By 7Day Daily, Shweproperty.com
Updated at 12 June 2019
တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်နေသူများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို အကြီးစားမြေယာအစိတ်အပိုင်းများ လွှဲပြောင်းခဲ့သဖြင့်တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံမြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာ တွင် ဖော်ပြထားသည်။
တန်ဖိုးသင့် အိမ်ရာများအ တွက် မြေယာသည် အကန့်အ သတ်ရှိနေသဖြင့် အိမ်ဈေးနှုန်းမြင့် မားရခြင်းဖြစ်ကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။ရန်ကုန် မြို့တွင် အခြေခံလူတန်းစားများအ တွက် တန်ဖိုးနည်း အိမ်ရာများကို နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း အကောင်အထည်ဖော်မည်ဟု တိုင်းအစိုးရတတိယတစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲတွင် ဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြော သည်။
အစိုးရက မြေပေးပြီး လုပ် ငန်းရှင်များက တန်ဖိုးနည်းအိမ်ရာ များ တည်ဆောက်ရမည့်စနစ်ကို အကောင်အထည်ဖော်မည်ဟု ၎င်းကဆိုခြင်းဖြစ်သည်။
မြို့ပြလူဦးရေတိုးတက်မှုနှင့် မြေဈေးနှုန်းကြီးမြင့်မှုက တန်ဖိုးနည်းအိမ်ရာများ ရှားပါးသော ရန်ကုန်တွင် တရားမဝင်ကျူးကျော်အခြေချနေထိုင်မှုများ ဖြစ်စေသည်ဟု ဆိုထားသည်။
‘‘ရန်ကုန်မှာက စိန်ခေါ်မှုတွေ အများကြီးပဲ။ အခြေခံအဆောက်အအုံ မလုံလောက်မှုက အဓိက အဖြေရှာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း၊ တခြားနိုင်ငံကနေ ငွေကြေးအကူ အညီတွေရယူပြီးလည်း စိန်ခေါ်မှုကို ဖြေရှင်းနိုင်ပါတယ်’’ ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ စီမံခန့်ခွဲမှုအဖွဲ့ အခြေ ခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေး စီမံကိန်း ခေါင်းဆောင် Mark Austin က ပြောသည်။
ရန်ကုန်မြို့တွင် ကျူးကျော် နေထိုင်သူ (တရားမဝင်အခြေချ နေထိုင်သူ) ခန့်မှန်းခြေ ၄၇၅,၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၅,၀၀၀ ကျော်ရှိပြီး မြေဧက ၂,၀၀၀ ကျော်တွင် နေထိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
‘‘ဒီပြဿနာကို ဖြေရှင်းဖို့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ စင်ကာပူမှာဆိုရင်လည်း ၈၀ ရာခိုင်နှုန်းလောက်က ဈေးချိုတဲ့အိမ်ရာတွေမှာ နေထိုင်ကြတယ်’’ ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက ဆိုသည်။
လူအနည်းငယ်သာ ကြွယ်ဝ စေခဲ့ပြီး အများစုဆင်းရဲ၍ အ နာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့စေသည့် မမျှတသော ဖွံ့ ဖြိုးတိုးတက်ရေး အစီအမံများကို နှစ်ပေါင်း ၃၀ ကျော် ကြုံတွေ့ပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီး များကို ပိုမို၍သာတူညီမျှရှိလာ စေရေးလုပ်ဆောင်ရန် လိုအပ် ကြောင်း ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ကျူးကျော် ပြဿနာကို ဖြေရှင်းရာ၌ ယခင် အစိုးရလက်ထက်များတွင် နေရာ ရွှေ့ပြောင်းခြင်း၊ မူလနေရာတွင် အထပ်မြင့်တိုက်ခန်းများဖြင့် အ စားထိုးပေးခြင်း စသော နည်း လမ်းများ အသုံးပြုခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။
လက်ရှိရန်ကုန်မြို့တွင် ကြုံ တွေ့နေရသည့် ကျူးကျော်နေ ထိုင်သူများနှင့်ပတ်သက်၍ ဖြေ ရှင်းရာတွင် နည်းလမ်းပေါင်းစုံကို အသုံးပြုမှရမည်ဟု ၎င်းက ဆို သည်။
Ref & Photo Credit : 7Day Daily
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties