By Myanmar Builders Guide, Shweproperty.com
Updated at 6 November 2019
#Unicode
တစ်နှစ်လျှင် အငြိမ်းစားယူမည့် ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူ လိုသည့်အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော်ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ဖြေကြားခဲ့သည်။
နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ ဒေါ်သီရိရတနာက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေးအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှု အခြေအနေ၊ အကောင်အထည်ဖော် ပြီးစီးမှု ရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင်ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ အငြိမ်းစားယူသည့်အခါ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ဝန်ကြီးဌာနများ ပူးပေါင်းပြီး သုံးနှစ်အတွင်း အငြိမ်းစားယူကြမည့် နိုင်ငံ့ဝန်ထမ်းများ အပြီးအပိုင်ရောင်း အိမ်ရာများ ဆောက်လုပ်နိုင်ရန် အိမ်ရာလိုအပ်ချက်မေးခွန်းလွှာများကို ၂၀၁၇ ခုနှစ်တွင် ဝန်ကြီးဌာနများသို့ ဖြန့်ဝေပြီး အိမ်ရာလိုအပ်ချက် စစ်တမ်းများ ကောက်ယူခြင်း၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက “စစ်တမ်းတွေအရ တစ်နှစ်မှာ အငြိမ်းစားယူမယ့် နိုင်ငံ့ဝန်ထမ်းဦးရေဟာ ၂၀၀၀၀ ကျော်ရှိပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံခန့်က အိမ်ခန်းဝယ်ယူ လိုတဲ့အတွက်အိမ်ရာလိုအပ်ချက်ပေါင်းက တစ်နှစ်မှာ ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အများစုကတော့ အိမ်ရာချေးငွေနဲ့ ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်မှာအခြေချ နေထိုင်လိုတဲ့ မြို့တွေကတော့ ရန်ကုန်မြို့မှာ ၁၀၈၁၉ ဦး၊ မန္တလေးမြို့မှာ ၃၆၆၃ ဦး၊ နေပြည်တော်မှာ ၁၁၂၅ ဦးနဲ့ အ ခြားမြို့တွေကိုလည်း မျှပြီးတော့ဆန္ဒပြုထား တာတွေ့ရှိရပါတယ်။ အဲဒီအတွက် အိမ်ခန်း လိုအပ်ချက်မှာ ရန်ကုန်မြို့မှာ အများဆုံးဖြစ် ပြီး မန္တလေးမြို့ကတော့ ဒုတိယအများဆုံး ဖြစ်တာကို တွေ့ရပါတယ်။
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအတွက် တန်ဖိုးသင့်တင့်တဲ့ အ ရောင်းအိမ်ရာတွေကို ဝယ်ယူခွင့်ပြုနိုင်ဖို့ လို အပ်သကဲ့သို့ ဝယ်ယူနိုင်ဖို့ အခက်အခဲရှိတဲ့ အငြိမ်းစားတွေအတွက်အငှားအိမ်ရာတွေ စီစဉ်ပေးဖို့ လိုအပ်တာကို တွေ့ရှိရပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။
အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်း ပေးလျက်ရှိပြီး အိမ်ခန်းများ ချထားရေးကို တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာဖြည့်ဆည်းပေးရာတွင် နိုင်ငံတော်မှ ချမှတ်ထားပေးသော ရန်ပုံငွေဖြင့် အငှားအိမ်ရာနှင့် အရောင်းအိမ်ရာများ တည်ဆောက်ချထားပေးခြင်း၊ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ PPP စနစ်ဖြင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရောင်းချပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူ၍ အရစ်ကျအိမ်ရာ ချေးငွေစနစ်ဖြင့်ဆောက်လုပ်ရောင်းချ ပေးခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ သွားလာရေး လွယ်ကူသော နေရာများတွင်သာ ပြည်သူများ အခြေချ နေထိုင်လိုခြင်းဖြစ်၍ အိမ်ရာဆောက်လုပ်ရန် မြေနေရာအခက်အခဲ ရှိသည့်အတွက် အခြားဝန်ကြီးဌာနများမှ သုံးစွဲနေသည့် မြို့တွင်းသွားလာရ လွယ်ကူသော မြေနေရာ အပိုများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်းအားဖြင့်လိုအပ်သည့် အိမ်ရာများ ပိုမိုဆောက်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန/မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်း သက်သာသည့်နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြားအချိုးကျ ခွဲဝေရောင်းချ ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
#Zawgyi
တစ္ႏွစ္လွ်င္ အၿငိမ္းစားယူမည့္ ဝန္ထမ္းဦးေရ ၂၀၀၀၀ ေက်ာ္ရွိၿပီး ယင္းတို႔အနက္ သုံးပုံႏွစ္ပုံခန႔္မွာ အိမ္ခန္းဝယ္ယူ လိုသည့္အတြက္ တစ္ႏွစ္လွ်င္ အိမ္ရာလိုအပ္ခ်က္ ၁၃၀၀၀ ယူနစ္ေက်ာ္ေဆာက္လုပ္ေပးရမည္ဟု ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္၌ ေျဖၾကားခဲ့သည္။
ႏိုဝင္ဘာ ၄ ရက္က ျပဳလုပ္သည့္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးတြင္ မြန္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ ၁၂ မွ ေဒၚသီရိရတနာက ႏိုင္ငံ့ဝန္ထမ္းမ်ား အၿငိမ္းစားယူသည့္အခါ ဘဝေနထိုင္ေရးအဆင္ေျပေစရန္ ဝန္ထမ္းအိမ္ရာမ်ား ေဆာက္လုပ္ရန္အတြက္ ဝန္ထမ္းမ်ားအား စစ္တမ္းေကာက္ယူထားမႈ အေျခအေန၊ အေကာင္အထည္ေဖာ္ ၿပီးစီးမႈ ရာခိုင္ႏႈန္းႏွင့္ မည္သည့္ကာလတြင္ဝန္ထမ္းမ်ားလက္ဝယ္သို႔ ေပးအပ္ႏိုင္မည္ကို သိရွိလိုေၾကာင္း ေမးျမန္းခဲ့သည္။
အဆိုပါ ေမးျမန္းမႈႏွင့္ ပတ္သက္ၿပီး ဒုတိယဝန္ႀကီးက ႏိုင္ငံ့တာဝန္ ထမ္းေဆာင္ေနၾကသည့္ ဌာနဆိုင္ရာ အသီးသီးမွ အရာထမ္း၊ အမႈထမ္းမ်ား အၿငိမ္းစားယူသည့္အခါ ေနထိုင္ေရးအဆင္ေျပေစရန္အတြက္ ဝန္ႀကီးဌာနမ်ား ပူးေပါင္းၿပီး သုံးႏွစ္အတြင္း အၿငိမ္းစားယူၾကမည့္ ႏိုင္ငံ့ဝန္ထမ္းမ်ား အၿပီးအပိုင္ေရာင္း အိမ္ရာမ်ား ေဆာက္လုပ္ႏိုင္ရန္ အိမ္ရာလိုအပ္ခ်က္ေမးခြန္းလႊာမ်ားကို ၂၀၁၇ ခုႏွစ္တြင္ ဝန္ႀကီးဌာနမ်ားသို႔ ျဖန႔္ေဝၿပီး အိမ္ရာလိုအပ္ခ်က္ စစ္တမ္းမ်ား ေကာက္ယူျခင္း၊ ျဖစ္ေျမာက္ႏိုင္စြမ္း ေလ့လာမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္းေျပာၾကားခဲ့သည္။
ဒုတိယဝန္ႀကီးက “စစ္တမ္းေတြအရ တစ္ႏွစ္မွာ အၿငိမ္းစားယူမယ့္ ႏိုင္ငံ့ဝန္ထမ္းဦးေရဟာ ၂၀၀၀၀ ေက်ာ္ရွိပါတယ္။ အဲဒီထဲက သုံးပုံႏွစ္ပုံခန႔္က အိမ္ခန္းဝယ္ယူ လိုတဲ့အတြက္အိမ္ရာလိုအပ္ခ်က္ေပါင္းက တစ္ႏွစ္မွာ ၁၃၀၀၀ ယူနစ္ေက်ာ္ ေဆာက္လုပ္ေပးရမွာ ျဖစ္ပါတယ္။ အမ်ားစုကေတာ့ အိမ္ရာေခ်းေငြနဲ႔ ဝယ္ယူလိုျခင္းျဖစ္ၿပီး အၿငိမ္းစားယူခ်ိန္မွာအေျခခ် ေနထိုင္လိုတဲ့ ၿမိဳ႕ေတြကေတာ့ ရန္ကုန္ၿမိဳ႕မွာ ၁၀၈၁၉ ဦး၊ မႏၲေလးၿမိဳ႕မွာ ၃၆၆၃ ဦး၊ ေနျပည္ေတာ္မွာ ၁၁၂၅ ဦးနဲ႔ အ ျခားၿမိဳ႕ေတြကိုလည္း မွ်ၿပီးေတာ့ဆႏၵျပဳထား တာေတြ႕ရွိရပါတယ္။ အဲဒီအတြက္ အိမ္ခန္း လိုအပ္ခ်က္မွာ ရန္ကုန္ၿမိဳ႕မွာ အမ်ားဆုံးျဖစ္ ၿပီး မႏၲေလးၿမိဳ႕ကေတာ့ ဒုတိယအမ်ားဆုံး ျဖစ္တာကို ေတြ႕ရပါတယ္။
ႏိုင္ငံ့ဝန္ထမ္း အၿငိမ္းစားေတြအတြက္ တန္ဖိုးသင့္တင့္တဲ့ အ ေရာင္းအိမ္ရာေတြကို ဝယ္ယူခြင့္ျပဳႏိုင္ဖို႔ လို အပ္သကဲ့သို႔ ဝယ္ယူႏိုင္ဖို႔ အခက္အခဲရွိတဲ့ အၿငိမ္းစားေတြအတြက္အငွားအိမ္ရာေတြ စီစဥ္ေပးဖို႔ လိုအပ္တာကို ေတြ႕ရွိရပါတယ္” ဟု လႊတ္ေတာ္၌ ေျပာၾကားခဲ့သည္။
အိမ္ရာလိုအပ္ခ်က္ အမ်ားဆုံးျဖစ္သည့္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္း ေဒသႀကီးမ်ားတြင္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စုရန္ပုံေငြ က်ပ္ ၁၅ ဘီလ်ံ၊ အငွားအိမ္ရာ အခန္းေပါင္း ၈၁၂ ခန္း တည္ေဆာက္ေပးခဲ့ေၾကာင္း၊ ၂၀၁၉- ၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ေနျပည္ေတာ္၌ အခန္းေပါင္း ၁၂၀ထပ္မံတည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း၊ အျခားတိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အစိုးရ အဖြဲ႕မ်ားအေနျဖင့္ ႏိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာ စီမံကိန္းမ်ားကို တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕ ရန္ပုံေငြျဖင့္ ေဆာက္လုပ္ျဖည့္ဆည္း ေပးလ်က္ရွိၿပီး အိမ္ခန္းမ်ား ခ်ထားေရးကို တာဝန္ယူေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားသည္။
ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ အိမ္ရာျဖည့္ဆည္းေပးရာတြင္ ႏိုင္ငံေတာ္မွ ခ်မွတ္ထားေပးေသာ ရန္ပုံေငြျဖင့္ အငွားအိမ္ရာႏွင့္ အေရာင္းအိမ္ရာမ်ား တည္ေဆာက္ခ်ထားေပးျခင္း၊ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚ၍ PPP စနစ္ျဖင့္ အိမ္ရာစီမံကိန္းမ်ား ေဆာက္လုပ္ေရာင္းခ်ေပးျခင္း၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားထံမွ ေခ်းေငြရယူ၍ အရစ္က်အိမ္ရာ ေခ်းေငြစနစ္ျဖင့္ေဆာက္လုပ္ေရာင္းခ် ေပးျခင္းတို႔ျဖင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ သြားလာေရး လြယ္ကူေသာ ေနရာမ်ားတြင္သာ ျပည္သူမ်ား အေျခခ် ေနထိုင္လိုျခင္းျဖစ္၍ အိမ္ရာေဆာက္လုပ္ရန္ ေျမေနရာအခက္အခဲ ရွိသည့္အတြက္ အျခားဝန္ႀကီးဌာနမ်ားမွ သုံးစြဲေနသည့္ ၿမိဳ႕တြင္းသြားလာရ လြယ္ကူေသာ ေျမေနရာ အပိုမ်ားကို ေဆာက္လုပ္ေရး ဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးျခင္းအားျဖင့္လိုအပ္သည့္ အိမ္ရာမ်ား ပိုမိုေဆာက္လုပ္ ေပးႏိုင္မည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားခဲ့သည္။
ေဆာက္လုပ္ေရး ဝန္ႀကီးဌာန/ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနမွ ႏိုင္ငံ့ဝန္ထမ္းမ်ား အပါအဝင္ ဝင္ေငြနည္း ျပည္သူမ်ားအတြက္ ဝယ္ယူႏိုင္စြမ္းရွိေစမည့္ အေရာင္းအိမ္ရာမ်ားကို ၂၀၁၇ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ အျခားၿမိဳ႕ႀကီးမ်ားတြင္ စုစုေပါင္းအိမ္ခန္း ၈၄၁၆ ခန္း တည္ေဆာက္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ အတိုးႏႈန္း သက္သာသည့္ႏွစ္ရွည္အိမ္ရာ ေခ်းေငြစနစ္ႏွင့္ ခ်ိတ္ဆက္ဝယ္ယူႏိုင္ရန္ စီစဥ္ေပးလ်က္ရွိေၾကာင္း၊ ေဆာက္လုပ္ၿပီး တန္ဖိုးနည္း၊ တန္ဖိုးသင့္ တိုက္ခန္းမ်ားကို ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအၾကားအခ်ိဳးက် ခြဲေဝေရာင္းခ် ေပးလ်က္ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ရန္ကုန္ၿမိဳ႕တြင္ တန္ဖိုးနည္းအိမ္ရာမ်ားကို ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ဖိတ္ေခၚေဆာင္႐ြက္ကာ ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားကို ေရာင္းခ်ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ေျပာၾကားသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties