By The Voice, Shweproperty.com
Updated at 18 September 2017
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရည်ရွယ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောက်လုပ်ရေးကုမ္ပဏီများကို ကုမ္ပဏီအဆင့်အတန်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများ အဆင့်အတန်း သတ်မှတ် အသိအမှတ်ပြုရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ တည်ဆောက်ရေး လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောက်ရွက်လိုသည့်ကုမ္ပဏီများ၊ တည်ဆောက်ရေးပစ္စည်း ပေးသွင်းသည့်ကုမ္ပဏီများ၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီများ၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ အကြံဉာဏ်ပေးသော ကုမ္ပဏီများအနေနှင့် ဝန်ကြီးဌာနသို့ ကုမ္ပဏီအဆင့်အတန်း သတ်မှတ်ရန်အတွက် လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
ယင်းကုမ္ပဏီ အဆင့်သတ်မှတ်ချက်သည် အစိုးရ၏ စီမံကိန်းနှင့် လုပ်ငန်းများကို ဆောင်ရွက်လိုသူများအတွက် သတ်မှတ်ပေးခြင်းဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းများကို တည်ဆောက်နေသော ကုမ္ပဏီများအနေနှင့်လည်း ကုမ္ပဏီမှတ်ပုံတင်စဉ်ကတည်းက ကုမ္ပဏီအဆင့် သတ်မှတ်ချက်ရှိထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းလှိုင်က ပြောကြားသည်။
“ဒီကုမ္ပဏီ အဆင့်အတန်း သတ်မှတ်ချက်က အစိုးရရဲ့ကျောင်းတွေ ဘာတွေ စီမံကိန်းတွေ လုပ်နေတဲ့သူတွေအတွက်ပဲ လိုတာပါ။ အပြင် ပုဂ္ဂလိကလုပ်တဲ့သူတွေက ဒီအတိုင်းပဲ လုပ်နေကြတာပဲ”ဟု ၎င်းကဆိုသည်။
ကုမ္ပဏီများ အဆင့်အတန်း အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီအနေနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးကုမ္ပဏီများ၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီများကို အဆင့်အတန်း အသိအမှတ်ပြု လက်မှတ်များ စိစစ်ထုတ်ပေးလျက်ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
Ref & Photo Credit : The Voice & Constructionglobal
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties