By 7daydaily, Shweproperty.com
Updated at 21 March 2016
ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှ အခန်းဝယ်ယူ လိုသူများ လျှောက်လွှာများစတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ သတင်းရရှိသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည် ဆောက်နေပြီး တစ်ခန်းလျှင် ကျပ်သိန်းခြောက်ရာမှ တစ်ထောင့်နှစ် ရာကြား ရောင်းချမည်ဟု သိရ သည်။
လျှောက်လွှာများကို မတ်လ ၁၆ ရက်တွင် စတင်ရောင်းချ လျက်ရှိပြီး ဗိုလ်ချုပ်လမ်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှိ ဧရာဝဏ်-ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်း ညွှန်ကြားရေးမှူးရုံးနှင့် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၄၀) တို့တွင် လျှောက်လွှာများ စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။
လျှောက်လွှာတစ်စောင် လျှင် ကျပ်တစ်ထောင့်ငါးရာနှုန်း ဖြင့် စတင်ရောင်းချနေပြီး လျှောက်ထားလိုသူ များပြားပါက မဲစနစ်ဖြင့် ရောင်းချရန် စီစဉ်ထား ကြောင်း သိရသည်။
အခန်းများ ဝယ်ယူခြင်းကို လက်ငင်း (သို့မဟုတ်) ဘဏ်ချေး ငွေစနစ်ဖြင့် အရစ်ကျဝယ်ယူနိုင် ပြီး လက်ငင်းဝယ်ယူသူများအ တွက် သတ်မှတ်ထားသည့်အခန်း တန်ဖိုးထက် အနည်းငယ်လျှော့ချ ရောင်းချပေးမည်ဖြစ်သည်။
ဘဏ်ချေးငွေအတွက်ကိုမူ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်မှ တိုက်ရိုက်ချေးယူပြီး ဝယ်ယူနိုင်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတ နာ-ဧရာဝဏ် အိမ်ရာစီမံကိန်းရှိ တိုက် ၄၉ လုံးမှ အခန်းပေါင်း ၁၉၆,၀၀၀ ထွက်ပေါ်ရန် ရည်ရွယ် ထားရာ ပထမအဆင့် တည် ဆောက်ပြီးချိန်တွင် အခန်းပေါင်း ၆,၀၀၀ ကျော်ကို စတင်ရောင်းချ ရန် စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းတွင် ပုဂ္ဂလိ က ကုမ္ပဏီ ၃၁ ခုက အစိုးရနှင့် အကျိုးတူ တည်ဆောက်နေခြင်း ဖြစ်ပြီး စီမံကိန်းတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။
ယခု ဆောက်လုပ်ရေးဝန် ကြီးဌာနက တည်ဆောက်နေ သည့် ရတနာ-ဧရာဝဏ်အိမ်ရာ စီမံကိန်းသည် အစိုးရသစ်လက် ထက်၌ ဝန်ကြီးဌာနများမှ တည် ဆောက်သမျှ အိမ်ရာစီမံကိန်းများ ထဲတွင် အကြီးမားဆုံး၊ အခန်းအရေအတွက် အများဆုံးစီမံကိန်း ဖြစ်သဖြင့် အိမ်ရာလိုအပ်နေသူ များအား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေဖြစ်သည်။
၂၀၁၃ က စတင်တည် ဆောက်ခဲ့သည့် အဆိုပါ အိမ်ရာ စီမံကိန်းသည် မူလက အခန်းတန်ဖိုးမှာ ကျပ်သိန်းတစ်ရာမှ ကျပ်သိန်းသုံးရာခန့်သာ ဖြစ်မည်ဟု ခန့်မှန်းတွက်ချက် တည်ဆောက်ခဲ့ကြသော်လည်း တည်ဆောက် ချိန် ကြာလာသည်နှင့်အမျှ အခန်းတန်ဖိုး မြင့်တက်လာခြင်းဖြစ် သည်။
တစ်စတုရန်းပေလျှင် ကျပ် တစ်သိန်းကျော်သာ သတ်မှတ် ရောင်းချသော်လည်း အခြေခံလူတန်းစားများ လက်လှမ်းမမီနိုင်သဖြင့် ဝေဖန်ခံနေရသည့် အိမ် ရာစီမံကိန်းလည်း ဖြစ်သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties