By ထိုက်သူဇော်, Shweproperty.com
Updated at 26 September 2014
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် ( အရှေ့ပိုင်း ) မြို့နယ်၌ အိမ်ခန်းပေါင်း တစ်ထောင်ကျော်ပါဝင်သော တန်ဖိုးနည်းအိမ်ရာများအပြင် အခြားတန်ဖိုးနည်း၊ တန်ဖိုးလတ်အိမ်ရာများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန်ဦးလှမြင့်က ပြောဆိုခဲ့ သည်။
ကျူးကျော်
ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄) တတိယနေ့အဖြစ်စက်တင်ဘာ၂၄ရက်တွင် ကျင်းပသည့် အစည်းအဝေးတွင် ကျူးကျော်ကိစ္စ္စရပ်များကို ဆွေးနွေးရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အိမ်ခန်းပေါင်း ၁၁၆၈ ခန်းပါဝင်တဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဆောက်လုပ်ဖို့ လျာထားပြီးတော့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နဲ့ရွှေပြည်သာ မြို့ နယ်တွေမှာလည်း တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်” ဟု၎င်းကပြောဆိုသည်။
တန်ဖိုးနည်း ထို့ပြင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက လှိုင်သာယာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၆၈၈ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၇၆၈ခန်း၊ ရွှေပြည်သာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ အခန်း ၂၆၀၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ တန်ဖိုးနည်းအိမ်ရာ ၁၂၂၄ခန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၄၈ခန်း ၊ မြောက်ဥက္ကလာပမြို့နယ်တွင်တန်ဖိုးလတ်အိမ်ရာ ၃၁၂ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၄၄၈ခန်း၊ ဆိပ်ကမ်းမြို့နယ်၌ တန်ဖိုးလတ်အိမ်ရာ အခန်း၁၂၀၊ တန်ဖိုးနည်းအိမ်ရာ ၁၉၀၉၂ ခန်းစသည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
“ ဒါ့အပြင်သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်းနှစ်အလိုက်အတိုင်းအတာ တစ်ခုအထိ တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်ကြသည့် ရွာနှင့် အိမ်ထောင်စုများကို သစ်တောမြေမှ စွန့်လွှတ်ပြီး ပြည်ထဲရေးအမည်ပေါက်ရွာနှင့် ကျေးရွာများ လုပ်ဆောင်ပေးနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက်ရှိပါတယ်” ဟု မြို့တော်ဝန်က ဆက်လက်ပြောဆိုခဲ့သည်။
Ref : စံတော်ချိန်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties