By Myanmar Builders Guide, Shweproperty.com
Updated at 5 September 2019
မလေးရှားထိပ်တန်းကုမ္ပဏီ BERJAYA နှင့်ပူးပေါင်းပြီး ပင်စင်ဝန်ထမ်း ၃၀၀၀၀ ခန့်အတွက် Dagon Seikkan Smart City District စီမံကိန်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဩဂုတ်လ ၃၀ ရက်ကကျင်းပသည့် Malaysia-Myanmar Connect 2019 ပွဲတွင်ပြောသည်။
အဆိုပါစီမံကိန်းကို အစိုးရဘတ်ဂျက်ဖြင့်တည်ဆောက်ရန်စတင်ခဲ့သော်လည်း အချိန်ကြာမြင့်မည့်အခြေ အနေတွင်ရှိခြင်းကြောင့် လုပ်ငန်းများမြန်ဆန်စွာ ပြီးစီးရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းပြီးဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
၎င်းစီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ ဝန်ထမ်းများအတွက် ဆောင်ရွက်သည့် အိမ်ရာ စီမံကိန်းဖြစ်ပြီး အိမ်ရာလေးလုံးခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ဝန်ကြီးချုပ်က အဆိုပါစီမံကိန်းကို ပုဂ္ဂလိကနှင့်မြန်မြန်ဆန်ဆန်ဆောင်ရွက်လိုက်ခြင်းဖြင့် ကာလတိုအ တွင်းပြီးစီးပြီး ဝန်ထမ်းများ နေရေးအတွက် စီမံပေးနိုင်မှာဖြစ်ကြောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်ကို နေပြည်တော်ကနေ ၂၀၂၀ တွင်ပင်စင်ယူမည့် ဝန်ထမ်း ၃၀၀၀၀ များက ရန်ကုန်တွင်နေလိုပါကြောင်း၊ဆောင်ရွက် ပေးနိုင်မည်ဆိုပါလျှင် မြန်မြန်ဆောင်ရွက်ပေးပါရန်ဆိုထားသည့်အတွက် ယခုစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍက တင်ဒါခေါ်ခဲ့ပါကြောင်း၊ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကုမ္ပဏီများထဲမှ မလေးရှား၏ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ် သည့် BERJAYA ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း ပြောထားသည်။
အစိုးရအား အခွင့်အလမ်းအများဆုံးပေးသည့်ကုမ္ပဏီကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties