By မဟာ, Shweproperty.com
Updated at 22 October 2020
မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော ShweProperty.com မှကြီးမှုးကျင်းပသည့် တတိယအကြိမ်မြောက် အွန်လိုင်းအိမ်ခြံမြေအရောင်း ပြပွဲကြီးကို အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိကျင်းပခဲ့ရာ အိမ်ခြံမြေဝယ်ယူရန်စိတ်ဝင်စားသူ တစ်သိန်းကျော် ဝင်ရောက်ကြည့်ရှုခဲ့ကြပြီး အခန်းပေါင်း ၄၀ကျော် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
အရောင်းပြပွဲကြီးတွင် ဝယ်ယူသူများအဆင်ပြေစွာဝင်ရောက်လေ့လာပြီး လုံခြုံစိတ်ချစွာဝယ်ယူနိုင်ရန်စီစဉ်ထားရှိခဲ့ပြီး ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုကာ အရောင်းဝန်ထမ်းများနှင့်တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးခဲ့သည်။ ဒါ့အပြင် ShweProperty Page မှ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုအစီအစဉ်များလည်းဆောင်ရွက်ပေးခဲ့သည်။ အရောင်းပြပွဲကျင်းပနေစဉ် အိမ်ခြံမြေဆိုင်ရာ၊ အိမ်ရာချေးငွေဆိုင်ရာသိရှိလိုသည်များကို ShweProperty ၏ဝါရင့်ဝန်ထမ်းများက တိုက်ရိုက်ဖြေကြားပေးခဲ့ပြီး ဝယ်ယူသူများအဆင်ပြေစွာရွေးချယ်ဝယ်ယူနိုင်ရန် အကြံဉာဏ်ပေးကူညီခဲ့ကြောင်းလည်းသိရသည်။
www.shweproperty.com မှတစ်ဆင့်ဝင်ရောက်ရသည့် အွန်လိုင်းအိမ်ရာအရောင်းပြပွဲကြီးတွင် အရောင်းဝန်ထမ်းနှင့်တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သည့် Live Chat နည်းပညာ၊ မိမိစိတ်ဝင်စားသည့် အိမ်ရာကို 360 ဒီဂရီ ပတ်ပတ်လည်ကြည့်ရှုနိုင်သည့် Virtual Tour နည်းပညာ၊ တိုက်ရိုက်အိမ်ရာချေးငွေလျောက်ထားနိုင်သည့်အစီအစဉ်၊ အထူးလျှော့ဈေးအစီအစဉ်များ၊ ဗလာမပါကံစမ်းမဲအစီအစဉ်များကိုလည်းထည့်သွင်းစီစဉ်ခဲ့ကြောင်းသိရသည်။
သာကေတမြို့နယ်ရှိတိုက်ခန်းကိုဝယ်ယူဖြစ်ခဲ့သည့် ကိုအောင်ကိုမင်းက “ ဒီလိုကိုဗစ်ကာလမှာ အပြင်ထွက်စရာမလိုဘဲ လိုင်းပေါ်ကနေ တိုက်ရိုက်ဝယ်လို့ရအောင် ဒီလိုပွဲတွေလုပ်ပေးတာ အရမ်းကောင်းပါတယ်။ ကျနော်တို့လည်း အိမ်ကနေ ဖုန်းလေးတစ်လုံးနဲ့ စိတ်ကြိုက်စုံစမ်းပြီး ဝယ်လိုက်ရုံပဲ အရမ်းအဆင်ပြေတယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့ အိမ်ကိုလည်း စိတ်ကြိုက်ရှာလို့ရတယ် ဆိုတော့ အဆင်ပြေတယ်။ရွေးချယ်စရာလည်းအရမ်းများတယ်၊ လျော့ဈေးတွေလည်းရတယ်ဆိုတော့ဝယ်ဖြစ်ခဲ့ပါတယ်။ နောက်လည်း ဒီလိုပွဲတွေ လုပ်ပေးသင့်တယ်” လို့ဆိုပါတယ်။
အရောင်းပြပွဲကြီးတွင် မြန်မာနိုင်ငံ၏ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီကြီးများစွာပါဝင်ခဲ့ပြီး ရန်ကုန်မြို့နယ်စုံမှ တိုက်ခန်းပေါင်း ၁၀၀၀ကျော်ကိုလည်း ပြသပေးခဲ့သည်။
ShweProperty ၏တည်ထောင်သူ ဦးကောင်းသူဝင်းက “ကျွန်တော်တို့ Shweproperty.com က အွန်လိုင်းနည်းပညာကို အသုံးပြုပြီး အိမ်ခြံမြေရောင်းခြင်း ၊ ဝယ်ခြင်းကိစ္စတွေကို တောက်လျှောက် အကောင်အထည်ဖော်ခဲ့ပါတယ်။ Developer ကြီးတွေအဆင်ပြေပြေရောင်းချနိုင်အောင်၊ ဝယ်ယူသူတွေအဆင်ပြေပြေဝယ်ယူနိုင်အောင်အမြဲပဲကြိုးစားနေခဲ့ပါတယ်၊ အခုလို Covid-19 ကာလမှာ ShweProperty ကနည်းပညာကိုအသုံးပြုပြီး အိမ်ရာရောင်းဝယ်ခြင်းတွေပြုလုပ်နိုင်အောင် အွန်လိုင်းအိမ်ရာအရောင်းပြပွဲတွေကိုကျင်းပနေတာဖြစ်ပါတယ်။ ဒီတစ်ခေါက် ၃ကြိမ်မြောက် အွန်လိုင်းအိမ်ရာအရောင်းပြပွဲကြီးမှာဆိုရင်လည်း အခန်း၄၀ကျော် ရောင်းရတဲ့အထိအောင်မြင်ခဲ့ ပြီးဝင်ရောက်ကြည့်ရှုသူ ၁သိန်းကျော်ရှိခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အိမ်ဝယ်သူတွေ အန္တရယ်ကင်းကင်းနဲ့ အပြင်မထွက်ဘဲ အိမ်ကနေပဲ အိမ်ဝယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်တာပါ။
နောက်ပြီးအိမ်ခြံမြေ လုပ်ငန်းရှင်တွေ အနေနဲ့လည်း နည်းပညာကိုအသုံးပြုပြီး အိမ်ခြံမြေတွေကိုရောင်းချနိုင်ဖို့အတွက် ကျနော်တို့က support လုပ်ပေးတာပါ။
ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းအများစုရဲ့လုပ်ငန်းလည်ပတ်မှုတွေ နှေးကွေးသွားပါတယ်။ ဒါပေမယ့် အိမ်ခြံမြေကဏ္ဍမှာတော့ အိမ်ဝယ်ယူမှုဆိုတာရှိနေဦးမှာပဲဖြစ်သလို ၊ အိမ်ခြံမြေရှာဖွေမှုဆိုတာလည်း ရှိနေဦးမှာဖြစ်တဲ့အတွက် ဒီကာလမှာ နည်းပညာကိုအသုံးပြုပြီး အန္တရာယ်ကင်းကင်းနဲ့ အိမ်ခြံမြေတွေကို ဘယ်လိုရှာဖွေမလဲ ၊ဘယ်လိုဝယ်ယူရမလဲ ဆိုတာကို စဉ်းစားပြီး Shweproperty Online Expo အိမ်ခြံမြေအရောင်းပြပွဲတွေကို စတင်ပြုလုပ်ရတာဖြစ်ပါတယ်။
အွန်လိုင်းကနေ ဝယ်ယူရမှာဖြစ်တဲ့အတွက် အားသာချက်တွေရှိပါတယ်။ ဘယ်နိုင်ငံကို ရောက်နေပါစေ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အိမ်ရာပရောဂျက်တွေကို ကြည့်ရှူ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ကြည့်ရှူ့တဲ့အခါမှာလည်း ဆုံးဖြတ်ချက်တွေလွယ်ကူအောင် တကယ့် selling point တွေဖြစ်တဲ့ map တွေ / location တွေ / 360 ဒီဂရီ ဓါတ်ပုံတွေကိုကြည့်ရှူ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။
ShweProperty သည် အွန်လိုင်းအိမ်ခြံမြေအရောင်းပြပွဲကြီးများ၊ အိမ်ခြံမြေလောကဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းဆွေးနွေးပွဲများကိုလည်း ပုံမှန်ကျင်းပပေးနေကြောင်းသိရသည်။
နောက်ဆုံးရ သတင်းများနှင့် ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
ဆိုလာစနစ်သုံးအိမ်ခြေလေးသိန်းကျော်ပြုပြင်ထိန်းသိမ်းရေးကို ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်မည်
ဟံသာဝတီ လေဆိပ်စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် (၈) သန်း ဝန်ဆောင်မှုပေးနိုင်မည်
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း သိကောင်းစရာများ
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties