By Sint Sint, Shweproperty.com
Updated at 26 November 2020
Unicode
ပူပြင်းတဲ့လတွေမှာအပူဒဏ်ကိုခံနိုင်ဖို့လေအေးပေးစက်ဖွင့်တာ၊ပန်ကာရှေ့တွင်နေတာတို့ပြုလုပ်လေ့ရှိကြပါတယ်။ဒါပေမယ့်ဒါတွေဟာအေးမြစေတဲ့တစ်ခုတည်းသောနည်းလမ်းတွေမဟုတ်ပါဘူး။ မီတာခကုန်ကျခြင်း မရှိဘဲ နေအိမ်ကိုအပူဒဏ်မှကာကွယ်နိုင်တဲ့နည်းလမ်းများစွာလည်း ရှိပါသေးသလို ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။
၁။ လိုက်ကာများပိတ်ပါ။
ဒီလုပ်ဆောင်ချက်ကရိုးရှင်းလွန်းလှပါတယ်။ မလိုအပ်တဲ့အပူချိန် ၃၀ ရာခိုင်နှုန်းကျော်ဟာ ပြတင်းပေါက်ကနေ ဝင်ရောက်လာလေ့ရှိတယ်။ အဲဒါကြောင့်အုပ်ဆောင်းနဲ့လိုက်ကာတွေကို အသုံးပြုခြင်းက မီတာခကို ၇ရာခိုင်နှုန်းကျော် ချွေတာပေးနိုင်ပြီး အခန်းအပူချိန်ကိုလည်း ၂၀ ဒီဂရီကျော်ကျော် လျော့ကျပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် တောင်ဘက်နဲ့အနောက်ဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်တွေကိုသာ အဓိကထားပြီး လိုက်ကာပိတ်ထားခြင်းက သင့်အိမ်ကို အသေးစား ဖန်လုံအိမ် ဖြစ်မသွားအောင် ကာကွယ် ပေးပါတယ်။
၂။အခန်းတံခါးတွေပိတ်ပါ။
နေ့တစ်နေ့ရဲ့အပူဆုံးအချိန်တွေမှာ အခန်းအတွင်းမှာရှိတဲ့လေအေးတွေ အပြင်ထွက်မသွားအောင် အခန်းတံခါးတွေကို ပိတ်ထားသင့်ပါတယ်။ ပိုအေးတဲ့ညအချိန်တွေမှာလည်း နေအိမ်အတွင်းမှာ သဘာဝလေ ရရှိနေသလိုခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
၃။ လေအေးပေးစက်အစားပန်ကာဖွင့်ပါ။
လေအေးပေးစက်တစ်ခုတည်းကသာ ပင်လယ်လေလိုအေးမြမှုမျိုးပေးနိုင်တာမဟုတ်ပါဘူး။ဒီ့အပြင် တခြားရိုးရှင်းတဲ့နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ပန်းကန်လုံးအလွတ်ထဲကို ရေခဲတုံးထည့်ထားပါ။
(ရေခဲထုပ်တစ်ထုပ်စာအေးမျှမှုကိုပေး စွမ်းနိုင်တဲ့ရေခဲတုံးဖြစ်ပါစေ) ရေခဲတုံးကိုဖြတ်တိုက်တဲ့လေကပိုအေးမြပြီး နှင်းကျချိန်မှာ ဖြစ်တတ်တဲ့အပူချိန်အတိုင်းရရှိနိုင်တာကြောင့် အဲ့ဒီပန်းကန်လုံးကို ပန်ကာ ခပ်ကြီးကြီးရှေ့မှာထားလိုက်ပါ။ ဒီနည်းလမ်းက အရမ်းထိရောက်မှုရှိပါတယ်။ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ။
၄။ အိပ်ရာခင်းများလဲလှယ်ပေးပါ။
ရာသီဥတုကိုလိုက်ပြီးအိပ်ရာခင်းလဲခြင်းက အခန်းကိုလန်းဆန်းစေရုံသာမက အအေးဓာတ်ကို ထိန်းသိမ်းဖို့အကောင်းဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။ ရက်ထည်တွေဖြစ်တဲ့ ဖလန်နယ်အိပ်ရာခင်းတို့၊ သိုးမွှေးစောင်တို့က အလွန်ကောင်းပေမဲ့ ဒီလိုရာသီဥတုမျိုးမှာ ချည်ထည်က ပိုလေဝင်လေထွက်ကောင်းပြီး အေးမြတာကြောင့် အသုံးပြုဖို့သင့်တော်ပါတယ်။ထပ်အကြံပေးရမယ်ဆိုရင် ဂျုံပန်းစေ့ခေါင်းအုံးတစ်လုံး နှစ်လုံးလောက် ဝယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ဂျူံပန်းစေ့တွေကြားမှာ လေဝင်လေထွက်ရှိတာကြောင့် ခေါင်းအုံးစွပ် စွပ်ထားရင်တောင် သမားရိုးကျခေါင်းအုံးတွေလို ခန္ဓာကိုယ်ကို မပူအိုက်စေပါဘူး။
၅။ မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပါ။
မျက်နှာကြက်ပန်ကာတွေကို ရာသီအလိုက်ပြင်ဆင်မှုတွေလုပ်ပေးဖို့လိုအပ်ပါတယ်။ နွေရာသီမှာ ပိုအေးမြစေဖို့အတွက် မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပြီး အရှိန်တင်ထားမယ်ဆိုရင် လေပြေလေညှင်းလေးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
၆။ အိမ်ကိုမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုဂရုစိုက်ပါ။
သင့်ဘိုးဘေးတွေက လေအေးပေးစက်မရှိဘဲ နေထိုင်နိုင်ခဲ့သလို သင်လည်းနေနိုင်ပါတယ်။ ခန္ဓာကိုယ်အေးမြစေဖို့အရသာရှိတဲ့ရေခဲရေကို တစိမ့်စိမ့်သောက်ခြင်းကစပြီး သွေးခုန်နှုန်းပြင်းထန်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းနဲ့လက်ကောက်ဝတ်တွေမှာ ရေခဲဝတ်ကပ်တာမျိုး လုပ်ဆောင်ခြင်းကလည်း ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ကတော့ အဝတ်အစားရွေးချယ် ဝတ်ဆင်ခြင်းပါပဲ။
၇။ ရေချိုးခန်းပန်ကာကိုဖွင့်ထားပါ။
ရေချိုးခန်းပန်ကာ ဒါမှမဟုတ် မီးဖိုချောင်ကအခိုးထုတ်ပန်ကာကိုဖွင့်ပါ။ ဟင်းချက်ခြင်း ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးခြင်းတို့ကြောင့် ဖြစ်လာတဲ့လေပူတွေကို နှစ်ခုလုံးကစုပ်ယူပေးနိုင်ပါတယ်။
၈။အိပ်ရာကိုအပူဒဏ်ခံနိုင်အောင်ပြုလုပ်ပါ။
ရိုးရှင်းတဲ့လုပ်ဆောင်မှုပါ။ သင်အိပ်တဲ့အခါ ရေအေးအိတ်ကိုခေါင်းအုံးအောက်ထားအိပ်ဖို့ပဲဖြစ်ပါတယ်။ ခြေထောက်အေးဖို့အတွက်ဆိုရင်တော့ ရေနွေးထည့်ထားတဲ့ပုလင်းကို ရေခဲသေတ္တာ ထဲထည့်ပြီးမှ ကုတင်ခြေရင်းမှာထားအိပ်ပါ။ အဲဒါက ထူးဆန်းကောင်းထူးဆန်းနေနိုင်ပေမယ့် မအိပ်ခင်မှာ အိပ်ရာခင်းအနည်းငယ်စိုထိုင်းသွားခြင်းက သင့်ကိုအေးမြအောင်ကူညီပေးပါလိမ့်မယ်။
၉။ ည လေညှင်းဝင်ပါစေ
နွေရာသီမှာညဘက်ဆိုရင် အပူချိန်လျော့ကျလေ့ရှိပါတယ်။ မအိပ်ခင်မှာ ပြတင်းပေါက်တွေဖွင့်ထားခြင်းဟာ သင်နေထိုင်တဲ့နေရာကို အေးမြလန်းဆန်းစေပါတယ်။
ပန်ကာတစ်လုံးတပ်ဆင်ပြီး လေဆန်ဖြစ်အောင် မရမကဖန်တီးထားမယ်ဆိုရင် အခန်းထဲမှာ လေကြောင်းတစ်ခုဖြစ်ပေါ်နေစေမှာပါ။ မနက်ခင်းအပူချိန်များ မလာခင်မှာတော့ ပြတင်းပေါက်တွေ လိုက်ကာတွေကိုပိတ်ဖို့လိုအပ်ပါတယ်။
၁၀။ အလင်းရောင်ဖြာထွက်သောမီးလုံးကိုမသုံးပါနဲ့။
အလင်းရောင်ဖြာထွက်တဲ့မီးလုံးတွေကိုပြောင်းသုံးချင်နေသူတွေအတွက် သတင်းကောင်းပါပဲ။ အလင်းရောင်ဖြာထွက်တဲ့မီးလုံးက အပူထုတ်လွှတ်ခြင်းအားဖြင့် စွမ်းအင် ၉၀ ရာခိုင်နှုန်းခန့် ကိုဖြုန်းတီးပစ်နိုင်တာကြောင့် ဒီမီးလုံးတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် အိမ်တွင်းအေးမျှမှုကို အနည်းငယ်ပြောင်းလဲပစ်နိုင်ရုံသာမက မီတာခလည်းချွေတာရာရောက်ပါတယ်။
၁၁။အိမ်ပြင်မှာချက်ပြုတ်ပါ။
လူတိုင်းသိပေမဲ့လည်း ပြောရဦးမှာပါပဲ။ နွေရာသီမှာ ဒယ်အိုးတွေ၊ မီးဖိုတွေအသုံးပြုခြင်းက အိမ်ထဲမှာပိုမိုပူလောင်စေပါတယ်။ နဂိုကမှ အပူချိန် ၁၀၀ ဒီဂရီကျော်နေပြီလို့ခံစားနေရပြီဆိုရင် မီးဖိုကို ၄၀၀ ဒီဂရီအထိတင်ပြီးချက်ပြုတ်ဖို့ဆိုတာ အတော်လေးစဉ်းစားရမယ့်ကိစ္စပါပဲ။ ဒီနေရာမှာတော့ Outdoor Kitchen ရှိတဲ့သူတွေက တစ်ပန်းသာပါတယ်။ ပရိဘောဂပစ္စည်းတွေကို မီးဖိုချောင်အသုံးအဆောင်ပစ္စည်းတွေကို အိမ်အပြင်ဘက်ထုတ်ပြီးချက်ပြုတ်နိုင်ပါတယ်။
၁၂။ ရေရှည်မှာကောင်းမွန်အောင်ပြုလုပ်ပါ။
လေအေးပေးစက်လုံးဝမသုံးဘူးလို့ဆုံးဖြတ်ထားတဲ့သူဆိုရင် အခုလာမယ့်နွေရာသီမှာ အိမ်ကို ပိုမိုအေးမြ အောင် ပြောင်းလဲလေးတွေ လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့် ပြတင်းပေါက်ကို အပူကာဖလင်ပြားတွေနဲ့ ကာရံခြင်းကလည်း လိုက်ကာတွေလိုပဲလုပ်ဆောင်ပေးနိုင်ပါတယ်။ အလင်းရောင်ထိုးတဲ့ပြတင်းပေါက်တွေမှာ အကာတွေတပ်ဆင်ခြင်း၊ အပင်စိုက်ပျိုးခြင်း၊ နွယ်ပင်များထားရှိခြင်းစတဲ့ နည်းလမ်းတွေက နေရောင်မဝင်အောင် ကာကွယ်ပေးနိုင်သလို အိမ်ကစုပ်ယူနိုင်တဲ့အပူပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ပိုက်ဆံအများကြီး မကုန်ရဘဲ အပူဒဏ်ကိုကာကွယ်ပေးနိုင်မှာဖြစ်ပါသည်။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဆောင်းပါးများ
သင်အိပ်နေတဲ့ ခေါင်းအုံးတွေကို သတိထားပါ ဒီညပဲ မအိပ်ခင် အပေါ်ဖုံးကို ချွတ်ကြည့်ကြပါနော်
လူသိနည်းပြီး သတိမမူမိကြတဲ့ မိမိ အိမ်မှာ အမြဲသန့်ရှင်းရေးလုပ်နေတဲ့ တံမြက်စည်းနိမိတ်
အိမ်မှာကြောင်တစ်ကောင်ရှိရင် ဒီနိမိတ်တွေ သိထားပါ
ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၁၀) မျိုး
Zawgyi
ပူျပင္းတဲ့လေတြမွာအပူဒဏ္ကိုခံႏိုင္ဖို႔ေလေအးေပးစက္ဖြင့္တာ၊ပန္ကာေရွ႕တြင္ေနတာတို႔ျပဳလုပ္ေလ့ရွိၾကပါတယ္။ဒါေပမယ့္ဒါေတြဟာေအးျမေစတဲ့တစ္ခုတည္းေသာနည္းလမ္းေတြမဟုတ္ပါဘူး။ မီတာခကုန္က်ျခင္း မရွိဘဲ ေနအိမ္ကိုအပူဒဏ္မွကာကြယ္ႏိုင္တဲ့နည္းလမ္းမ်ားစြာလည္း ရွိပါေသးသလို ကိုယ္တိုင္လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းေတြလည္း ျဖစ္ပါတယ္။
၁။ လိုက္ကာမ်ားပိတ္ပါ။
ဒီလုပ္ေဆာင္ခ်က္က႐ိုးရွင္းလြန္းလွပါတယ္။ မလိုအပ္တဲ့အပူခ်ိန္ ၃၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ျပတင္းေပါက္ကေန ဝင္ေရာက္လာေလ့ရွိတယ္။ အဲဒါေၾကာင့္အုပ္ေဆာင္းနဲ႔လိုက္ကာေတြကို အသုံးျပဳျခင္းက မီတာခကို ၇ရာခိုင္ႏႈန္းေက်ာ္ ေခြၽတာေပးႏိုင္ၿပီး အခန္းအပူခ်ိန္ကိုလည္း ၂၀ ဒီဂရီေက်ာ္ေက်ာ္ ေလ်ာ့က်ေပးႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ေျပာရမယ္ဆိုရင္ ေတာင္ဘက္နဲ႔အေနာက္ဘက္ကို မ်က္ႏွာမူထားတဲ့ ျပတင္းေပါက္ေတြကိုသာ အဓိကထားၿပီး လိုက္ကာပိတ္ထားျခင္းက သင့္အိမ္ကို အေသးစား ဖန္လုံအိမ္ ျဖစ္မသြားေအာင္ ကာကြယ္ ေပးပါတယ္။
၂။အခန္းတံခါးေတြပိတ္ပါ။
ေန႔တစ္ေန႔ရဲ႕အပူဆုံးအခ်ိန္ေတြမွာ အခန္းအတြင္းမွာရွိတဲ့ေလေအးေတြ အျပင္ထြက္မသြားေအာင္ အခန္းတံခါးေတြကို ပိတ္ထားသင့္ပါတယ္။ ပိုေအးတဲ့ညအခ်ိန္ေတြမွာလည္း ေနအိမ္အတြင္းမွာ သဘာဝေလ ရရွိေနသလိုခံစားမႈကို ေပးစြမ္းႏိုင္ပါတယ္။
၃။ ေလေအးေပးစက္အစားပန္ကာဖြင့္ပါ။
ေလေအးေပးစက္တစ္ခုတည္းကသာ ပင္လယ္ေလလိုေအးျမမႈမ်ိဳးေပးႏိုင္တာမဟုတ္ပါဘူး။ဒီ့အျပင္ တျခား႐ိုးရွင္းတဲ့နည္းလမ္းတစ္ခု ရွိပါေသးတယ္။ ပန္းကန္လုံးအလြတ္ထဲကို ေရခဲတုံးထည့္ထားပါ။
(ေရခဲထုပ္တစ္ထုပ္စာေအးမွ်မႈကိုေပး စြမ္းႏိုင္တဲ့ေရခဲတုံးျဖစ္ပါေစ) ေရခဲတုံးကိုျဖတ္တိုက္တဲ့ေလကပိုေအးျမၿပီး ႏွင္းက်ခ်ိန္မွာ ျဖစ္တတ္တဲ့အပူခ်ိန္အတိုင္းရရွိႏိုင္တာေၾကာင့္ အဲ့ဒီပန္းကန္လုံးကို ပန္ကာ ခပ္ႀကီးႀကီးေရွ႕မွာထားလိုက္ပါ။ ဒီနည္းလမ္းက အရမ္းထိေရာက္မႈရွိပါတယ္။ ယုံယုံၾကည္ၾကည္လုပ္ၾကည့္ပါ။
၄။ အိပ္ရာခင္းမ်ားလဲလွယ္ေပးပါ။
ရာသီဥတုကိုလိုက္ၿပီးအိပ္ရာခင္းလဲျခင္းက အခန္းကိုလန္းဆန္းေစ႐ုံသာမက အေအးဓာတ္ကို ထိန္းသိမ္းဖို႔အေကာင္းဆုံး နည္းလမ္းလည္းျဖစ္ပါတယ္။ ရက္ထည္ေတြျဖစ္တဲ့ ဖလန္နယ္အိပ္ရာခင္းတို႔၊ သိုးေမႊးေစာင္တို႔က အလြန္ေကာင္းေပမဲ့ ဒီလိုရာသီဥတုမ်ိဳးမွာ ခ်ည္ထည္က ပိုေလဝင္ေလထြက္ေကာင္းၿပီး ေအးျမတာေၾကာင့္ အသုံးျပဳဖို႔သင့္ေတာ္ပါတယ္။ထပ္အႀကံေပးရမယ္ဆိုရင္ ဂ်ဳံပန္းေစ့ေခါင္းအုံးတစ္လုံး ႏွစ္လုံးေလာက္ ဝယ္သင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ဂ်ဴံပန္းေစ့ေတြၾကားမွာ ေလဝင္ေလထြက္ရွိတာေၾကာင့္ ေခါင္းအုံးစြပ္ စြပ္ထားရင္ေတာင္ သမား႐ိုးက်ေခါင္းအုံးေတြလို ခႏၶာကိုယ္ကို မပူအိုက္ေစပါဘူး။
၅။ မ်က္ႏွာၾကက္ပန္ကာကို ဘယ္ဝိုက္လည္ေအာင္လုပ္ပါ။
မ်က္ႏွာၾကက္ပန္ကာေတြကို ရာသီအလိုက္ျပင္ဆင္မႈေတြလုပ္ေပးဖို႔လိုအပ္ပါတယ္။ ေႏြရာသီမွာ ပိုေအးျမေစဖို႔အတြက္ မ်က္ႏွာၾကက္ပန္ကာကို ဘယ္ဝိုက္လည္ေအာင္လုပ္ၿပီး အရွိန္တင္ထားမယ္ဆိုရင္ ေလေျပေလညႇင္းေလးေတြကို ဖန္တီးႏိုင္မွာျဖစ္ပါတယ္။
၆။ အိမ္ကိုမဟုတ္ဘဲ ခႏၶာကိုယ္ရဲ႕အပူခ်ိန္ကိုဂ႐ုစိုက္ပါ။
သင့္ဘိုးေဘးေတြက ေလေအးေပးစက္မရွိဘဲ ေနထိုင္ႏိုင္ခဲ့သလို သင္လည္းေနႏိုင္ပါတယ္။ ခႏၶာကိုယ္ေအးျမေစဖို႔အရသာရွိတဲ့ေရခဲေရကို တစိမ့္စိမ့္ေသာက္ျခင္းကစၿပီး ေသြးခုန္ႏႈန္းျပင္းထန္တဲ့ေနရာေတြျဖစ္တဲ့ လည္ပင္းနဲ႔လက္ေကာက္ဝတ္ေတြမွာ ေရခဲဝတ္ကပ္တာမ်ိဳး လုပ္ေဆာင္ျခင္းကလည္း ေကာင္းမြန္တဲ့နည္းလမ္းေတြျဖစ္ပါတယ္။ တျခားနည္းလမ္းေတြအေနနဲ႔ကေတာ့ အဝတ္အစားေ႐ြးခ်ယ္ ဝတ္ဆင္ျခင္းပါပဲ။
၇။ ေရခ်ိဳးခန္းပန္ကာကိုဖြင့္ထားပါ။
ေရခ်ိဳးခန္းပန္ကာ ဒါမွမဟုတ္ မီးဖိုေခ်ာင္ကအခိုးထုတ္ပန္ကာကိုဖြင့္ပါ။ ဟင္းခ်က္ျခင္း ဒါမွမဟုတ္ ေရေႏြးနဲ႔ ေရခ်ိဳးျခင္းတို႔ေၾကာင့္ ျဖစ္လာတဲ့ေလပူေတြကို ႏွစ္ခုလုံးကစုပ္ယူေပးႏိုင္ပါတယ္။
၈။အိပ္ရာကိုအပူဒဏ္ခံႏိုင္ေအာင္ျပဳလုပ္ပါ။
႐ိုးရွင္းတဲ့လုပ္ေဆာင္မႈပါ။ သင္အိပ္တဲ့အခါ ေရေအးအိတ္ကိုေခါင္းအုံးေအာက္ထားအိပ္ဖို႔ပဲျဖစ္ပါတယ္။ ေျခေထာက္ေအးဖို႔အတြက္ဆိုရင္ေတာ့ ေရေႏြးထည့္ထားတဲ့ပုလင္းကို ေရခဲေသတၱာ ထဲထည့္ၿပီးမွ ကုတင္ေျခရင္းမွာထားအိပ္ပါ။ အဲဒါက ထူးဆန္းေကာင္းထူးဆန္းေနႏိုင္ေပမယ့္ မအိပ္ခင္မွာ အိပ္ရာခင္းအနည္းငယ္စိုထိုင္းသြားျခင္းက သင့္ကိုေအးျမေအာင္ကူညီေပးပါလိမ့္မယ္။
၉။ ည ေလညႇင္းဝင္ပါေစ
ေႏြရာသီမွာညဘက္ဆိုရင္ အပူခ်ိန္ေလ်ာ့က်ေလ့ရွိပါတယ္။ မအိပ္ခင္မွာ ျပတင္းေပါက္ေတြဖြင့္ထားျခင္းဟာ သင္ေနထိုင္တဲ့ေနရာကို ေအးျမလန္းဆန္းေစပါတယ္။
ပန္ကာတစ္လုံးတပ္ဆင္ၿပီး ေလဆန္ျဖစ္ေအာင္ မရမကဖန္တီးထားမယ္ဆိုရင္ အခန္းထဲမွာ ေလေၾကာင္းတစ္ခုျဖစ္ေပၚေနေစမွာပါ။ မနက္ခင္းအပူခ်ိန္မ်ား မလာခင္မွာေတာ့ ျပတင္းေပါက္ေတြ လိုက္ကာေတြကိုပိတ္ဖို႔လိုအပ္ပါတယ္။
၁၀။ အလင္းေရာင္ျဖာထြက္ေသာမီးလုံးကိုမသုံးပါနဲ႔။
အလင္းေရာင္ျဖာထြက္တဲ့မီးလုံးေတြကိုေျပာင္းသုံးခ်င္ေနသူေတြအတြက္ သတင္းေကာင္းပါပဲ။ အလင္းေရာင္ျဖာထြက္တဲ့မီးလုံးက အပူထုတ္လႊတ္ျခင္းအားျဖင့္ စြမ္းအင္ ၉၀ ရာခိုင္ႏႈန္းခန႔္ ကိုျဖဳန္းတီးပစ္ႏိုင္တာေၾကာင့္ ဒီမီးလုံးေတြကို စြန႔္လႊတ္လိုက္မယ္ဆိုရင္ အိမ္တြင္းေအးမွ်မႈကို အနည္းငယ္ေျပာင္းလဲပစ္ႏိုင္႐ုံသာမက မီတာခလည္းေခြၽတာရာေရာက္ပါတယ္။
၁၁။အိမ္ျပင္မွာခ်က္ျပဳတ္ပါ။
လူတိုင္းသိေပမဲ့လည္း ေျပာရဦးမွာပါပဲ။ ေႏြရာသီမွာ ဒယ္အိုးေတြ၊ မီးဖိုေတြအသုံးျပဳျခင္းက အိမ္ထဲမွာပိုမိုပူေလာင္ေစပါတယ္။ နဂိုကမွ အပူခ်ိန္ ၁၀၀ ဒီဂရီေက်ာ္ေနၿပီလို႔ခံစားေနရၿပီဆိုရင္ မီးဖိုကို ၄၀၀ ဒီဂရီအထိတင္ၿပီးခ်က္ျပဳတ္ဖို႔ဆိုတာ အေတာ္ေလးစဥ္းစားရမယ့္ကိစၥပါပဲ။ ဒီေနရာမွာေတာ့ Outdoor Kitchen ရွိတဲ့သူေတြက တစ္ပန္းသာပါတယ္။ ပရိေဘာဂပစၥည္းေတြကို မီးဖိုေခ်ာင္အသုံးအေဆာင္ပစၥည္းေတြကို အိမ္အျပင္ဘက္ထုတ္ၿပီးခ်က္ျပဳတ္ႏိုင္ပါတယ္။
၁၂။ ေရရွည္မွာေကာင္းမြန္ေအာင္ျပဳလုပ္ပါ။
ေလေအးေပးစက္လုံးဝမသုံးဘူးလို႔ဆုံးျဖတ္ထားတဲ့သူဆိုရင္ အခုလာမယ့္ေႏြရာသီမွာ အိမ္ကို ပိုမိုေအးျမ ေအာင္ ေျပာင္းလဲေလးေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ ဥပမာအားျဖင့္ ျပတင္းေပါက္ကို အပူကာဖလင္ျပားေတြနဲ႔ ကာရံျခင္းကလည္း လိုက္ကာေတြလိုပဲလုပ္ေဆာင္ေပးႏိုင္ပါတယ္။ အလင္းေရာင္ထိုးတဲ့ျပတင္းေပါက္ေတြမွာ အကာေတြတပ္ဆင္ျခင္း၊ အပင္စိုက္ပ်ိဳးျခင္း၊ ႏြယ္ပင္မ်ားထားရွိျခင္းစတဲ့ နည္းလမ္းေတြက ေနေရာင္မဝင္ေအာင္ ကာကြယ္ေပးႏိုင္သလို အိမ္ကစုပ္ယူႏိုင္တဲ့အပူပမာဏကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ပိုက္ဆံအမ်ားႀကီး မကုန္ရဘဲ အပူဒဏ္ကိုကာကြယ္ေပးႏိုင္မွာျဖစ္ပါသည္။
ဖတ္ရႈမႈအမ်ားဆုံး အိမ္ၿခံေျမေဆာင္းပါးမ်ား
သင္အိပ္ေနတဲ့ ေခါင္းအုံးေတြကို သတိထားပါ ဒီညပဲ မအိပ္ခင္ အေပၚဖုံးကို ခြၽတ္ၾကည့္ၾကပါေနာ္
လူသိနည္းၿပီး သတိမမူမိၾကတဲ့ မိမိ အိမ္မွာ အၿမဲသန႔္ရွင္းေရးလုပ္ေနတဲ့ တံျမက္စည္းနိမိတ္
အိမ္မွာေၾကာင္တစ္ေကာင္ရွိရင္ ဒီနိမိတ္ေတြ သိထားပါ
ေရခဲေသတၱာထဲကို လုံးဝမထည့္ထားသင့္သည့္ ပစၥည္း (၁၀) မ်ိဳး
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties