By Eleven Media Group, Shweproperty.com
Updated at 13 December 2018
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် အိမ်ရာအသစ်များ ဆောက်လုပ်ခြင်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပြီး အဆောက်အအုံများကို ဝန်ထမ်းအိမ်ရာအဖြစ် ဝယ်ယူခြင်းများလည်း လုပ်ဆောင်နေကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော်ထပ်မံဆောက်လုပ်မည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှဝန်ထမ်းများအတွက် အိမ်ရာ ၁၉၅ ခု၊ အိမ်ခန်းပေါင်း၂၂၅၄ ခန်း၊ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာပေါင်းသုံးခု၊ အိမ်ခန်းပေါင်း ၃၂ ခန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ် ခန်း ၅၂၃ ခန်းဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက်က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေသနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့်ဝန်ထမ်း အိမ်ရာတွေမှာ အရင်ကာလတိုဘဏ္ဍာနှစ်မှာ မပါခဲ့တဲ့ဦးစီးဌာနက ဝန်ထမ်းတွေအတွက် လည်းထည့်တွက် ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် Update ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြုကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သော ရောဂါနှိမ်နင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး /ပြည်နယ်သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများ ထားရှိရေးတို့ဖြစ်ကြောင်း နှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်ကို သတင်းအချက်အလက်နှစ် (Year of Date and Information)၊ ဘဏ္ဍာနှစ်ရန်ပုံငွေများကို အကျိုးရှိစွာခွဲဝေသုံးစွဲသည့်နှစ် ((Year of Budget ) နှင့်ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ် (Year of Staff housing) ဟုသတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းများအသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့လျှော့ချထားပြီး ဆောက်လက်စဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေ ချထားဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်က ခွဲဝေချထားပေးသည့်ကျန်ရှိသောဆောက်လုပ်ရေး ဆိုင်ရာရန်ပုံငွေများကို တစ်ပြည်လုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးအစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။
Ref & Photo Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties