By ဝိုင်းနန္င်္ဒီ, Shweproperty.com
Updated at 11 September 2019
ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းအောက်ဘလောက်ကို အများပြည်သူ အပန်းဖြေဖို့ Smart Street အဖြစ်ဖော်ဆောင်ဖို့ လမ်းပြုပြင် မှုတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ Smart Townships အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းအောက်ဘလောက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဘတ်ဂျက်နဲ့ စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ သိရပါတယ်။
အများပြည်သူတွေအနားယူဖို့ ထိုင်ခုံတန်းတွေ၊ အလှသစ်ပင်တွေ၊ ကလေးကစားကွင်းတွေနဲ့ စက်ဘီးစီးဖို့ နေရာတွေထားရှိပေးထားသလို၊ အားကစားလေ့ကျင့်ရမယ့် နေရာတွေရှိတာကြောင့် ကားပါကင်အပါအဝင် မီးတိုင်တွေနဲ့ ညအလှမီးပန်းတွေ ထည့်သွင်းထားရှိပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။
အဆိုပါ Smart Street အတွက် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကနေ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး လူသွားလမ်း အဆင်ပြေစေဖို့၊ ယဉ်သွားလာမှု၊ ယာဉ်ရပ်နားမှု၊ ရေကြီးရေလျှံပြသနာမရှိဖို့ စတဲ့အခက်အခဲတွေကို အဆင်ပြေစေဖို့ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။
Written By : ဝိုင်းနန္င်္ဒီ (ShweProperty.com)
Photo Credit : Theigc
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties