By Democracy Today, Shweproperty.com
Updated at 24 December 2018
ကွန်ဒိုအ ဆင့်သတ်မှတ်ချက်နှင့်မညီဘဲ ကွန် ဒိုမီနီယံအဆောက်အအုံဟု ဆိုင်း ဘုတ်တပ်ဆင်ထားမှုများကို မကြာ မီ စစ်ဆေးကာပယ်ဖျက်သွားမည် ဖြစ်ကြောင်းသိရသည်။
ကွန်ဒိုမီနီယံ ဥပဒေသည် ၂၀၁၉ ခုနှစ်တွင် စတင်အသက် ဝင်တော့မည်ဖြစ်ရာ ယင်းဥပဒေ ကို အကောင်အထည်ဖော်ဆောင်နိုင်မည့်စီမံခန့်ခွဲရေးကော်မတီရှိ ရန်လိုအပ်မည်ဖြစ်ကြောင်း သိရ သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ၂၉ ရက် ကကွန်ဒိုမီနီယံဥပဒေ ထွက်ပေါ် ခဲ့ပြီး ၂၀၁၇ခုနှစ်ဒီဇင်ဘာ၇ရက် တွင်နည်းဥပဒေကို ထုတ်ပြန်ခဲ့ သည်။ နည်းဥပဒေ ထုတ်ပြန်ပြီး နောက်ကွန်ဒိုမီနီယံ ဥပဒေကိုအ ကောင်အထည်ဖော်နိုင်ရန် အတွက် စီမံခန့်ခွဲရေး ကော်မတီရှိရန်လို အပ်ခြင်းကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသ ကြီး၏ ကွန်ဒိုမီနီယံနှင့် ပတ်သက် သောစီမံခန့်ခွဲရေး ကော်မတီကိုဖွဲ့ စည်းပေးခဲ့ပြီး ရန်ကုန်တိုင်းအစိုး ရ၏ တရားဝင်ထုတ်ပြန်မှုသာကျန် တော့ ကြောင်းမြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်း ချုပ် (MCEA) မှ အထွေထွေအ တွင်းရေးမှူးချုပ်ဦးမျိုးမြင့် ဒီမိုက ရေစီတူဒေးသို့ပြောသည်။
""ကွန်ဒိုမီနီယံဥပဒေနဲ့နည်း ဥပဒေ ပေါ်ပေါက်လာပြီဖြစ်ပါ တယ်။ ကော်မတီလည်းမကြာမီ ပေါ်ပေါက်တော့မှာ ဖြစ်ပါတယ်။စီမံခန့်ခွဲရေးကော်မတီပေါ်လာ ပြီး တဲ့နောက်မှာ ကွန်ဒိုမီနီယံဖြစ်ပါ တယ်
လို့ကြေညာထားတဲ့အဆောက် အအုံတွေကိုလိုက်စိစစ်မယ်။ ကွန် ဒိုမီနီယံအဆင့် သတ်မှတ်ချက် တွေနဲ့ မညီဘူးဆိုရင်တော့ မညီတဲ့ အဆောက်အအုံတွေ၊ ကွန်ဒိုမီနီ ယံလို့ကပ်ထားတဲ့ အဆောက်အအုံ တွေကိုကော်မတီအနေနဲ့ တံဆိပ် တွေလိုက်ဖြုတ်မှာ ဖြစ်ပါတယ်။မဖြုတ်ဘဲဆက်ထားရင် Comsumer Righ အနေနဲ့စီမံခန့်ခွဲရေး ကော် မတီကတစ်ခုခုဆုံးဖြတ်သွားမယ်""ဟု ၎င်းကပြောသည်။
ကွန်ဒိုမီနီယံသည် အနည်း ဆုံးခြောက်ထပ်နှင့် အထက်ရှိရ မည်ဖြစ်ကာ အကျယ်အဝန်းအား ဖြင့် နှစ်သောင်းစကွဲယားပေအ ထက်ကျော်လွန်သော မြေပေါ် တွင်တည်ဆောက်ထားသည့် အ ဆောက်အအုံဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။အိမ်ခြံမြေ ဈေးကွက်အတွင်း ကွန်ဒိုမီနီယံ
စစ်မှန်သောတိုက် ခန်းမှာ လက်ချိုးရေတွက်လို့ရကြောင်း ရန်ကုန်တွင်မြေနေရာ အကျယ် အဝန်း နှစ်သောင်းစကွဲယားပေပေါ် တည်ဆောက်ထားသည့် အိမ်ရာအ ဆောက်အအုံစီမံကိန်းမှာ ဆယ် ဂဏန်းခန့်သာရှိကြောင်း င ပြညောမေ ံသကျန .ခသာ မှမန်နေဂျင်းဒါရိုက် တာ ဦးနေမင်းသူကပြောသည်။
ကွန်ဒိုမီနီယံဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ်တော့ဘဲ စီမံ ခန့်ခွဲရေး ကော်မတီထံတွင်ယင်း
မြေကိုအပ်နှံကာတစ်ဦးတစ်ယောက် ပိုင်မြေမှယင်းကွန်ဒိုရှိတိုက်ခန်း ၁၀ဝရှိလျှင် ၁၀ဝပိုင်(အများပိုင်)မြေအဖြစ် လွှဲပြောင်းရမည်ဖြစ်ကြောင်းသိရသည်။
လတ်တလောတွင်ကွန်ဒိုတိုက် ခန်းများသည် လွှဲပြောင်းပေါင်နှံခွင့် မရှိသော်လည်း ကွန်ဒိုဥပဒေအရ လွှဲပြောင်း ပေါင်နှံရောင်းချခွင့်ရရှိ မည်ဖြစ်ကြောင်း ကွန်ဒိုတိုက်ခန်း များအတွက် ကြိုပွိုင့်ရောင်းချထား ပါကလည်းဝယ်ယူသူ၏ ပေးသွင်း ငွေများကို Developer အနေဖြင့် ကွန်ဒို တည်ဆောက်ရေးတွင်သာ အသုံးပြုရမည်ဖြစ်ကာသုံးလ တစ် ကြိမ်စီမံခန့်ခွဲရေး ကော်မတီထံသို့ သုံးစွဲမှုကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကွန်ဒိုမီနီယံအ ဆောက်အအုံတစ်ခုမှ တိုက်ခန်း ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ဝယ်ယူ လိုသော နိုင်ငံခြားသားများအနေ ဖြင့် မိမိနိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘဏ်သို့ တရားဝင် ငွေလွှဲပြောင်းဝယ်ယူရမည်ဖြစ်သည်။
ယင်းအပြင် အဆောက်အအုံ ပျက်စီးမှုနှင့် ပတ်သက်၍ ီနလန-ူသစနမ အနေဖြင့်တိုက်ခန်းကို ရောင်းချပြီး နှစ်နှစ်အတွင်းပြုပြင် ထိန်းသိမ်းပေးရမည်ဖြစ်ပြီး ယခင် ကကဲ့သို့ အရပ်စာချုပ်ဖြင့်ချုပ်ဆို ခြင်းအစား စီမံခန့်ခွဲရေးကော်မတီ မှတစ်ဆင့်အရောင်းအဝယ် ဆောင်ရွက် ရမည်ဖြစ်သည့်အတွက် တရား ဝင်အခွန်အခများ ပေးသွင်းဝယ် ယူရမည်ဖြစ်ကြောင်း သိရသည်။
Ref : Democracy Today
Photo Credit : multiverseadvertising
Posted : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties