By The Mandalay News Journal, Shweproperty.com
Updated at 18 July 2018
မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ဝန်ထမ်းအိမ်ရာများတွင် အခြေခံ ပညာရေးဝန်ထမ်းများအား ၅ဝရာခိုင်နှုန်း ဦးစားပေးရွေးချယ်၍ နေရာချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ထမ်းအိမ်ရာ ချထားရေးမူဝါဒအရ သိရသည်။
အဆိုပါ မူဝါဒအရ ဆောက်လုပ် သည့် ဝန်ထမ်းအိမ်ရာအရေအတွက်၏ ငါးဆယ်ရာခိုင်နှုန်းတွင် ပထဦးစားပေး အဖြစ် အခြေခံပညာရေးဝန်ထမ်းများ အားလည်းကောင်း၊ ဒုတိယဦးစားပေး အဖြစ် လစာနည်းဝန်ထမ်းများအား လည်းကောင်း၊ တတိယဦးစားပေးအ ဖြစ် လုပ်သက်ရင့်ဝန်ထမ်းများအား လည်းကောင်း၊ လျှောက်ထားသူဝန် ထမ်း၏ အိမ်ထောင်ဘက်သည်လည်း ဝန်ထမ်းဖြစ်ပါက စတုတ္ထဦးစားပေး အနေဖြင့် ရွေးချယ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
''ကျွန်တော်တို့က ဝန်ထမ်းအိမ် ရာနဲ့ပတ်သက်ပြီး အလွန်အလေးထား လုပ်ဆောင်နေပါတယ်။ မြို့နယ်အလိုက် ဝန်ထမ်းအင်အားနဲ့ အိမ်ရာပေးနိုင်မှု ကို အမြဲဆန်းစစ်ပြီး မြေနေရာရတာ နဲ့ အိမ်ရာတွေ ဆောက်လုပ်ပေးဖို့ ကြိုးစားနေပါတယ်။ အခြေခံပညာရေး ဆရာ၊ ဆရာမက ကျွန်တော်တို့နိုင်ငံ သားတွေရဲ့ နှလုံးသားတွေကို တပ် ဆင်ပေးနေကြသူတွေပါ။ ဒါကြောင့် ကောင်းမွန်တဲ့ နှလုံးသားတွေကို တပ် ဆင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေက သူတို့ အသက်မွေးဝမ်းကျောင်းအလုပ် မှာ ယုံကြည်ကိုးစားမှုရှိပြီး လုပ်နိုင် အောင် အိမ်ရာတွေကို ဦးစားပေးချ ထားပေးဖို့ မူဝါဒ ချမှတ်ထားပါတယ်။ ဒါ့အပြင် အိမ်ထောင်မရှိတဲ့ ဝန်ထမ်း တွေအနေနဲ့ ခြောက်ယောက်နှုန်းနဲ့ တစ်ခန်းနေထိုင်ခွင့်လျှောက်ထားရင် လည်း ဦးစားပေးနေရာချထားပေးမှာ ပါ'' ဟု ဝန်ကြီးက ပြောကြားသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသ ကြီးအတွင်း၌ တာဝန်ထမ်းဆောင်နေ ကြသော ဝန်ထမ်းအရေအတွက်မှာ ၅၆၁၆၂ ဦးရှိသည့်အနက် တိုင်းဒေသ ကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂ဝ၁၈-၂ဝ၁၉ ခြောက်လဘတ် ဂျက်အထိ ဝန်ထမ်းအိမ်ရာနေရာချ ထားပေးနိုင်မှုအနေဖြင့် ၅ဒသမ၃၅ ရာခိုင်နှုန်းရှိပြီး တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဌာနများအလိုက် အိမ် ရာများ တည်ဆောက်ပြီး နေရာချထား ပေးမှုမှာ ၂၄ဒသမ၃၅ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ထမ်းအိမ်ရာတွင် နေ ထိုင်ခွင့်ရရှိသူများမှ အိမ်ခန်းငှားရမ်းခ အဖြစ် အမှုထမ်းဝန်ထမ်းဖြစ်ပါက လစာ၏ သုံးရာခိုင်နှုန်းနှင့် အရာထမ်း ဝန်ထမ်းများအတွက် လစာ၏ ငါးရာ ခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရ သည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်း ကျေးရွာအနီးတွင် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်တည်ဆောက်နေသည့် ဝန်ထမ်း အိမ်ရာအခန်းပေါင်း ၂၆ဝ မှာ ပြီးစီးသွားပြီဖြစ်သည့်အတွက် နေရာချထား ပေးနိုင်ရန် စိစစ်ရွေးချယ်လျက်ရှိ ကြောင်း သိရသည်။
Ref & Photo Credit : The Mandalay News Journal
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties