By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 19 March 2020
စင်္ကာပူနိုင်ငံရှိအိမ်ရာအသစ်တွေရဲ့ ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ထက် ဖေဖော်ဝါရီလအတွင်းမှာ (၁၁၄)ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို လျစ်လျူရှုနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။
ရှစ်နှစ်အတွင်းမှာ အခုတစ်ခေါက်ဖေဖော်ဝါရီလဟာတော့ ဒုတိယရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အိမ်ခန်းပေါင်း (၉၇၅)ခန်းကို ဝယ်သူထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာ အခန်းပေါင်း (၆၂၀)ထဲကမှ ရောင်းချခဲ့မှု ပမာဏဟာ (၅၇.၃) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလတုန်းကတော့ ရောင်းချခဲ့ရတဲ့အခန်းပေါင်း (၄၅၅)ခန်းထက် (၁၁၄)ရာခိုင်နှုန်း ပိုများပါတယ်။
“အိမ်ရောင်းအားနှင့်ပတ်သက်ပြီး ကျွန်တော်တို့ သတိထားပြီးအကောင်းမြင်နေတုန်းပါ၊ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့ အလုပ်လက်မဲ့တိုးပွားလာမှုတွေအပေါ် မှီတည်ကောင်းမှီတည်နေပါလိမ့်မယ်၊ ဒါက အိမ်ဝယ်လိုအားကိုလျော့ကျသွားစေမယ်ထင်ပါတယ်” ဟု စင်ကာပူသုတေသနအကြီးအကဲ Ms.Tricia Song ကပြောပါတယ်။
ဒါပေမယ့် အတိုးနှုန်းတွေ ချပေးထာတာကြောင့် အိမ်ရာဈေးကွက်ကို များစွာ အထောက်အကူဖြစ်စေပါတယ်။ အမေရိကန် ဗဟိုဘဏ်ကနေပြီး အတိုးနှုန်းလျော့ချလိုက်တာဟာလည်း စီးပွားရေးထိခိုက်နစ်နာမှုကို လျော့နည်း စေတယ်လို့ ဆိုပါတယ်။
မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့၏အချက်အလက်များအရ ဖေဖော်ဝါရီလကဖြန့်ချိခဲ့တဲ့ အခန်း အရေအတွက်ဟာ ဖေဖော်ဝါရီလမှာ (၅၆) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အခန်းအရေအတွက် (၉၃၃) ခု၊ ပြီးခဲ့တဲ့လက (၅၉၆) ခုမှ (၅၉၈) ခုသို့မြင့်တက်သွားခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၅၆.၅) ရာခိုင်နှုန်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်း အရောင်းရဆုံးကတော့ Bugis နယ်မြေမှာ တည်ရှိတဲ့ The M ကွန်ဒိုဖြစ်ပြီး အခန်းပေါင်း (၅၂၂)ခန်းထဲကမှ (၃၈၀)ခန်းရောင်းချခဲ့ရပါတယ်။ ဒုတိယအများဆုံးကတော့ Parc Canberra EC ဖြစ်ပြီး အခန်းပေါင်း (၃၂၄)ခန်း ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
ဘာသာပြန် - ဝိုင်းနန္ဒီ (ShweProperty.com)
Source – The Straits Times
Photo Credit : Esingaporeproperty
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties