By Le' Moe, Shweproperty.com
Updated at 22 October 2015
ရေကျော်ဈေးဟောင်းကို ပြန်လည်တည်ဆောက်ထားတဲ့ ရေကျော်ဈေးသစ် (Yae Kyaw Complex) မှာ ကွန်ဒိုအခန်းတွေ ပါဝင်ပြီး စတင်ရောင်းချနေပြီလို့ သိရပါသည်။
"ဈေးဆိုင်ခန်းတွေကိုတော့ အောက်တိုဘာလကုန်မှာ အပ်ပါမယ်၊ အရင်က ဈေးသူဈေးသား အဟောင်းတွေကိုပဲ နေရာပြန်ချပေးမှာပါ"လို့ ရေကျော်ဈေးကို တာဝန်ယူတည်ဆောက်တဲ့ အောင်မြင်ပြည့်စုံ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်မင်းကိုက ပြောပါတယ်။
ကွန်ဒိုအခန်းတွေရဲ့ အကျယ်က စတုရန်းပေ ၁၇၀၀ ကနေ ၂၂၀၀ ဝန်းကျင်အထိ အစားစားရှိပါသည်။ ဈေးနှုန်းကတော့ တစ်ပေပတ်လည်ကို ကျယ် (၁၈၀,၀၀၀) ကနေ ကျပ် (၂၀၀,၀၀၀) ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ စတင်ရောင်းချနေပြီ ဖြစ်ပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပါသည်။
အထပ်အမြင့်ကတော့ ပန်ဟောက်စ် အပါအဝင် ရှစ်ထပ်အမြင့်ရှိပြီး ကားပါကင်၊ ရှော့ပင်း ဧရိယာနဲ့ ရေကျော်ဈေးတို့ ပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ကွန်ဒိုအခန်းတွေကိုတော့ ဒီဇင်ဘာလကုန်လောက်မှာ စတင်အပ်နှံမှာဖြစ်ပြီး ယခုလက်ရှိမှာ အခန်းတွေ စတင်ရောင်းချပေးနေပြီလို့ သိရပါတယ်။ ရေကျေ်ာဈေး ကွန်ဒိုရဲ့ တည်နေရာကတော့ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
Written By : Le' Moe
Photo Credit : AMPS Construction Co.,Ltd.
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties