By Myanmar Estate Agent Journal, Shweproperty.com
Updated at 15 May 2013
ယခင်က ခရီးဝေးကွာနေသဖြင့် ဝယ်ယူနေထိုင်ရန် စိတ်ဝင်စားမှုနည်းပါးနေသည့် ရွှေပြည်သာမြေကွက်များကို ယခုအခါ ရွှေပြည်သာမြေကွက်တွေအဝယ်လိုက်ပြီး ဈေးနှုန်းမြင့်တက်နေကြောင်းသိရသည်။
ရွှေပြည်သာတွင် စီမံကိန်းလုပ်ငန်းတွေမရှိသော်လည်း နောက်ထပ်ချပေးသည့် မြေကွက်များမရှိတော့သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအနေနှင့် ဝယ်ထားတာမြေကွက်များသာရှိနေတော့သည်။ ရွှေပြည်သာ တစ်ချို့နေရာများတွင် ယခင်က တစ်ကွက်ကို သိန်း ( ၂၀-၂၅) သိန်းမြေကွက်များမှာ သိန်း (၄၀)အထိ ရှိလာခဲ့သည်။ သိန်း(၄၀၀) နှင့်ပေါက်နေသည့် ခြံကွက်ကို လာဝယ်သည့်သူရှိသည်။
အဓိကအရောင်းအဝယ်ဖြစ်တာကတော့ လမ်းမတန်း မြေကွက်တွေနှင့် ဗီအိုင်ပီအကွက်များဖြစ်သည်။ ဝယ်သည့်သူတော်တော်များများက ကိုယ်တိုင်နေရန် ဝယ်သည့်ဝယ်လက်တွေနှင့် ဝယ်/ရောင်းလုပ်ရန် ဝယ်ထားသည့်သူတွေများကြောင်း သိရသည်။ ရပ်ကွက်တွေက စည်ကားလာတာလည်းပါသည်။ မြို့လယ်ကမြေကွက်တွေ ဈေးအရမ်းမြင့်လာလို့ သည်ဘက်အဝယ်လိုက်တာလည်း ပါမည်ဟု အိမ်ခြံမြေ အကျိုးဆောင် ဈေးကွက်မှသိရသည်။ ယခုလိုဈေးတက်နေသည့်အတွက် တစ်ချို့မြေပိုင်ရှင်တွေက ထုတ်မရောင်းဘဲ ဈေးနှုန်းထပ်တက်လာရန် စောင့်ကြည့်နေကြကြောင်း သိရသည်။
Ref: Myanmar Estate Agent Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties