By The Modern, Shweproperty.com
Updated at 16 September 2016
အစိုးရကခေါ်ယူတဲ့ တင်ဒါအိမ်ရာစီမံကိန်းတွေကို ကုမ္မဏီအကြီးတွေနဲ့တန်းတူ ဆောက်လုပ်ရေးကုမ္မဏီငယ်တွေကလည်း စုပေါင်းပြီး တင်ဒါ လာရောက်လျှောက်ထားတာတွေ အခုနောက်ပိုင်းရှိလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။
ဆောက်လုပ်ရေးဈေးကွက်အတွင်း အကျိုးတူကန်ထရိုက်ဈေးကွက် ငြိမ်သက်နေတာနဲ့ အစိုးရရဲ့အထပ်မြင့်ဆောက်လုပ်မှု ကန့်သတ် ချက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းငယ်တွေအနေနဲ့ အစိုးရကခေါ်ယူတဲ့ဆောက် လုပ်ရေးတင်ဒါကို သာအဓိကထား မျှော်လင့်လာကြ ပါတယ်။ အရင်ကအစိုးရတင်ဒါတွေကို လုပ်ငန်းကြီးတွေကတစ်ဆင့် အပိုင်းလိုက်ပြန်လည် လုပ်တာတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ လုပ်ငန်း အသေးတွေ စုပေါင်းပြီး လုပ်ငန်းကြီး တွေနဲ့အပြိုင် တင်ဒါလျှောက်ထားလာကြပါတယ်။
ကုမ္မဏီကြီးတွေကပြန်ချပေးတဲ့ လုပ်ငန်းတွေကျတော့ သူတို့ဘက်ကအမြတ်ကိုစားထားပြီး လုပ်ငန်းပြန်အပ်တာဆိုတော့ အမြတ်နည်း သလိုတစ်ခါ တလေအရှုံးပေါ်တာတွေရှိတယ်၊ လုပ်ငန်းငါးခုလောက်ခိုင်းရင်နှစ်ခုလောက် ကရှုံးပြီး သုံးခုလောက်ပဲ အမြတ်ကျန် တာလို့ အသေးစား ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အသေးစားဆောက်လုပ်ရေလုပ်ငန်းတွေ စုပေါင်းတင်တဲ့ တင်ဒါတွေကတော့ ကုမ္မဏီချင်းနားလည်မှုနဲ့ အကောင်းဆုံးဆောက်လုပ်ရေးတစ်ခုရဲ့ ပရိုဖိုင်ကိုသာယူပြီးငွေကြေး အင်အားစုထည့်ကြတဲ့သဘောဖြစ်ပါတယ်။ သည်လို စုပေါင်းတင်တဲ့ လုပ်ငန်းတွေကတော့ အနည်းဆုံး ကုမ္မဏ နှစ်ခုမှငါးခုလောက် အထိစုစည်း တည် ထောင်လာကြတာဖြစ်ပါတယ်။ အစိုးရတင်ဒါ အောင်မြင်ခဲ့ရင်တော့ ကိုယ်ကျွမ်းကျင် တဲ့အပိုင်းလိုက် တည်ဆောက်ကြတာ တွေရှိသလို စုပေါင်း ဆောက်လုပ်ပြီး ရှယ်ယာဝေစု အလိုက်အမြတ်ခွဲယူ ကြတာတွေလည်း ရှိပါတယ်။
အစိုးရက နောက်ပိုင်းခေါ်ယူတဲ့ ဆောက်လုပ်ရေး တင်ဒါအများစုက အိမ်ရာစီမံကိန်း တွေများတာကြောင့် ရင်းနှီးမြှုပ်နှံရတဲ့ ပမာဏကလည်း အနည်းဆုံး သိန်း (၃၀ဝဝ) ဝန်းကျင် လောက်ဖြစ်တာကြောင့် အခုလိုတင်ဒါတွေကိုစုပေါင်း လုပ်ကိုင်လာကြပါတယ်။ ဒါ့အပြင် အစိုးရက အခုနောက်ပိုင်း တင်ဒါလာရောက်လျှောက်ထားတဲ့ကုမ္မဏီတွေနဲ့ပတ်သက်ပြီး တင်ဒါတရားဝင်လျှောက်ထားနိုင်တဲ့ မှတ်ပုံတင်ပုံစံတွေ စာရင်းပေး သွင်းခိုင်းတာတွေကြောင့်ဆောက်လုပ ် ရေးဈေးကွက်အတွင်းမှာ အင်အားတောင့်တင်းတဲ့လုပ်ငန်း တွေ စုပေါင်းဖွဲ့စည်းလာကြတာဖြစ်ပါတယ်။
"ကုမ္မဏီတွေအကျိုးတူပေါင်းဖွဲ့လာကြတာကနောက်ပိုင်းပိုများလာတယ်၊ အများစုက ပညာရှင်တွေနဲ့ ငွေကြေးတတ်နိုင် သူတွေပေါင်းပြီး လုပ်ငန်းကြီး လုပ်လာကြတာ၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းမှာပဲ သင်တန်းပေးတာ ရော၊ drawing ဆွဲတာရော၊cost တွက်တာရော ဆောက်လုပ်တာတွေရော လုပ်လာကြတယ်"လို့ UK ဆောက်လုပ်ရေးက မန်နေဂျာ ကိုထက်ဝေက ပြောပါတယ်။
တချို့လုပ်ငန်းကြီးလုပ်ကိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့လည်းငွေကြေးနဲ့ နည်းပညာပိုမိုကောင်းမွန်တဲ့ နိုင်ငံခြားကကုမ္မဏီကြီးတွေနဲ့ ပူးပေါင်းပြီးဆောက်ရွက်တာတွေရှိလို့ နိုင်ငံခြားက အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အကျိုးဆောင်တွေဝင်ရောက်လာမှုများလာတာလည်း ဖြစ်ပါတယ်။
Ref : The Modern
Photo Credit : upwords
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties