By Myanmar Times, Shweproperty.com
Updated at 5 November 2015
အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအဝယ်ငြိမ်သက်နေတဲ့ကြားထဲမှာ လူနေထိုင်မှု နည်းပါးသေးတဲ့ အိမ်ခြံမြေ ဧရိယာတွေထဲက မြေကွက်လွတ်တွေအနေ နဲ့ ပိုင်ဆိုင်မှုအရှုပ်အရှင်း ကိစ္စတွေကို ပိုသတိထားဖို့ လိုအပ်နေကြောင်း မြို့သစ်မှ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်ဖျား မှာရှိတဲ့ မြို့ကွက်သစ်ဧရိယာဟာ အိမ်ခြံမြေ ဈေးကွက်မှာ တန်ဖိုးနည်းတဲ့အကွက်အကွင်း မှာ အလုပ်လုပ်လိုသူတွေ ထည့်သွင်း စဉ်းစားနိုင်တဲ့ ဧရိယာပဲဖြစ်ပါတယ်။ ဒီလို ဧရိယာထဲက မြေကွက်လွတ်တွေမှာ အလုပ် လုပ်မယ်ဆို အခန့်မသင့်ရင် ပိုင်ဆိုင်မှု အရှုပ်အရှင်းအတွက် ခေါင်းခဲစရာဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရနိုင်ကြောင်း သိရပါတယ်။
မြို့ကွက်သစ်ဧရိယာအတွင်း မြေကွက် လွတ် ဝယ်ယူထားပြီး အိမ်မဆောက်၊ ခြံမခတ်ဘဲ မြေကွက်ကို အလွတ်အတိုင်း ထားထားသူတချို့ဟာ ကိုယ့်မြေနေရာကို တခြားသူ တစ်ယောက်ယောက်က ခြံဝင်းဝင်ခတ်၊ အဆောက်အအုံဝင်ဆောက်ထားတာတွေ ကြုံနေရပြီး အရှုပ်အရှင်းဖြေရှင်း ရတာတွေရှိနေကြောင်း မြို့သစ်မှ အိမ်မြေ အကျိုးဆောင်တချို့က ပြောပါတယ်။
ဒီလိုဖြစ်ရပ်တွေ မကြာခဏကြုံတွေ့နေရပေမယ့် မြို့ကွက်သစ်ဧရိယာတချို့ကို သွားကြည့်ရင် ပိုင်ဆိုင်မှုမခိုင်မာဘဲနဲ့ အရောင်းအဝယ်လုပ်ဖို့ ဆွဲဆောင်နေကြ တာတွေရှိကြောင်းလည်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
တကယ်တော့ ပိုင်ရှင်နှစ်ယောက်ဖြစ် နေတာ၊ စာရွက်စာတမ်းတွေ ထပ်နေတာမျိုးက လူနေကျဲတဲ့ ဧရိယာတွေတင်မဟုတ်ဘဲ အခန့်မသင့်တဲ့အခါ ဖွံ့ဖြိုးပြီးဖြစ်တဲ့ အိမ်ခြံမြေ ဧရိယာတွေမှာပါ တွေ့ကြုံ ရတတ်ပါတယ်။
ဒါကြောင့် လူနေသိပ်မရှိ သေးတဲ့ အိမ်ခြံမြေ အကွက်အကွင်းတွေမှာ အလုပ်လုပ်ရင် စေ့စေ့စပ်စပ် အလုပ်လုပ် ထားဖို့ လိုအပ်သလို ပိုင်ဆိုင်မှုခိုင်မာဖို့ အတွက် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး အမည်ပေါက်ဖြစ်အောင်လုပ် တာကအစ ကုန်ကျစရိတ်ကို မငဲ့ဘဲ လုပ်ဆောင်ထားသင့်ကြောင်း အကျိုးဆောင် တချို့က ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ဆူလွယ်နပ်လွယ် အကျိုးအမြတ်အတွက်ဆိုရင် လူနေကျဲပေမယ့် အလားအလာကောင်းရှိနေတဲ့ ဧရိယာတွေမှာလည်း မဖြစ်မနေ တွက်ချက်အလုပ် လုပ်တတ်ဖို့ လိုအပ်ပါတယ်။ အမှားအယွင်းဖြစ်မှာကြောက် ပြီး အလုပ်လုပ်ဖို့ ပစ်ပယ်ထားရင်လည်း မဖြစ်နိုင်တာကြောင့် နားလည်သူတွေရဲ့ အကူအညီကို မဖြစ်မနေယူသင့်ကြောင်း လုပ်သက်ရင့်အိမ်မြေအကျိုးဆောင်တချို့က အကြံပြုပါတယ်။
Ref : Myanmar Times
Photo Credit : uscnews
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties