By Shweproperty.com, Shweproperty.com
Updated at 13 October 2015
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိရွှေ လင်ပန်းတန်ဖိုးနည်းအိမ်ရာမှ အခန်းများကို ရှစ်နှစ်အရစ်ကျဖြင့် ဝယ်ယူခွင့်ရရှိသူများစာရင်းကိုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနကအောက်တိုဘာလ ၂ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဝယ် ယူခွင့်ရ ရှိသူများသည်ယခုလအတွင်းစာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်းသိရသည်။ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာအပိုင်း -၁ မှ အခန်းပေါင်း ၇၅၆ ခန်းကို ပုံစံသုံးမျိုးဖြင့်ရောင်းချခဲ့ရာ ရှစ်နှစ်အရစ် ကျဖြင့် ဝယ်ယူရန်လျှောက်ထားသူ ၃၀၉ ဦးထဲမှ ၂၆၁ ဦးမှာ ဝယ်ယူခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ လျှောက်ထားတဲ့ထဲက ကျန်ခဲ့တဲ့ ၄၉ ယောက်ကို လိုတာစိစစ်ပြီး ပြန်တင် ခိုင်းထားတယ်။ သူတို့တစ်တွေလည်း ဝယ်ယူခွင့်ရမှာပါ။ လောလောဆယ် ဝယ် ယူခွင့်ရထားတဲ့သူတွေက ဒီလ ၇ ရက်က နေ ၁၅ရက် အထိဘဏ်နဲ့ စာချုပ်ချုပ်နိုင် ဖို့ ပြင်ဆင်ရမယ်။ စာချုပ်ချုပ်ပြီးရင် အိမ် လက်ဝယ်အပ်မှာပါဟု ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၊ မြို့ပြစီမံကိန်းနှင့် အိမ်ရာဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။ လက်ရှိရောင်းချပေးသည့် အခန်း ပေါင်း ၇၅၆ခန်းတွင် အခန်းပေါင်း၂၀ဝ ကျော်ကိုလေးလ၊ လေးရစ်စနစ်ဖြင့် ရောင်း ချခဲ့ပြီးဖြစ်ရာလက်ရှိတွင် အခန်းပေါင်းငါးရာကို ရောင်းချပြီးဖြစ်ကာကျန် အခန်း များကိုလည်း လျှောက်ထားသူများထဲမှ စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်၊ ရောင်းချပေးသည့် အခန်း များက ို ပြည်သူလူ ထူ အု ားလုံး သ့ ို ရောင်း ချ ပေးခြင်းဖြစ်ပြီး နိုင်ငံဝန်ထမ်း လုပ်သက် နှစ် ၃၀၊ နှစ် ၂၀ ရှိသူများကို ဦးစားပေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Shwerproperty.com
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties