By Sint Sint, Shweproperty.com
Updated at 19 November 2020
Unicode Version
ရန်ကုန် မိုးပျံ အမြန်လမ်းစီမံကိန်းအပိုင်း ( ၁)အတွက် အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့်ကုန်ကျမည်ဟု ခန်းမှန်းထားကြောင်း ရန်ကုန် မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
နိုဝင်ဘာ ၁၈ ရက်က ရန်ကုန် မိုးပျံ အမြန်လမ်းစီမံကိန်း Preferred Bidder ကြေညာနိုင်ရေးနှင့်က်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ရန်ကုန် မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်းဦးဆောင်ကော်မတီ၏ စတုတ္ထအ ကြိမ် အစည်းအဝေးကို နေပြည်တော်ရှိဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာတွင် ရန်ကုန်မှ Zoom Meeting ဖြင့်တက်ရောက်ခဲ့ရာမှယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှု ဖြေ လျှော့စေရန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ၂၇ ဒသမ ၅ ကီလိုမီတာအရှည်ရှိ ရန်ကုန် မိုးပျံ အမြန်လမ်းအပိုင်း( ၁)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ppp စီမံကိန်းအဖြစ်အကော်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန် မိုးပျံ အမြန်လမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်ပြီးစီမံကိန်းအပိုင်း( ၁)အတွက် အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့်ကုန်ကျမည်ဟု ခန်းမှန်းပါကြောင်းဟု ပည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
အဆိုပါရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ အ ကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းကို public private partnership( ppp) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ အရှေ့နှင့်အနောက်ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာ အရှည်ရှိကြောင်းသိရသည်။
နောက်ဆုံးရ သတင်းများ
နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအပြင် ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေး နည်းပညာဆိုင်ရာလုပ်ငန်းများ EOI တင်ပြရန် ဖိတ်ခေါ်
သီတင်းကျွတ်ကာလ ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက် အခြေအနေ
Zawgyi Version
နောက်ဆုံးရ သတင်းများ
Credit : The Fifth Wave News
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties