြစ်သည်။
ငွေကျပ် သိန်း ၁ဝဝတန်တိုက်ခန်းဝယ်ယူမည်ဆိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုးအနက်ငွေကျပ် သိန်း၂ဝ ပထမဦးဆုံး ပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို ရှစ်နှစ်မှ ၁ဝနှစ်အတွင်း အရစ်ကျ ငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
ယင်းအိမ်ရာဝယ်ယူလိုသူများအနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဖုန်း ဝ၁-၃၉၂၅၂၄၊ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဖုန်း ဝ၉၇၇၁ဝ၄၉၆၂၇ နှင့် ဝ၁-၃၇၁၈၅၆ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အား ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲလေးခု၊မန္တလေး၊နေပြည်တော်၊မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် ဘဏ်ခွဲများဖွင့်လှစ်ထားကြောင်း သိရသည်။
Ref & Photo Credit : Myawaddy & Builders Guide
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties