အိမ်တစ်အိမ်မှာ ပစ္စည်းတွေများပြီး ဘယ်နေရာမှာ ထားရမှန်းမသိနဲ့ ခေါင်းစားနေတတ်ပါတယ်။
 
ပစ္စည်းတွေရှုပ်ပွနေတယ်ဆိုရင် ဧည့်သည်တွေလာတဲ့အခါ အမြင်မတင့်တယ်တာမျိုးတွေဖြစ်တတ်ပါတယ်။
ပစ္စည်းတွေကို စနစ်တကျထားဖို့လိုပါတယ်။
 
အိမ်က ဗီရိုတွေ ၊ အံဆွဲတွေမှာ ပစ္စည်းတွေ ပြည့်ကျပ်နေပြီလား?  ပစ္စည်းတွေများနေပြီး သိုလှောင်စရာ နေရာမရှိလို့ စိတ်ညစ်နေပါသလား? အိမ်က ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ အိမ်အများစုမှာ လူတိုင်း သတိမထားမိတဲ့ ပစ္စည်း ကောင်းကောင်း သိုလှောင်နိုင်မယ့် နေရာကောင်းတွေ အများကြီးပါ။
 
ဘယ်နေရာတွေ ဖြစ်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်!
 


(၁) ကုတင်အောက်
 
အိမ်တော်များများရဲ့ ကုတင်အောက်ကို ကြည့်လိုက်ရင် ပင့်ကူမျှင်တွေ ၊ ဖုန်တွေနဲ့ ညစ်ပတ်နေတတ်ပါတယ်။
ကုတင်အောက်ကို သေချာရှင်းလင်းပြီး ပစ္စည်းတွေကို စနစ်တကျ သိုလှောင်မယ်ဆိုရင် အကျိုးရှိမှာပါ။
စာအုပ်တွေပဲ ဖြစ်ဖြစ် မစီးဖြစ်တဲ့ ရှုးဖိနပ်တွေပဲ ဖြစ်ဖြစ် သိုလှောင်ထားနိုင်ပါတယ် ။ ဒါဆိုရင် ပစ္စည်းသိုလှောင်ဖို့ နေရာပို ထွက်လာပြီပေါ့။
 
(၂) စားပွဲအောက်
 
သင့်အိမ်မှာ ခြေတံရှည်တဲ့ စားပွဲမျိုး ပိုင်ဆိုင်ထားပါသလား? ဒီစားပွဲခုံတွေ အောက်မှာ ပစ္စည်းတွေ သိုလှောင်နိုင်တာကို သတိရပါ။ ဒါပေမဲ့ ပစ္စည်းတွေ သိုလှောင်ထားတာကို အများမမြင်စေချင်ဘူးဆိုရင်တော့ ကြမ်းပြင်ထိဖုံးနိုင်တဲ့ စားပွဲခင်းမျိုးကို အသုံးပြုဖို့ လိုပါတယ်။
 
(၃) ဗီရိုအပေါ်ဘက်
 
အိမ်မှာ နေ့စဉ်အသုံးပြုဖို့ မလိုအပ်တဲ့ ပစ္စည်းမျိုးတွေကို ဗီရိုတွေရဲ့ အပေါ်ဘက်မှာ ထိန်းသိမ်းထားလို့ရပါတယ်။
ဥပမာ ခြင်းတောင်းတွေ ခရီးဆောင်အိတ်တွေကို ထိန်းသိမ်းထား လို့ရပါတယ်။ဒါဆိုရင်တော့ သင့်အိမ်က ပစ္စည်းပိုတွေနဲ့ ရှုပ်ပွနေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
 


(၄) လှေကားအောက်ဘက်
 
လှေကားအောက်ဘက် နေရာလွတ်တွေကို တော်တော်များများက မေ့လျော့နေတတ်ကြပါတယ်။ လက်သမားတစ်ယောက်ငှားပြီး လှေကားအောက်က Sheetrock တွေကို ဖယ်ရှားလိုက်မယ်ဆိုရင်တော့ ပစ္စည်းတွေ သိုလှောင်နိုင်မယ့် နေရာကျယ်တစ်ခုကို ရရှိပြီပေါ့။ နံရံကပ်ဗီရိုပုံစံ မှန်တွေနဲ့ အလှဆင်လိုက်မယ် ဆိုရင်တော့ အမှတ်တရပစ္စည်းတွေ၊ဆုတံဆိပ်တွေကိုအလှထားရှိနိုင်မှာပါ။ရိုးရိုး Cabinet ပုံစံ ပြုလုပ် ပြီးတော့လည်း ပစ္စည်းတွေကို သိုလှောင်နိုင်မှာပါ။
 
ကဲ.. သင့်အိမ်က နေရာလွတ်တွေကို အသုံးချပြီး အိမ်က ပစ္စည်းတွေကို စနစ်တကျ ထားရအောင်…
 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
လူသိနည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ 

သင့်အိမ်အတွက်ရွေးချယ်သင့်တဲ့တံခါးအမျိုးအစား(၅)မျိုးနှင့် သင့်ရဲ့အိမ်သစ်အတွက် ရိုးရှင်းပြီး ဆွဲဆောင်မူရှိသော ဒီဇိုင်းများ

သတိမထားမိကြတဲ့အိမ်နိမိတ် ၁၂ ချက်နှင့် အိမ်အသစ်ဆောက်မည့်သူများအိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လား

 
Posted By: Ra Wai (ShweProperty.com