By The Modern Weekly, Shweproperty.com
Updated at 15 June 2013
ရန်ကုုန်မြို့စွန်ဖြစ်တဲ့ တောင်ဒဂုံက မြေကွက်တချို့မှာ မိုးရာသီရောက်လာတာတောင် ဈေးမအေးတဲ့အပြင် ပိုပြီးအရောင်းအဝယ်ဖြစ်ပြီး ဈေးတက်လာလို့ အိမ်ခြံမြေလုပ်ငန်းလုပ်သူအတော်များများ ခြေချင်းလိမ်နေကြတယ်လို့ ဖြိုးသစ္စာအိမ်ခြံမြေအကျိုးဆောင် ဦးကြည်စိုးက ပြောတယ်။
သူက ‘ပုံမှန်က ဒီဘက်ဆိုရင် လူတွေက မိုးရွာလိုက်ရင်သွားလာရတာခက်တာနဲ့ သိပ်စိတ်မဝင်စားခဲ့ကြဘူး။ အခုတော့ အဲဒီအစဉ်အလာကို ချိုးဖောက်ပြီး မိုးရွာလေ ပိုစည်လေလိုဖြစ်နေတယ်၊ ဈေးကတော့ ပျမ်းမျှတစ်ကွက်ကို နှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် တက်လာတယ်’လို့ပြောတယ်။
ပြီးခဲ့တဲ့နှစ်လကျော်ကျော်ကစပြီး စက်မှုဇုန်နဲ့နီးတဲ့အကွက် အချို့စတင်ဈေးတက်လာခဲ့ပါတယ်။ အခုအချိန်မှာ အဲသည်ရပ်ကွက်ဖြစ်တဲ့ ၁၄၅၊ ၁၄၆၊ ၁၄၇ စတဲ့နေရာတွေမှာက ဝယ်ယူစုဆောင်းသူများလို့ အကွက်တွေရှားသွားပါတယ်။ အဲသည်ဘက်က ဈေးတက်တဲ့အရှိန်နဲ့ အခုအဲသည်အနီးအနားက ရပ်ကွက်အချို့မှာပါ ဈေးကွက်သွက်ပြီး ဈေးတက်လာတာပါ။
အခု အဓိကဈေးကွက်ဖြစ်နေတဲ့ နေရာက ၁၅၄ ရပ်ကွက်ဖြစ်ပြီး အရင်က မြေကွက်တစ်ကွက်ကိုကျပ် သိန်းနှစ်ဆယ်ဝန်းကျင်နဲ့ လွယ်လွယ်ဝယ်လို့ရခဲ့ပေမဲ့အခုအချိန်မှာတော့ ကျပ်သိန်းအစိတ်က ကြမ်းခန်းဈေးဖြစ်သွားပြီလို့ ဆိုတယ်။ ဝယ်ယူသူအများစုက အိမ်ခြံမြေကို ဝယ်ယူစုဆောင်းရင်းနှီး သူများပါတယ်။
‘အခုဆိုရင် ပွဲဖြစ်တာများလာလို့ ကျွန်တော်တို့လိုဝယ်ရောင်းသမားတွေလဲ ဝယ်ရောင်းလုပ်ရတာကိုက် တယ်လေ၊ တချို့နေ့တွေဆို ပိုက်ဆံတောင် မရင်းလိုက်ဘဲ တစ်နာရီနှစ်နာရီအတွင်း ကျပ်ငါးသောင်း တစ်သိန်း မြတ်သွားတဲ့ပွဲတွေတောင်ရှိတယ်’လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
Ref: The Modern Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties