By Aye Sandar, Shweproperty.com
Updated at 5 February 2021
အိမ်ခန်းတစ်ခန်း၏ အတွင်းပိုင်းအပြင်အဆင်များကို ရွေးချယ်သည့်အခါမျိုးတွင် တခြားသောဧည့်ခန်း၊ထမင်းစားခန်း၊ ရေချိုးခန်း၊ အိမ်သာ စသည့်နေရာများထက် အိပ်ခန်းအရောင်ကို ပိုသတိထားရွေးချယ်ရပါသည်။ ဤနေရာ၌ ပြိုးပြက်တောက်ပသောအရောင်များသည် စိတ်အာရုံကို လှုံ့ဆော် နှိုးကြွားစေနိုင်သဖြင့် အနားယူအပန်းဖြေသည့် အခန်းအရောင်ဖြင့် ရွေးချယ်မသုံးစွဲအပ်ပေ။ ဆန်ကျင်ဘက်အားဖြင့် အရောင်ဖျောဖျော့၊ခပ်မှိန်မှိန်ကာလာတို့သည် အိပ်ခန်းအရောင်သုံးဖို့ရာ များစွာသင့်လျော်ပါသည်။ နောက်ထပ်အရောင်အသွေးပိုင်းနှင့် ခြယ်မှုန်းမှုအပိုင်းသည်လည်း အခန်းကိုအလှဆင်ရာ၌ များစွာစကားပြောသည်။ မူလသုံးထားသောဆေးအရောင်နှင့် နံရံကပ်အလှ Wallpaper တို့သည် အချင်းချင်း လိုက်ဖက်မှုရှိရန်တော့လိုပါမည်။ လက်ရှိခေတ်စားနေသော အိပ်ခန်းသုံးအရောင်များမှာ ခပ်ဖျော့ဖျော့အရောင်နုများဖြစ်သည့် အစိမ်းရောင်၊ မိုးပြာရောင်များဖြစ်ကြသည်။ အချို့ကလည်း အဖြူရောင်၊ ဆင်စွယ်ရောင်တို့ကို သဘာဝလေဝင်လေထွက်ကောင်းသောအိပ်ခန်းများတွင် အများဆုံး အသုံးပြုကြလေသည်။ မိမိတို့ရွေးချယ်လိုက်သောအရောင်များက တစ်ဦးချင်းစီ၏ ပင်ကိုယ်စရိုက်ကို ပြောပြနေရုံသာမက မိမိတို့ရဲ့ အိပ်စက်ခြင်းတွေအတွက်လည်း မူတည်နေပါသေးတယ်။ ထို့ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေမယ့် အခန်းအရောင် (၆) မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ အရောင်တွေရော ပါရဲ့လားဆိုတာ လေ့လာလိုက်ရအောင်နော်။ ၁။ အပြာနုရောင် အဆိုပါအရောင်ကို မျက်စိအေးစေတဲ့အရောင်အဖြစ် သတ်မှတ်ပြီး အိပ်ခန်းနံရံများတွင် အများဆုံးသုံးကြပါတယ်။ သင့်ရဲ့အိပ်ခန်းကို အမြင်အေးစေပြီး ကောင်းစွာ အိပ်စက်ချင်အောင် ကူညီပေးနိုင်တဲ့ အရောင်ဆိုလည်းမမှားနိုင်ပါဘူး။ ၂။ အစိမ်းရောင် သဘာဝရဲ့ အလှတရားကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးအရောင်ဖြစ်တဲ့ အစိမ်းရောင်ကို အိပ်ခန်းမှာ သုတ်ထားခြင်းဖြင့် မနက်ခင်းတိုင်းကို စိတ်ကြည်လင်လန်းဆန်းစွာနဲ့ နိုးထစေနိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။အစိမ်းရောင်က တည်ငြိမ်ခြင်း၊ တတ်ကြွခြင်း၊ လန်းဆန်းခြင်းဟုလည်း အဓိပ္ပာယ်ရပါတယ်။ ၃။ လိမ္မော်ရောင် လိမ္မော်ရောင်က နွေးထွေးမှုကို ရည်ညွှန်းတဲ့အတွက် သင့်အိပ်ခန်းကို လိမ္မော်ရောင်နဲ့ အလှဆင်ထားမယ်ဆိုရင် သင့်ကို သက်သောင့်သက်သာရှိစေပြီး နွေးထွေးမှုကို အပြည့်အဝ ခံစားရစေမှာပါ။ ၄။ အပြာရောင် သင့်ကို သက်သောင့်သက်သာဖြစ်စေပြီး ကောင်းစွာ အိပ်စက်စေနိုင်တဲ့ နောက်ထပ်အရောင်ကတော့ အပြာရောင်ပါ။ လေ့လာတွေ့ရှိမှုများအရ အပြာရောင်ဆေးသုတ်ထားတဲ့ အခန်းမှာ အိပ်တဲ့သူတွေက အချိန်အကြာကြီး အိပ်စက်တတ်ကြပြီး အိပ်စက်ချိန်က ပျှမ်းမျှအနေနဲ့ (၇) နာရီ နဲ့(၅၂) မိနစ်ဖြစ်သည်ဟု ဆိုပါသည်။ ၅။ အဝါရောင် အဝါရောင်ကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ အရောင်တွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ သင့်ရဲ့ စိတ်ကို လန်းဆန်းမှုပေးစွမ်းနိုင်ပြီး စိတ်အားထက်သန်မှုကိုလည်း ပေးနိုင်တဲ့အရောင်ပင်ဖြစ်ပါသည်။ ၆။ ခရမ်းနုရောင် ဆွဲဆောင်မှုရှိတဲ့ အရောင်တစ်ခုဖြစ်တဲ့ ခရမ်းရောင်ကတော့ စိတ်ဖိစီးမှုကိုလျော့ချပေးတာနဲ့ အရည်အသွေးတွေရှိနေပါတယ်။ သင်အနေနဲ့ အရောင်မှိုင်းမှိုင်းကိုမှ ကြိုက်နှစ်သက်သူဆိုပါက စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဇီးရောင်ဘက်လွှမ်းတဲ့ ခရမ်းနုရောင်လေးက အသင့်တော်ဆုံး ဖြစ်မှာပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ မသိသူကျော်သွား သိသူဖော်စား အိမ်တွင်း အစွန်းအထင်းချွတ်နည်းများ အိမ်တွေမှာ အလှစိုက်နေကြတဲ့ ဂမုန်းပင်အကြောင်း ကြောက်စရာကောင်းလွန်းလို့ ရှဲပေးကြပါနော် အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties