By Myanmar Builders Guide, Shweproperty.com
Updated at 13 August 2019
ရန်ကုန်တိုင်း အတွင်း ကနဦးငွေပေးချေရန်မလိုအပ်သည့် တစ်လလျှင် ခြောင်သောင်းမှတစ်သိန်းပေးသွင်းဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အဆိုပါအိမ်ရာများကို အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကဝန်ထမ်းနှင့် ကျူးကျော်နေထိုင်သူများကို အဓိကထား ရောင်းချသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။
“ ၁၅ နှစ်အရစ်ကျနဲ့ သိန်း ၁၀၀ ကျော်အိမ်တွေကို downpaymentပေးစရာမလိုပဲတစ်လ ခြောင်းသောင်းတစ်သိန်းသွင်းရုံနဲ့ ဝယ်နိုင်အောင်ရောင်းချသွားမယ်။
အိမ်ထောင်စုတစ်စုမှာလူနှစ်ယောက်လောက်အလုပ်လုပ်ရင် ဝယ်နိုင်လို့ဒါတွေကိုဦးစားပေးတည်ဆောက်သွားမယ်”ဟုဦးဖြိုးမင်းသိန်းကပြောဆိုသည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့ရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာများ တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရစာရင်းများ အရသိရသည်။
ကနဦးငွေပေးချေရန်မလိုအပ်သည့် အိမ်ရာများကို ရန်ကုန်မြို့တစ်ဖက်ကမ်း ပန်းလှိုင်တံတားအဆင်း မြို့သစ်စီမံကိန်းအနီးနှင့် လှိုင်သာယာမြို့နယ် နှင့် တစ်ခြားမြို့နယ် ၆ ခုတွင်ဆောက်လုပ်မည်ဖြစ်ကြောင်းဦးဖြိုးမင်းသိန်း ထံမှသိရသည်။
လက်ရှိတွင် ၁၅ နှစ်ခန့်ရင်းနှီးမြှပ်နှံနိုင်မည့် ပြည်ပဆောက်လုပ်ရေးလုပ်ငန်းများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး သိန်း ၃၀ ဖြင့်ရောင်းချမည့် ကျူးကျော်နေထိုင်သူအများအတွက် အိမ်ရာများကို microfiance ချေးငွေများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်ထံမှသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties