By Sint Sint, Shweproperty.com
Updated at 11 January 2021
ကော်ဖီ၊ ချောကလက်တွေဆိုတာ အရသာခံလို့တော့ သိပ်ကောင်းပေမယ့် အဝတ်တွေပေါ်မှာ ပေစွန်းသွားရင်တော့ သိပ်စိတ်ရှုပ်ရတတ်ပါတယ်။ ဒါတွေအတွက် လွယ်ကူသက်သာလှတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ စိတ်ညစ်စရာမလိုတော့ပါဘူး။ အိမ်ရှင်မတွေ စိတ်ရှုပ်ရတဲ့ အစွန်းအထင်းကွက်တွေကို ဖယ်ရှားနိုင်ဖို့ အချိန်ကုန်သက်သာစေတဲ့ အိမ်တွင်းနည်းလမ်း ၇ သွယ် ကို တင်ဆက်ပေးပါရစေ။ နှုတ်ခမ်းနီပေတဲ့အခါ ဆံပင်ပုံသွင်းဆေး နဲ့ အဝတ်စိုလေးလိုပါမယ်။ နှုတ်ခမ်းနီပေတဲ့နေရာကို Hairspray လေးဖြန်းပေးပြီး ၁၀ မိနစ်လောက် စောင့်ပေးပါ။ ပြီးရင်တော့ အဝတ်စိုလေးတစ်ခုနဲ့ ပွတ်သပ်သန့်ရှင်းပေးလိုက်ပါ။ ဒါဆိုတော့ ပုံမှန်လျှော်နေကျအတိုင်း အဝတ်လျှော်ပေးလိုက်ရုံနဲ့ အစွန်းအပေတွေ ကင်းသွားပါလိမ့်မယ်။ ကော်ဖီဖိတ်ကျတဲ့အခါ ရေအေးလေးနဲ့ ပန်းကန်ဆေးဆပ်ပြာရည်သာ လိုပါတယ်။ ကော်ဖီဖိတ်ကျလို့ နည်းနည်းကြာနေပြီဆိုရင်တော့ ရေအေးနဲ့ ဆပ်ပြာရည်ကို ရောစပ်သုံးပေးပြီး အဝတ်ပေါ်ကအစွန်းအထင်းလေးကို အသာအယာသပ်ချပေးပါ။ နာရီဝက်လောက် ထပ်ထားပြီး ရေနဲ့ပြန်ဆေးချလိုက်ရုံပါပဲ။ မင်စွန်းပေတဲ့အခါ ဆံပင်ပူံသွင်းဆေး Hairspray နဲ့ အဝတ်သန့်ကလေးသာလိုပါတယ်။ မင်စွန်းတဲ့နေရာကို Hairspray နိုင်နိုင်ဖြန်းပေးပြီး 10 မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ အဝတ်သန့်လေးနဲ့ အသာအယာတို့တို့ ပေးပြီး စိတ်တိုင်းကျ တဲ့အခါ လျှော်ဖွပ်လိုက်တာနဲ့ မင်စွန်းတွေပြယ်သွားလိမ့်မယ်။ အညစ်အကြေးတွေလူးလာရင် ရှာလကာရည်တစ်ဆ နဲ့ ရေတစ်ဆ ဆတူရောစပ်လိုက်ပါ။ အညစ်အကြေး အကွက်နေရာတွေပေါ် လောင်းချပြီး ၁၀ မိနစ် လောက် စိမ်ထားပေးလိုက်ရုံပါပဲလေ။ ပေတာတွေနည်းနည်းကျန်နေသးရင် ထပ်လောင်းပေးပြီး ပွတ်သပ်ပေးလိုက်ပါ။ ပြီးရင်တော့ လျှော်ချလိုက်ရုံပါပဲ။ ချောကလက်တွေ ပေလူးသွားရင် ဓားတစ်ချောင်း၊ ရေနဲ့ နို့၊ အဝတ်လျှော်ဆပ်ပြာရည်တွေ လိုအပ်ပါလိမ့်မယ်။ ဓားလေးနဲ့ ချောကလက်တွေကို ခြစ်ချလိုက်ပါ။ ကျန်နေတဲ့ အကွက်ကိုတော့ နို့ရည်လေးလောင်းချပေးပြီး ငါးမိနစ်စာနှပ်ထားပေးလိုက်ပါ။ ပြီးတာနဲ့ ရေအေးလောင်းချပြီး လက်နဲ့သာပွတ်တိုက်သန့်စင် ပေးလိုက်ပါ။ ထုံးစံအတိုင်းပဲ လျှော်လို့ရပါပြီ။ မိတ်ကပ်တွေပေပွသွားရင် အရက်ပြန်ရယ်၊ ဂွမ်းဖတ်လေးရယ် လိုပါမယ်။ စင်သွားအောင် လုပ်ဖို့ကလွယ်ပါတယ်။ အရက်ပြန်ကိုဂွမ်းနဲ့တို့ပြီး သန့်စင်သွားတဲ့အထိ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးလိုက်ရုံပါပဲ။ သွေးကွက်တွေ ဖယ်ချင်ရင် ရေ၊ စားပွဲတင်ဆားနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် တွေ လိုပါမယ်။ ဆားနဲ့ရေကို ခွက်လေးထဲမှာ ဖျော်ပေးလိုက်ပါ။ ပြီးရင်သွေးကွက်ပေါ်မှာ ဆယ်မိနစ်စာလောက် စိမ်ထားပေးလိုက်ပါ။ ပြီးရင်ရေဆေးချပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ကို ထပ်ထည့်ပေးပြီး ငါးမိနစ်စာ ထားပေးပါ။ လျှော်ဖွပ်လိုက်တာနဲ့ သွေးကွက်တွေ သန့်စင်သွားပါမယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်ထဲမှာ အဝတ်လှန်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ် ကျန်းမာရေးဆိုးကျိုးများ ငါးကန်ရှိတဲ့အိမ်တိုင်းသတိပြုသင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အသက်အန္တရာယ် အိမ်မှာ အသုံးပြုနေပြီး မပေါ့ဆသင့်သည့် အဝတ်အစားတွေ ကြားထဲက ပရုတ်လုံး၏ အန္တရာယ် အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ် Ref : Xyznews Photo Credit : Mystylemyanmar Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties