By မောင်မိုးသက်, Shweproperty.com
Updated at 8 February 2012
စစ်တွေမြို့၌ အိမ်ခြံမြေဈေး မြင့်တက်လာခဲ့ပြီး မြို့တွင်းတွင်သာမက မြို့စွန်ရပ်ကွက်များ၌လည်း မြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်တွေမြို့တွင်း လူစည်ကားပြီး အချက်အချာအကျဆုံး နေရာဖြစ်သည့် လမ်းမကြီးတစ်လျှောက်ပုဂ္ဂလိကဘဏ်များက နေရာယူထားရာ အဆိုပါလမ်းမကြီးမှ နေအိမ်များမှာ ယခင်က ကျပ်သိန်းရာကျော်ဈေးနှုန်းမှ ကျပ်သိန်းရှစ်ထောင်ထိဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
“အခုချိန်မှာ ရူပမြောက်၊ မောလိပ်စတဲ့ ရပ်ကွက်တွေက အိမ်ခြံမြေဝယ်ဖို့ဆိုတာကို ဈေးသွားမေးတော့ ကျပ်သိန်းကို ထောင်ချီပြီး ရှိနေတယ်” ဟု အိမ်ပွဲစားကိုကျော်သာက ပြောသည်။
စစ်တွေမြို့စွန် ရပ်ကွက်ဖြစ်သည့် မင်းဂံရပ်ကွက်တွင်လည်း ပေ ၄၀ ပတ်လည် ခြံဈေးကွက်မှာ အဆမတန်မြင့်မားလာကြောင်း သိရှိရသည်။ “အရင်က မင်းဂံဆိုတာ လယ်ကွင်းတွေနဲ့ ပြည့်နေတဲ့ ကွင်းပြင်ကြီးပဲ။ လူတွေပြောင်းနေလာကြပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ မြေတစ်ကွက်ကို အများဆုံး ဆယ်သိန်းပဲ။ အခုတော့ ကျပ်သိန်းတစ်ရာကျော်နဲ့ အလုပ်ဖြစ်နေကြတယ်” ဟု မင်းဂံရပ်ကွက်က ဒေသခံတစ်ဦးကပြောသည်။
စစ်တွေမြို့သို့ ပုဂ်ဂလိကဘဏ်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များမှာ ၂၀၁၁ ခုနှစ်ကပင် ရောက်ရှိလာပြီး စီးပွားရေး ရင်နှီးမြုပ်နှံမှုများပြုလုပ်ရန် လာရောက်သည့်အချိန်မှ စတင်ကာ အိမ်ခြံမြေဈေးကွက်များ မြင့်တက်လာကြောင်း သိရသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties