By MOI Webportal Myanmar, Shweproperty.com
Updated at 11 February 2016
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ရွှေမြင့်မိုရ်ပတ်လမ်းရှိ ဘောလုံးကွင်း၌ တည်ဆောက်လျက်ရှိသော ရွှေလင်ပန်း စက်မှုဇုန်အလုပ် သမားများ နေထိုင်နိုင်ရန် ငါးလွှာတိုက်ခန်းများကို တည်ဆောက်လျက် ရှိရာ ဖေဖော်ဝါရီလကုန်တွင် တိုက် ၁၂ လုံး၏တိုက်ခန်းပေါင်း ၇၂ဝ ကို အပ်နှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ငါးလွှာတိုက်ခန်းလေးလုံးအား ပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကုမ္ပဏီနှစ်ခုတို့က ငါးလွှာ တိုက်ခန်းရှစ်လုံးကို ယခုလကုန်တွင် စက်မှုဇုန်စီမံခန့်ခွဲရေးရုံး သို့ ပေးအပ် နိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ နေရာ၌ ကုမ္ပဏီငါးခုမှ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး တစ်ထပ်ချင်း၌ အခန်းပေါင်း ၁၂ ခန်းပါရှိပြီး ၁၈ ပေပတ်လည်တွင် ရေချိုးခန်းနှင့် သန့်စင်ခန်းတွဲလျက်ပါ ရှိသော ဟောတိုက်ပုံစံဖြစ်ကြောင်း သိရသည်။ ငါးလွှာတိုက် ၁၂ လုံး၏ တိုက်ခန်းပေါင်း ၇၂ဝ အား ရေနှင့် လျှပ်စစ်မီးတပ်ဆင်ပြီးစီးပါက အလုပ် သမားများကို မေလတွင်စတင် နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးတာဝန်ခံ ဦးညွန့်ဝင်းက ပြောကြားသည်။
''တန်ဖိုးနည်းအိမ်ရာကို ၂ဝ၁၄ မှာ မြောက်ဒဂုံမြို့နယ်အတွင်း စတင် တည်ဆောက်ခဲ့ပါတယ်။ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ် ဆိုရင် မြေကွက်ချပေးတာထက်အသင့်နေထိုင်နိုင်တဲ့ အိမ်ရာကို တည်ဆောက်ပေးတာဟာ အကျိုးရှိတယ်လို့ ယူဆပါတယ်။ ဒီမှာ ငါးလွှာတိုက် ၂၄ လုံးအတွက် အခန်းပေါင်း ၁၄၄ဝ နဲ့တစ်ခန်းကို အလုပ် သမား ငါးဦးနှုန်းနဲ့ တွက်မယ်ဆိုရင် လူဦးရေ ၇၂ဝဝ နေထိုင်နိုင်တော့မှာပါ။ အခုဆောက်နေတဲ့ကုမ္ပဏီ ငါးခုမှာ နှစ်ခုက ၉၅ ရာခိုင်နှုန်း ပြီးစီးနေပါပြီ'' ဟုဆိုသည်။
Ref : MOI Webportal Myanmar
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties