By The Trade Times, Shweproperty.com
Updated at 1 January 2015
တောင်ဒဂုံထဲမှာ ဆိုရင် တခြားလမ်းမတွေထက် စက်မှုဇုန်ကိုတိုက်ရိုက်ပေါက်တဲ့ ပြည်ထောင်စု လမ်းမကြီးနဲ့ မောင်းမကန်လမ်းကို ပိုပြီးလူကြိုက်များတယ်။ မောင်းမကန်ထဲမှာ ဆိုရင် တောင်ဒဂုံအထွက်နေရာ၊ တောင်မြောက်လမ်းဆုံနဲ့နီးရင် ပိုပြီး ဈေးကောင်းတယ်။ ပေ ၄ဝ x ပေ ၆ဝ အကွက်တွေဆိုရင်တစ်ကွက်ကို သိန်း ၃,ဝဝဝ အပေါ်မှာခေါ်ဈေးရှိတယ်။ နေရာ သိပ်ကောင်းတယ်ဆိုရင်အဲဒီလမ်းမပေါ်မှာတင် ပေ ၂ဝ x ပေ ၆ဝ ကို သိန်း ၁,၇ဝဝ လောက်အထိခေါ်ကြတယ်။ အမှတ် (၂) လမ်းမနဲ့နီးတဲ့ နေရာတွေဆိုရင် ပိုကြိုက်ကြတယ်။ တောင်ဒဂုံမြို့သစ် ထဲမှာကအဝယ်လည်း ရှိသလို အရောင်းလည်း ရှိပေမယ့် ရောင်းကွက်က ရှားပြီး အခုနောက်ပိုင်းဆိုရောင်းကွက် ကို တော်တော်ရှာရခက်တယ်။ တောင်မြောက်လမ်းဆုံကနေစက်မှုဇုန်ထဲအထိ ပေါက်တဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာကျတော့ ၂ဝ၁၂ ခုနှစ်တုန်းက ပေ ၄ဝ x ၆ဝ တစ်ကွက်ကို သိန်း ၉ဝဝ လောက်ပဲရှိတာကနေ အခုဆို သိန်း ၂,၅ဝဝ လောက်အထိ ခေါ်လာတယ်။ တောင်ဒဂုံစက်မှုဇုန် (၁) ထဲကဂိုဒေါင်ပါ အကွက် ဧကဝက်ကိုတော့သိန်း ၆,ဝဝဝ လောက် ပြောကြတယ်။ ဇုန်ထဲက အငှားကတော့ တစ်လကိုဂိုဒေါင်အပါ သိန်း ၄ဝ နဲ့ သိန်း ၆ဝအကြား ပေါက်ဈေး ရှိတယ်။ ဇုန်နဲ့နီးတဲ့ လူနေကွက်တွေ ဖြစ်တဲ့ ၂၅ ရပ်ကွက်ထဲက ပေ ၂ဝ x ပေ ၆ဝ မြေကွက်ထဲမှာ ဆောက်ထားတဲ့လုံးချင်းအိမ်တွေဆို ပစ္စည်းထားဖို့နဲ့လူနေဖို့အတွက် ငှားတာများတာကြောင့် တစ်လကိုသုံးသိန်း ကနေငါးသိန်းအထိ ဈေးရှိတယ်။ လမ်းမတန်းနဲ့နီးလို့ အဝင်အထွက်ကောင်းတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ၁၇၊ ၁၈၊ ၁၉၊ ၂ဝ ရပ်ကွက်တွေကျတော့နေမယ့်လူတွေက ဝယ်တာ၊ ငှားတာများတယ်။ ပေ ၂ဝ x ပေ ၆ဝ ကို အထဲမှာ ဆောက်ထားတဲ့ အိမ်ကကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သိန်း ၅ဝဝ လောက်ခေါ်ဈေး ရှိတယ်။ နေရာကောင်းရင်သိန်း ၇ဝဝ၊ သိန်း ၈ဝဝ လောက်ပေးရတယ်။ အဝင်ဝနားက ရပ်ကွက်တွေကအတွင်းကွက်တွေဆို တစ်ကွက်ကိုအနည်းဆုံး သိန်း ၃၅ဝ အပေါ်မှာ ပေါက်ဈေးရှိတယ်။ အဲဒီ ရပ်ကွက်တွေက အိမ်တွေကတော့ ငှားမယ်ဆိုရင် အနည်းဆုံး တစ်လ ငှားခကကျပ် ၅ဝ,ဝဝဝ နဲ့ ၁ဝ,ဝဝဝ ကြား ပေးရတယ်။ အတွင်းဘက်ကျတဲ့ ရပ်ကွက်တွေမှာလည်း အိမ်တွေ အများကြီး ရှိပေမယ့် အဝယ်လက်ကြီးသမားတွေထက် တကယ်နေမယ့် လူတွေအချင်းချင်း ပြန်ရောင်း၊ ပြန်ဝယ်လုပ်ကြ တာပဲ များတယ်။ အခုလောလောဆယ်ရှိတဲ့ ဘတ်စ်ကားလိုင်းတွေထက် နောက်ပိုင်း ပိုများလာမယ်ဆိုရင် ဈေးပိုကောင်းလာနိုင်တယ်။ အခြေအနေပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
Ref : The Trade Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties