By Myanmar Builders Guide, Shweproperty.com
Updated at 20 August 2018
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအတွင်းရှိလှိုင်သာယာဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များ သွားလာရေးမလွယ်ကူသဖြင့် ဝန်ထမ်းအိမ်ရာ များစီစဉ်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
လှိုင်သာယာမြို့နယ်သည်ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်များအနက် လူဦးရေထူထပ်ပြီး ရွှေ့ပြောင်းလုပ်သားအများဆုံးနေထိုင်သော မြို့နယ်တစ်ခုဖြစ်သည်။ယင်းအတွက်ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ထိရောက်လျင်မြန်စေရန် ဝန်ထမ်းအိမ်ရာများ စီစဉ်ပေးခြင်းဖြစ်ပြီး လတ်တလောတွင် နိုင်ငံတော်မှ တည်ဆောက်ပြီးစီးသောအိမ်ရာများတွင်နေထိုင်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ထို့ပြင်လှိုင်သာယာဆေးရုံကြီးအား သင်ကြားရေးဆေးရုံကြီးအဖြစ်ပြောင်းလဲဖော်ဆောင်ရန်စီစဉ်လျက်ရှိသည်။
ယခင်က လှိုင်သာယာဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများမရှိသည့်အတွက်ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့သာသွားရောက်ကုသမှုခံယူသူများပြားခဲ့ကြောင်း၊ယင်းအတွက်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သတ်မှတ်လူနာဦးရေထက် ပိုမိုများပြားခဲ့ပြီး တာဝန်ကျ ဆရာဝန်များအနေဖြင့်လည်း လှိုင်သာယာဆေးရုံကြီးသို့ မြို့တွင်း မှ သွားမည်ဆိုပါကအချိန်ကြန့်ကြာမှုရှိသည့် အတွက် သွားရောက်တာဝန်ထမ်းဆောင်လိုသူနည်းပါးခြင်းဖြစ်ကြောင်း၊ယင်းအတွက်ဝန်ထမ်းအိမ်ရာ များစီစဉ်ပေးနိုင်မည်ဆိုပါကအဆင်ပြေမည်ဖြစ်သည့်အတွက် ထီးလှိုင်ရှင်အိမ်ရာနှင့် ကျန်စစ်သားအိမ်ရာတို့တွင် ဝယ်ယူစီစဉ်ပေးနိုင်ရန်အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လက်ရှိတွင် ဆေးရုံဝင်းအတွင်းလူနာဆောင်များနှင့် ကုသဆောင်များကိုလည်း တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်နိုင်ငံပိုင်ဆေးရုံပေါင်း ၁၁၄၃ ခုရှိပြီး ယင်းအနက်ရန်ကုန်တိုင်းဒေသကြီးတွင်အများဆုံးဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties