By Sint Sint, Shweproperty.com
Updated at 20 October 2020
တစ်နိုင်ငံလုံးရှိဆိုလာ စနစ်သုံး အိမ်ခြေလေးသိန်းကျော် အတွက် ဆိုလာပြုပြင်ထိန်းသိမ်း ခြင်းကို ပုဂ္ဂလိကနှင့်ပူးပေါင်း ဆောင်ရွက်မည်ဟု အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံ ကိန်းမန်နေဂျာ ဒေါက်တာစိုးစိုး အုန်းက ပြောသည်။
ကနဦးအနေဖြင့်ဆိုလာစနစ် တပ်ဆင်ပြီး အာမခံသက်တမ်း တစ်နှစ်ကုန်ဆုံးသွားသည့် မြို့ နယ် ၁၄၂ ခုရှိ အိမ်ခြေ ၂၇၀,၀၀၀ ကျော်အတွက် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်း ဆောင်ရွက်ရန် ပုဂ္ဂ လိကအဖွဲ့အစည်း၊ကုမ္ပဏီများ သို့ စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ် ယူထားကြောင်း ၎င်းကဆိုသည်။
‘‘ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း က အရင်ကလုံးဝ မရှိခဲ့ဘူး။ အခု က ဆိုလာစနစ်သုံးနိုင်တဲ့ အိမ်ခြေ လည်းများလာတယ်။ သူတို့အ တွက် ရေရှည်အဆင်ပြေမှု ရှိ အောင် စတင်ဆောင်ရွက်တာဖြစ် တယ်’’ဟု ဒေါက်တာစိုးစိုးအုန်းက ပြောသည်။
လာမည့်နှစ်များတွင်လည်း အာမခံသက်တမ်းကုန်ဆုံးမည့် ဆိုလာစနစ်သုံး အိမ်ခြေ ၁၃၀,၀၀၀ ကျော် ပြုပြင်ထိန်းသိမ်း ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။
မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အထိ လေးနှစ်အ တွင်း အိမ်သုံးဆိုလာစနစ်၊ အ သေးစား ဓာတ်အားစနစ်များဖြင့် ကျေးလက် အိမ်ခြေ ၄၃၄,၄၈၀ နှင့် လူဦးရေနှစ်သန်းကျော် လျှပ် စစ်မီးရရှှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအနေ ဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဧရိယာ၏ ၃၂ ရာခိုင်နှုန်းကျော် တိုးလာသည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြေညာထားသည်။
ယင်းအနက် အိမ်သုံးဆိုလာ စနစ်သုံး ကျေးရွာပေါင်း ၈,၄၄၆ ခုမှ အိမ်ခြေ ၄၀၃,၇၆၇ ရှိပြီး အ သေးစားဓာတ်အားစနစ်မှ ကျေး ရွာ ၁၂၂ ရွာမှ အိမ်ခြေ ၃၀,၇၀၃ အိမ်ရှိသည်။
ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးချေးငွေ အမေရိကန်ဒေါ် လာ သန်း ၉၀ ရယူဆောင်ရွက်ခဲ့ သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၊ မဟာဓာတ် အားလိုင်းပြင်ပစနစ်အပါအဝင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေး စီမံကိန်းတွင် ပူးပေါင်းထည့် ဝင်သည့် အီတလီ၏ အတိုးမဲ့ချေး ငွေ ယူရိုသန်း ၃၀နှင့် ဂျာမန်ဖွံ့ ဖြိုးရေးဘဏ် (KfW) အဖွဲ့၏အ ထောက်အပံ့ယူရိုကိုးသန်းဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်နေ သည်။
ထို့အပြင် ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိရေး မျှော်မှန်းချက်ကို ပါဝင် ဖြည့်ဆည်းပေးရန် မဟာ ဓာတ်အားလိုင်းနှင့် ၁၀ မိုင်အ ထက်ဝေးကွာပြီး နောင် ၁၀ နှစ်အ တွင်း မဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သော ဝေးလံခေါင် ဖျားဒေသများကို မဟာဓာတ် အားလိုင်းပြင်ပဧရိယာအဖြစ် သတ်မှတ်၍ ယင်းဒေသရှိကျေးရွာ များ လျှပ်စစ်မီးရရှိရေးအတွက် အိမ်သုံးဆိုလာစနစ်၊ အသေးစား ဓာတ်အားစနစ်များဖြင့်အကြိုမီး လင်းရေး(Pre-Electrification) ဆောင်ရွက်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်နေသည်။
နောက်ဆုံးရ သတင်းများနှင့် ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
ဟံသာဝတီ လေဆိပ်စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် (၈) သန်း ဝန်ဆောင်မှုပေးနိုင်မည်
မြေအမျိုးအစားများ၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံရာဇဝင် လျှောက်ထားခြင်းနှင့်ပက်သက်၍ သိထားသင့်သည့် အချက်များ
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း သိကောင်းစရာများ
အိမ်မှာပျားစွဲရင် ကောင်းလား ၊ မကောင်းဘူးလား
Credit : 7Day News
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties