By Ra Wai, Shweproperty.com
Updated at 1 August 2020
မြန်မာအစိုးရ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု ဆိုသည်။
ဂျပန်စီးပွားရေးအဖွဲ့ချုပ် (Keidanren) ကဲ့သို့သော ဂျပန်ကုမ္ပဏီများ တက်ရောက်ခဲ့သည့် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုတွင် ဗီဒီယိုကွန်ဖရင့်၌ စကားပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က "အလုပ်အကိုင်ဖန်တီးပေးမှုဟာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှာ အဓိကအချက်ပဲ "ဟု ပြောသည်။
မွန်ပြည်နယ် ကမ်းရိုးတန်းတွင် ပင်လယ်ဆိပ်ကမ်းနှင့် စက်မှုဇုန်တို့ကို တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုင်းနှင့် ဗီယက်နမ်ကို ဆက်သွယ်မည့် အဝေးပြေးလမ်းမကြီးသည် မွန်ပြည်နယ်ကို ဖြတ်သန်းသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံမှုဝန်ကြီး ဦး သောင်းထွန်းက“ ဒီစီးပွားရေးဇုန်အသစ်ဟာ မြန်မာနိုင်ငံရဲ့အခြားစီးပွားရေးဇုန်တွေထက် ပိုကြီးပြီး ပိုကောင်းတဲ့ချိတ်ဆက်မှု ဖြစ်သင့်တယ်” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ရန် မျှော်လင့်နေသည်။ ဂျပန်သည် ၎င်း၏ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သည်။ မြန်မာအစိုးရ၏ပြောကြားချက်အရ ၂၀၁၁ ခုနှစ်အတွင်းဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁.၇ ဘီလီယံရှိခဲ့သည်။
Keidanren ၏ Japan Myanmar Economic Committee ၏ဥက္ကဋ္ဌ ဖြစ်သူ Ken Kobayashi က“ coronavirus ကြောင့် ထောက်ပံ့ရေးကွင်းဆက်ကို ပြန်လည်စဉ်းစားတဲ့ အရွေ့တစ်ခု ရှိနေတယ်၊ မြန်မာနိုင်ငံဟာ စက်ရုံများပြန်လည်နေရာချထားခြင်းအတွက် ဖြစ်နိုင်ခြေရှိသောကြောင့် ပိုမိုအာရုံစိုက်လာလိမ့်မယ် ထင်ပါတယ်” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အထည်ချုပ်လုပ်ငန်း ထုတ်ကုန်များကို အဓိကတင်ပို့သည် ဖြစ်သော်လည်း ကူးစက်ရောဂါကြောင့် စက်မှုလုပ်ငန်းများ အကြီးအကျယ် ထိခိုက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တွင်အတည်ပြုပြီးသော ကူးစက်မှုလူနာ စုစုပေါင်း ၃၅၀ ခန့်သာရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် V ပုံစံဖြင့် စီးပွားရေးပြန်လည်နာလန်ထူနိုင်မည်ဟု သူမယုံကြည်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ဖွံ့ဖြိုးဆဲ အထူးစီးပွားရေးဇုန် (၃) ခုရှိသော်လည် ဂျပန်နှင့်ပူးတွဲဖွင့်လှစ်သောသီလဝါစီးပွားရေးဇုန် တစ်ခုသာ အသက်ဝင်သေးသည်။ မြန်မာနိုင်ငံအနောက်ဘက်ခြမ် းကျောက်ဖြူရှိ စီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့် ပူးတွဲဖွင့်လှစ်သွားမည်ဖြစ်သော်လည်း ဆောက်လုပ်ရေးကို မစတင်နိုင်သေးပေ။
ဒေါ်အောင်ဆန်းစုကြည်က စက်မှုဇုန်သစ်တစ်ခုအား ရန်ကုန်အနောက်ဘက်ခြမ်းတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မကြာမီတင်ဒါခေါ်ယူမှုစတင်မည်ဖြစ်သည်။ စက်မှုဇုန်ဥယျာဉ်ကို တရုတ်နိုင်ငံက စတင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံသည်ဂျပန်ကုမ္ပဏီများကို ဖိတ်ကြားလိမ့်မည်။
Credit : Myanmar Builders Guide
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties