By 7daydaily, Shweproperty.com
Updated at 30 June 2015
တောင်ဒဂုံမြို့နယ်ရှိ မြေ၁၂ ဧကကျော်တွင် အငှားအိမ်ရာ တည်ဆောက်ရန် စိတ်ပါဝင်စား သူ လုပ်ငန်းရှင်များကို တင်ဒါ ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။ အမှတ်(၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အစိုး ရပိုင်မြေ ၁၂ ဧကကျော်တွင် တည်ဆောက်လိုသူ တိုင်းရင်းသားလုပ် ငန်းရှင်များကို ခေါ်ယူခြင်း ဖြစ်သည်။ ယခု စီမံကိန်းမှာ ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်တွင် အ ကောင်အထည်ဖော်မည့် အငှား အိမ်ရာစီမံကိန်းပြီးနောက် ဒုတိယ မြောက်တည်ဆောက်မည်ဖြစ် သည်။ မြေ ၁၂ ဧကတွင် ရှစ်ခန်းတွဲ ခြောက်ထပ် အလုံးပေါင်း ၁၂ လုံးကို တည်ဆောက်ရမည်ဖြစ်ပြီး အငှားအိမ်ရာ စီမံကိန်းနှင့်အတူ ရေ၊ မီး၊ မြောင်း လျှပ်စစ်မီးစနစ် အားလုံးကို လုပ်ငန်းရှင်က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ အစိုးရလုပ်ကိုင်မည့် အငှား အိမ်ရာစီမံကိန်းမှာ တည်ဆောက် သူဘက်က အမြတ်အစွန်း လွန်စွာနည်းပါးသဖြင့် စိတ်ဝင်စားသူ နည်းပါးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ‘‘အခြေခံ လူတန်းစားတွေ နေမှာပဲဆိုပြီး အငှားအိမ်ရာစနစ် ကို ပြီးစလွယ်တော့ မလုပ်ပေးသင့်ဘူး။ သက်သာတဲ့ ဈေးနဲ့လည်း ငှားပေးနိုင်ရမယ်။ ဒီထက်မက အငှားအိမ်ရာတွေ ပိုလုပ်ပေးသင့် သေးတယ်’’ဟု မြို့ပြစီမံကိန်း ပညာရှင် ဦးဝင်းမြင့်က ပြောသည်။ အဆိုပါ အငှားအိမ်ရာစီမံ ကိန်းပြီးစီးပါက အိမ်ခြေမဲ့ ကျူး ကျော်များအတွက် အဓိက ဦးစား ပေးငှားရမ်းသွားမည်ဖြစ်ပြီး အခြေခံ လက်လုပ်လက်စားသမားများ ကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ငှားရမ်းပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာ အခန်းပေါင်း တစ်သောင်း ကျော် လိုအပ်နေသော်လည်း အမှန်တကယ် ဖြည့်ဆည်းပေး နိုင်မှုမှာ ခုနစ်ထောင်ကျော်သာရှိ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏စစ်တမ်း ကောက်ယူချက်အရ သိရသည်။ Ref : 7daydaily Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties