By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 30 September 2019
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းမှာရှိတဲ့ Yangon Excelsior Hotel ကို မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့ပါတယ်။ ယခင်က စတီးဘရားသားကုမ္ပဏီ အဆောက်အအုံဖြစ်ပြီး (၁၉၃၀) ပြည့်နှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Yangon Excelsior Hotel အဖြစ်ပြင်ဆင်ထားတာဖြစ်ပြီး စတီးဘရားသားရုံးချုပ်ရဲ့တိုးချဲ့အဆောက်အအုံ ဖြစ်ပါတယ်။ တိုးချဲ့အဆောက်အအုံကို ၁၉၆၀ ပြည့်နှစ်ကျော်မှာ ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်(၅)က အသုံးပြုပြီးနောက်ပိုင်းမှာ မြန်မာ့ကုန်တိုက်ရုံးချုပ်အဖြစ်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးဌာနအဖြစ် ၂၀၀၈ ခုနှစ်အထိ လည်းကောင်းအသုံးပြုခဲ့ပါတယ်။
(၂၀၁၈)ခုနှစ်တွင် အခန်းပေါင်း(၇၄)ခန်းပါဝင်သည့် အဆင့်မြင့်ဟိုတယ် Yangon Excelsior Hotel အဖြစ် ပြင်ဆင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို ရန်ကုန်တိုင်း၀ န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ရန်ကုန်မြို့ပြအမွေအနှစ် ထန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
အဆိုပါအဆောက်အအုံကို ဟိုတယ်အဖြစ်ပြန်လည်တည်ဆောက်ခဲ့တဲ့နေရာမှာ မူလလက်ရာများကို တတ်နိုင်သမျှ ဆက်လက်ပြင်ဆင်ထိန်းသိမ်းထားတဲ့အတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ (၂၀၁၉) ခုနှစ်အတွက် အမွေအနှစ်ထိန်းသိမ်းရေးဆုများတွင် Best Adaptive Reuse Award ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အထိမ်းအမှတ်အဆောက်အအုံအဖြစ် အပြာရောင် ကမ္ဗည်းပြားပေါင်း (၃၃)ခု တပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : 7daydaily
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties