By Shwe Kyaw, Shweproperty.com
Updated at 16 June 2020
ကမ္ဘာတဝှမ်းရှိစီးပွားရေးလုပ်ငန်း အများစု၏ယန္တာရားများကို ကိုဗစ်-၁၉ က ရပ်တန့်အေးခဲစေခဲ့သည်။ ထို့သို့ရပ်တန့်သွားသည့်အချိန်တွင် စီးပွားရေးလုပ်ငန်းအသီးသီးရှိ ပညာရှင်များက ပြန်လည်ရှင်သန်နိုင်ဖို့ရာ ကျားကုတ်ကျားခဲကြိုးပမ်းကြသည်။
ကြီးပမ်းမှုနှင့်အတူ အွန်လိုင်းစနစ်ဖြင့် ရောင်းခြင်း ၊ ဝယ်ခြင်း ကိစ္စရပ်များသည် တဟုန်ထိုးကြီးထွားလာသည်။
ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းအများစုရှင်သန်ဖို့ရာ အွန်လိုင်းစနစ်သည် ယခုအချိန်တွင် အဓိကအခန်းကဏ္ဍအဖြစ် နေရာယူနေပြီဖြစ်သည်။
စီပွားရေးလုပ်ငန်းအများစုထဲမှ တစ်ခုဖြစ်သည့် အိမ်ခြံမြေကဏ္ဍသည်လည်း ရောင်းခြင်း ၊ ဝယ်ခြင်းများအဆင်ပြေစေရန် အွန်လိုင်းစနစ်ကို အသုံးပြုလာကြသည်။
ယခုအခါ အာဆီယံဒေသအတွင်းရှိ ၊ ထိုင်း ၊ စင်ကာပူ ၊ မလေးရှား စသည့်နိုင်ငံရှိ အိမ်ခြံမြေ ကုမ္ပဏီကြီးများသည်လည်း ရေးခဲသွားသော အိမ်ခြံမြေကဏ္ဍယန္တရားကြီးကို အွန်လိုင်စနစ်အသုံးပြုပြီး အနွေးဓါတ်ပေး အသက်သွင်းနေကြပြီဖြစ်သည်။ အောင်မြင်မှုများ ရရှိနေသည်ကိုလည်း တွေ့ရသည်။
အကြောင်းမှာ ရောင်းသူ ၊ ဝယ်သူများအတွက် ကိုဗစ်-၁၉ အကာအကွယ်ဖြစ်စေရန် အွန်လိုင်းစနစ်ကို အသုံးပြုရခြင်းဖြစ်သည်။
အွန်လိုင်းမှာ ရောင်းခြင်း ၊ ဝယ်ခြင်းပြုလုပ်ခြင်းဖြင့် ကိုဗစ်-၁၉ ကိုကာကွယ်ပြီးဖြစ်မည်။ အခြားအကျိုးရလာဒ်များအနေဖြင့် အချိန်ကုန်သက်သာခြင်း ၊ မိမိစိတ်ကြိုက်အွန်လိုင်းမှ တိုက်ရိုက်ရွေးချယ်ဝယ်ယူနိုင်ခြင်း ၊ မိမိသည် မည်သည့်နေရာတွင်ရောက်ရှိနေသည်ဖြစ်စေ ဝယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့်ဖြစ်သည်။
ယခုအခါ Shweproperty.com သည်လည်း ကိုဗစ်-၁၉ ကြောင့်အေးခဲသွားသော အိမ်ခြံမြေယန္တာရားကြီး တခုလုံးကို အနွေးဓါတ်ပေး အသက်သွင်းဖို့ မြန်မာနိုင်ငံ၏ ပထမဆုံး Shweproperty Online Expo အိမ်ရာအရောင်းပြပွဲကြီးကို စတင်တော့မည်ဖြစ်သည်။
Shweproperty.com ၏ founder and director ဖြစ်သူ ဦးကောင်းသူဝင်းကတော့ “အဓိက ကတော့ ကျနော်တို့ Shweproperty.com က အွန်လိုင်း နည်းပညာကို အသုံးပြုပြီး အိမ်ခြံမြေရောင်းခြင်း ၊ ဝယ်ခြင်းကိစ္စတွေကို တောက်လျှောက် အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုလို ကိုဗစ်-၁၉ ကာလမှာ နည်းပညာရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။
ဒါကြောင့် ကိုဗစ်ကို အကြောင်းပြုပြီး အိမ်ခြံမြေလောကမှာ နည်းပညာကို အများဆုံးအသုံးပြပြီးတော့ အိမ်ခြံမြေတွေ ရောင်းဝယ်နိုင်အောင် လုပ်လာခဲ့တာ ဒီ Shweproperty Online Expo က နောက်ထပ်ခြေလှမ်းအသစ်တစ်ခုဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ အိမ်ဝယ်သူတွေ အန္တရယ်ကင်းကင်းနဲ့ အပြင်မထွက်ဘဲ အိမ်ကနေပြီးပဲ အိမ်ဝယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်တာပါ။
နောက်ပြီးတော့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေအနေနဲ့လည်း နည်းပညာကို အသုံးပြုပြီး အိမ်ခြံမြေတွေကို ရောင်းချနိုင်ဖို့အတွက် ကျနော်တို့က support လုပ်ပေးတာပါ။
ဒီ Shweproperty Online Expo ပွဲကိုတော့ ဒီလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ (၃) ရက်ကျင်းပပေးမှာဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးအယောက် (၃၀)ရဲ့ အိမ်ရာ projects အကုန်လုံးကို အထူး discount အထူး promotion တွေနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းအများစုရဲ့လုပ်ငန်းလည်ပတ်မှုတွေ နှေးကွေးသွားပါတယ်။ ဒါပေမယ့် အိမ်ခြံမြေကဏ္ဍမှာတော့ အိမ်ဝယ်ယူမှုဆိုတာရှိနေဦးမှာပဲဖြစ်သလို ၊ အိမ်ခြံမြေရှာဖွေမှုဆိုတာလည်း ရှိနေဦးမှာဖြစ်တဲ့အတွက် ဒီကာလမှာ နည်းပညာကိုအသုံးပြုပြီး အန္တရာယ်ကင်းကင်းနဲ့ အိမ်ခြံမြေတွေကို ဘယ်လိုရှာဖွေမလဲ ၊ ဘယ်လိုဝယ်ယူရမလဲ ဆိုတာကို စဉ်းစားပြီး Shweproperty Online Expo အိမ်ခြံမြေအရောင်းပြပွဲကို စတင်ပြုလုပ်ရတာဖြစ်ပါတယ်။
အွန်လိုင်းကနေ ဝယ်ယူရမှာဖြစ်တဲ့အတွက် အားသာချက်တွေရှိပါတယ်။ ဘယ်နိုင်ငံကို ရောက်နေပါစေ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အိမ်ရာပရောဂျက်တွေကို ကြည့်ရှူ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ကြည့်ရှူ့တဲ့အခါမှာလည်း ဆုံးဖြတ်ချက်တွေလွယ်ကူအောင် တကယ့် selling point တွေဖြစ်တဲ့ map တွေ / location တွေ / 360 ဒီဂရီ ဓါတ်ပုံတွေကိုကြည့်ရှူ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်”
ကိုဗစ်-၁၉ ကာလအတွင်းမှာ စိတ်အေးချမ်းသာစွာဖြင့် အိမ်ရာဝယ်နိုင်ရန် Shweproperty.com က ဇွန်လ ၂၆ ၊ ၂၇ ၊ ၂၈ မနက်(၁၀) နာရီမှ ည(၈) နာရီအထိ ကျင်းပမယ့် မြန်မာနိုင်ငံ၏ ပထမဆုံး Shweproperty Online Expo မှာ အိမ်ရာဝယ်ယူရန် တိုက်တွန်းလိုက်သည်။
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties