By Wai Phyo, Shweproperty.com
Updated at 13 May 2016
ရန်ကုန် မေလ ၁၂ ရက် ။ မြန်မာ့ အိမ်ခြံမြေ ဈေးကွက်ကို ဦးဆောင်လုပ်ကိုင်နေသော အိမ်ခြံမြေ ဝဘ်ဆိုဒ် ShweProperty.com နှင့် အာရှ အိမ်ခြံမြေဈေးကွက် တွင် ဦးဆောင် လုပ်ကိုင်နေသော Propertyguru တို့ မြန်မာ့နိုင်ငံတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန်အတွက် သဘောတူစာချုပ် ချုပ် ဆိုလိုက်ပါသည်။ ဒီ သဘောတူ စာချုပ်အရ မြန်မာနိုင်ငံ မှ ဆောင်ရွက်နေသော အိမ်ရာစီမံကိန်း ကြီးများ ဟာ နိုင်ငံတကာ မှ အိမ်ခြံမြေ ရင်းနှီးမြုပ်သူများ နှင့် အိမ်ဝယ်သူများ သို့ ShweProperty.com နှင့် Propertyguru မှာ တဆင့်ဈေးကွက် ပိုမို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၅ တွင် ShweProperty.com ဟာ မြန်မာ့ နံပါတ်တစ် အိမ်ခြံမြေ ဝက်ဆိုဒ် အဖြစ် အရှိန်အဟုန်ပြင်းစွာ ရပ်တည်လာကာ လစဉ် အိမ်ဝင်ရောက် ရှာဖွေကြည့်ရူသူ ၇ သိန်း ကျော်ရှိပြီး တခြားသော အိမ်ခြံမြေ ဝက်ဆိုဒ်များထက် အိမ်ဝင်ရောက် ရှာဖွေကြည့်ရူသူ ၃ ဆ လောက် ပိုမို များပြား တာကို တွေ့ရှိရပါတယ်။ အိမ်ရှာဖွေသူများ အနေနဲ့ ShweProperty.com တွင် ရောင်းရန် ငှားရန်ရှိ သော အရည်းအသွေးမြင့် အိမ်ခြံမြေ ၂ သောင်း ခွဲ ကျော် ကို စိတ်ကြိုက် ရှာဖွေ ရောင်းဝယ် ငှားရမ်း နိုင်မှာ ဖြစ်ပါတယ်။
Propertyguru ၏ မန်နေးဂျင်း ဒါရိုက်တာ Mr.Lewis Ng မှ “လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့ပြစီမံကိန်း များ နှင့် မြန်မာနိုင်ငံဟာ အိမ်ခြံမြေ လုပ်ငန်းများအတွက် ရင်းနီးမြုပ်နှံဖို့ အကောင်းဆုံး နေရာဖြစ်မယ့် အလားအလာကောင်းတွေ များစွာရှိပါတယ်။ Propertyguru အနေနှင့် ShweProperty.com ကို ဘာကြောင့် မြန်မာနိုင်ငံတွင် Partner အဖြစ် ရွေးချယ်လဲဆိုရင်တော့ ShweProperty.com ဟာ မြန်မာ့ အိမ်ခြံမြေ ဝက်ဆိုဒ် ဈေးကွက်တွင် သုံးစွဲသူများ နှင့် မြန်မာ နိုင်ငံ၏ အဓိကဆောက်လုပ်ရေး လုပ်ငန်းကြီးများကို အများဆုံးရှိပြီး ဈေးကွက်ကို လွှမ်းမိုး ထား သောကြောင့်ဖြစ်ပါတယ်။ တချိန်းတည်းမှာ ပဲ Propertyguru ဟာ နိုင်ငံပေါင်း လေးနိုင်ငံမှာ (စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်း) မှာ လ စဉ် ကြည့်ရူသူပေါင်း ၁၆ သန်း ကျော်၊ ကြည့်ရူသည့် အကြိမ်းပေါင်း ၁၁၆ သန်း နှင့် အတူ ဈေးကွက်ကို ဦးဆောင်နေတာကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံရှိ အဆင့်မြင့် အိမ်ရာစီမံကိန်းများ ကို အာရှ နိုင်ငံများသို့ ဈေးကွက်ရှာဖွေ နိုင်ဖို့ ကူညီးပေးရန် အကောင်းဆုံးဖြစ်ပါတယ်” ဟု သူ့အမြင်ကို ပြောကြားပါတယ်။
ကုမ္ပဏီနှစ်ခုစလုံး အနေနှင့် မြန်မာနိုင်ငံ ဈေးကွက် သို့ ပို၍ ပို၍ ဆန်းသစ်သော ဝန်ဆောင်မူ များနှင့် Products များ ကို မိတ်ဆက်ရန်ရှိပြီး ၊ မြန်မာ့ ဈေးကွက်ကို အထောက်အကူဖြစ်သော ပွဲများကို မြန်မာနိုင်ငံသာတွင်မက စင်ကာပူ နှင့် အခြား အာရှ နိုင်ငံများတွင် ဦးဆောင် ကျင်းပသွားရန်ရှိပါတယ်။
ShweProperty.com ၏ Managing Director ဖြစ်သည့် ကိုကောင်းသူဝင်းမှ “Propertyguru နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်း သော ပါတနာ ဖြစ်ရတာ ကို ကျတော်တို့ ကြိုဆိုပါတယ်။ ပြည်တွင်း နှင့် ပြည်ပ ပါတနာ များ နှင့် ပူးတွဲ လုပ်ကိုင်ခြင်းအဖြစ် ကျွန်တော်တို့၏ Customers များကို ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံများအထိ ရောက်ရှိစေရန် ပိုမိုထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားပါသည်။
ထို့အပြင် ShweProperty.com ၏ CEO Mr. Justin Sway မှ “2015 ခုနှစ် ဟာ မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ များတိုးများလာတာနှင့် အတူ ကျတော်တို့ လုပ်ငန်း တိုးတက်မှုဟာလည်း အံအားသင့်စရာ ကောင်းပါတယ်။ ကျတော်တို့ ဝဘ်ဆိုဒ်ဟာ မြန်မာနိုင်ငံတွင် သုံးစွဲသူ အများဆုံးအိမ်ခြံမြေဝက်ဆိုဒ်ဖြစ်တာနှင့် အတူ အိမ်ခြံမြေ ရောင်းဝယ်သူများ ၊ အိမ်ခြံမြေ လုပ်ငန်း ကုမ္ပဏီ များ၊ အဆင့်မြင့် စီမံကိန်း ကြီးများစွာရှိပါတယ်။ ဒါဟာဆိုရင် ကျွန်တော်တို့ အိမ်ခြံမြေဝက်ဆိုဒ်ဟာ အမှန်တကယ် စစ်မှန်တဲ့ တန်းဖိုး နှင့်ရလဒ် များကို ကျွန်တော်တို့ရဲ့ Customers များ နှင့် အသုံးပြုသူများကို ပေးနေတယ်ဆိုတဲ့ မှန်ကန်တဲ့သက်သေဖြစ်ပါတယ်” ဟု ပြောကြားပါတယ်။
Read article in English
For media queries, please contact:
Kaung Thu Win
09 254 400 775
kaungthu@shweproperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties