By Kumudra, Shweproperty.com
Updated at 22 July 2017
တန်ဖိုးသင့်အိမ်ရာ စိတ်ဝင်စားသူတွေအတွက် ကျပ်သိန်း ၁၅၀ လောက်ကစတဲ့ မြို့နယ်စံ ုဒုတိယအကြိမ် အိမ်ရာပြပွဲကို ဇူလိုင်လ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ လှည်းတန်းစင်တာမှာ ပြုလုပ်ပါမယ်။
နံနက် ၉းဝ၀ နာရီက ညနေ ၆းဝ၀ နာရီအထိ ပြုလုပ်မှာပါ။ အိမ်ရာစီမံကိန်းပေါင်း ၁၀ဝ လောက်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင် ၂၀ က ပါဝင်ပြသမှာဖြစ်ပါတယ်။ မြို့ နယ်စုံ၊ နေရာစုံက အိမ်ရာတွေ ပါဝင်မှာပါ။
Shweproperty.com ရဲ့ Media Manager ကိုစည်သူဖြိုးက “ပထမပွဲတုန်းက အခန်း ၂၀ဝ ကျော် ရောင်းချနိုင်ခဲ့ပါတယ်၊ ဒါကြောင့် ဒုတိယအကြိမ် ပြုလုပ်တဲ့ပွဲကိုလဲ လူ ၂၀ဝဝ၊ ၃၀ဝ၀ လောက် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်၊ ခုဆိုရင်တောင်မှ အွန်လိုင်းက ရီဂျစ်စတာလုပ်သူတွေလဲ တော်တော်များများ ရှိနေပါပြီ၊ဒါ ကြောင့် ဒီပွဲမှာလဲ ကျွန်တော်တို့အနေနဲ့ ရောင်းချနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်”လို့ ပြောပါတယ်။
သက်ဆိုင်ရာကုမဏီတွေက သူတို့ရဲ့ ပရောဂျက်တွေကို အထူးအစီအစဉ်အနေနဲ့ ရောင်းချကြမှာ ဖြစ်ပါတယ်။ အရစ်ကျတွေနဲ့ အ ပြိုင်အဆိုင်ပေးနိုင်ဖို့ လုပ်ထားပါ တယ်။ တချို့ကုမဏီတွေဆိုရင် ပြပွဲအတွင်း ဝယ်ယူသူတွေကို ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း Discount ပေးတာ တွေ ရှိပါတယ်။ အရစ်ကျကိုတော့ အနည်းဆုံး သုံးနှစ်ကနေ ၁၅ နှစ်အထိရှိနိုင်ပါ တယ်။ ချေးငွေနဲ့ ဝယ်ယူနိုင်ဖို CHD ဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ ချေးငွေရနိုင်အောင် လုပ်ပေးထားပါတယ်။ ဒါ့အပြင် လက်ရှိမှာ တခြားဘဏ်တွေနဲ့လည်း ချေးငွေယူနိုင်အောင် ဆွေးနွေးနေတာတွေရှိတယ်လို့ ဆိုပါတယ်။
ပထမဆုံးအိမ်ရာအရောင်းပြပွဲက ဇွန် ၃၀ က ဇူလိုင် ၂ ရက်အထိ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့ ပါတယ်။ အိမ်ရာစီမံကိန်း ၁၅၀ ကျော်ကို တစ်နှစ်က ၁၅ နှစ်အတွင်း အရစ်ကျစနစ်တွေ ၊ အထူးလျှော့ဈေးတွေနဲ့ ရောင်းချခဲ့တယ်။ ကျပ်သိန်း ၁၀ဝ ကနေ ၁၀ဝ၀ အတွင်း အိမ်ရာစီမံကိန်းတွေကို ပြသ ခဲ့တယ်။ မြန်မာကျပ်ငွေ ၂၃ ဘီလျံဖိုး ရောင်းချပေးနိုင်ခဲ့ပါတယ်။ လစဉ်ဝင်ငွေ ၅၀ဝ,ဝဝဝ က နေ ၁၅ သိန်းဝန်းကျင်ရှိတဲ့လူတွေက ပိုစိတ်ဝင်စားတယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties