By myanmar property, Shweproperty.com
Updated at 26 June 2013
သန်လျင်တံတားအနီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကြယ်စင်အိမ်ရာစီမံကိန်းမှ အဆောက်အအုံ အမှတ် B2နှင့် B5 အားဇူလိုင် ၅ရက်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ရောင်းချမည့် Building 2 နှင့် 5 တွင်အခန်းပေါင်း ၄၄၀ ကျော် ပါဝင်မည်ဖြစ်ပြီး အခန်းတစ်ခန်းချင်းစီ၏ အနိမ့်ဆုံးဈေးနှုန်းမှာ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ အိမ်ခန်းတစ်ခန်းလျှင် အကျယ် ၆၅၀ စတုရန်းပေရှိကြောင်း သိရသည်။
“အခန်းတွေက အမျိုးမျိုးရှိပါတယ်၊ View အပေါ်မူတည်ပြီးတော့ ဈေးနှုန်းအနည်းငယ် ကွာခြားနိုင်ပါတယ်၊ အဆောက်အအုံကတော့ ရှစ်ထပ်အဆောက်အအုံပါ”ဟု Star City စီမံကိန်းအား ဆောက်လုပ်လျက်ရှိသည့် ‘Yoma Strategic ကုမ္ပဏီ’မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကြယ်စင်အိမ်ရာစီမံကိန်းမှာ မြေဧက ၄၂၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါအိမ်ရာ အတွင်း ကျောင်းများ၊ ဆေးရုံ၊ စားသောက်ဆိုင်၊ ဘဏ်များ၊ Laundry Services များအစရှိသဖြင့် ပါဝင်မည်ဖြစ်သည်။
အဆိုပါ အိမ်ရာကို တည်ဆောက်လျက်ရှိသည့် Yoma Strategic ကုမ္ပဏီမှာ FMI Group နှင့် Local Partner ဖြစ်ပြီး FMI မှယခင် တည်ဆောက်ခဲ့သည့် ပန်းလှိုင်အိမ်ရာကဲ့သို့ပင် Star City အား ရေမီး ၂၄ နာရီ ရရှိနိုင်ရန် စီစဉ်ဆောက်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties