By စည်သူလင်းလက်, Shweproperty.com
Updated at 20 December 2016
ရန်ကုန်မြို့တော်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုပုံရိပ်တွေကိုအဓိကဖေါ်ပြပေးနေတာကအဆောက်အဦးတွေ၊ လမ်းတံတားတွေနဲ့ အိမ်ရာစီမံကိန်းတွေပဲဖြစ်ပါတယ်။ လျှင်မြန်စွာရွေ့လျားနေတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြန်မာနိုင်ငံက ကြိုးစားပန်းစားအမှီလိုက်နေရတာပါ။ ရန်ကုန်မြို့တော်ဟာ မြန်မာနိုင်ငံရဲ့အဓိကဝင်ပေါက် စီးပွားရေးမြို့တော်ကြီးဖြစ်တာနဲ့အညီ အဆင့်အတန်းမြင့်တဲ့ လူနေမှုပုံစံတွေ လိုအပ်လာပြီဖြစ်ပါတယ်။
စွယ်တော်စီးတီး အဆင့်မြင့်အိမ်ရာစီမံကိန်းက ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံအထက်ပိုင်း ကို အဓိကချိတ်ဆက် ပေးထားတဲ့ အမှတ်သုံးလမ်းမကြီးရဲ့နဘေးမှာ တည်ရှိနေပြီး အောင်မင်္ဂလာအဝေးပြေးကားရပ်နားစခန်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့နဲ့ အနီးဆုံးမှာတည်ရှိနေတဲ့ အိမ်ရာတစ်ခုဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ရေး၊ သွားလာရေးအတွက် အချက်အခြာကျတဲ့ နေရာတစ်ခုဖြစ်လို့နေပါတယ်။ ဒါ့အပြင် ရန်ကုန်စက်မှုဇုံ၊ မင်္ဂလာဒုံစက်မှုဇုံတို့ရဲ့ အနီးမှာရှိနေတဲ့အတွက် စီးပွားရေးအရ အချက်အခြာကျတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ စိမ်းလန်းတဲ့ပတ်ဝန်းကျင် နဲ့လူနေမှုထူထပ်ခြင်းမရှိတာက မိသားစုတွေအတွက် အကောင်းဆုံးမိသားစ ုဘဝတစ်ခုဖန်တီးနိုင်ဖို့ အခွင့်အရေးတစ်ရပ်ပါပဲ။ အားလပ်ချိန်မိသားစုနဲ့အပန်းဖြေဖို့ Royal Mingalardon Golf Resort ကလည်းအနီးနားမှာတည်ရှိနေပါသေးတယ်။ အဆင့်မြင့် ကွန်ဒိုမီနီယံတိုက်ခန်းတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်နေပြီး ဈေးနှုန်းအားဖြင့် တင့်သင့်မျှတတာကာ မြို့တော်နေပြည်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ နေထိုင်မှုပုံစံဖန်တီးဖို့ အခြေအနေကောင်းတစ်ရပ်ပါပဲ။
စွယ်တော်စီးတီးအိမ်ရာစီမံကိန်းကို မင်္ဂလာဒုံဥယာဉ်မြို့တော်မှာရှိတဲ့ မြေဧက (၃၀) ပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။ အခန်းဝယ်ယူသူတွေအနေနဲ့လည်း အချိုးကျ မြေပိုင်ဆိုင်မှုရရှိမှာပါ။ အခန်းဈေးနှုန်းတွေကို Square Feet နဲ့သတ်မှတ်ပြီး 1 Square feet ကို၇၅၀၀၀ကျပ်ကနေ ၁၃၂၀၀၀ ကျပ်အထိရှိပါတယ်။ ငွေပေးချေမှုကို ၄ရစ်ခွဲပေးရမှာဖြစ်တဲ့အတွက် တစ်လုံးတစ်ခဲထဲငွေမကုန်ချင်သူတွေအတွက် ပိုလို့အဆင်ပြေစေပါတယ်။
သဘာဝအတိုင်း စိမ်းလန်းတဲ့ပတ်ဝန်းကျင်ကို ပိုမိုအဆင့်မြှင့်တင်ပြီးနေချင်စဖွယ် ဥယျဉ်အိမ်ရာလေးအဖြစ် ဖန်တီးထားတာလည်းတွေ့ရပါတယ်။ (3) ဧကကျယ်ဝန်းတဲ့ ရေကန်နဲ့ ရေကန်ပတ်လည်မှာလမ်းလျှောက်အပန်းဖြေ၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း၊ စက်ဘီးစီးခြင်းတွေပြုလုပ်နိုင်မယ့်ကန်ပတ်လမ်းလေးကလည်း နေထိုင်သူတွေအတွက် စိတ်ကျေနပ်စရာပါပဲ။ ဒါ့အပြင် ရေကူးကန်၊ စားသောက်ဆိုင်တန်း၊ အားကစားခန်းမ၊ အလှပြင်ခန်းမ၊ ရေနွေးရေချိုးခန်း၊ ၂၄နာရီ convenience store၊ ကစားကွင်း၊ လူ(၃၀၀)ခန့် စုဝေးနိုင်တဲ့မျက်ခင်းပြင်၊ အခမ်းအနား၊ မွေးနေ့ပွဲများပြုလုပ်နိုင်မယ့် ခန်းမများပါဝင်တဲ့ Club House တစ်ခုလည်းပါဝင်မှာဖြစ်ပါတယ်။
အခန်းပုံစံ၄ခုဖန်တီးထားပြီး Type A မှာတော့ ဧည့်ခန်း၊ ထမင်းစားခန်း နဲ့အိပ်ခန်း၃ခန်း ပါဝင်ပါတယ်။ Type B, B1 နဲ့ B2 တို့မှာတော့ဧည့်ခန်း၊ ထမင်းစားခန်း နဲ့ အိပ်ခန်းနှစ်ခန်းပါဝင်ပါတယ်။ အခန်းပုံစံတွေကို တိုက်ခန်းပုံစံမဟုတ်ပဲ သီးသန့်အိမ်လေးတွေလိုဖန်တီးထားတဲ့အတွက် မိသားစုတွေအတွက်အကြိုက်တွေ့စရာပါပဲ။
အဆောက်အဦးတည်ဆောက်ထားမှုအပိုင်းကို ကြည့်မယ်ဆိုရင် ဗိသုကာဒီဇိုင်းကို ထိုင်းနိုင်ငံအခြေစိုက် G4 Architech ကရေးသားဆွဲထားပြီး၊ Foundation ကို Press Pile Foundation နဲ့ဆောက်လုပ်ထားပါတယ်။ Structure ပိုင်းအရ ငလျင်ဒါဏ်ခံနိုင်အောင်တည်ဆောက်ထားတာဖြစ်တဲ့အတွက် နေထိုင်သူတွေအတွက် လုံခြုံစိတ်ချမှုရှိနေမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓါတ်အား၊ မီးဘေးဆိုင်ရာလုံခြုံမှု၊ အမှိုက်သိမ်းစနစ်နဲ့ လုံခြုံရေးစနစ်တွေကို အကောင်းဆုံးတပ်ဆင်ထားတာတွေ့ရပါတယ်။
တိုးတက်လာတဲ့ မြို့ပြယဉ်ကျေးမှုနဲ့အတူ သက်တောင့်သက်သာဖြစ်တဲ့ လူနေမှုပုံစံကလည်း မြိုပြနေပြည်သူတွေအတွက် မဖြစ်မနေလိုအပ်နေပါပြီ။ မြန်မာနိုင်ငံရဲ့ လှုဦးရေတိုးပွားနှုန်းက ၂၀၁၆ခုနှစ်မှာ ၄၆၀၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကျေးလက်နေပြည်သူတွေဟာ ရာခိုင်နှုန်းပိုမိုများပြားတာဖြစ်ပေမယ့် ကျေးလက်ကနေ မြို့ပြကိုပြောင်းရွေ့နေထိုင်တဲ့ ဦးရေကလည်း နှစ်စဉ်မြင့်တက်နေတာဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ မြို့ပြလူဦးရေနှုန်းထားတွေအပေါ်မှာ မူတည်ပြီး နေထိုင်အခြေချနိုင်ဖို့ အခြေခံအကျဆုံးဖြစ်တဲ့ အိမ်ရာစီမံကိန်းတွေကို အစိုးရပိုင်းရော ပုဂ္ဂလိကပိုင်းကပါ အရှိန်အဟုန်မြှင့် တည်ဆောင်နေကြတာလဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်တင်ပို့ရေး ကဏ္ဍတွေအရ မြို့တော်ရဲ့မြောက်ဘက်ဝင်ပေါက်ဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်ဟာ အနာဂတ် ရန်ကုန်မြို့တော်အတွက် ပိုမိုအချက်အချာကျလာမှာတော့ အလွဲဧကန်ပါပဲခင်ဗျား။
စွယ်တော်စီးတီး အဆင့်မြင့်အိမ်ရာစီမံကိန်းကို အသေးစိတ်လေ့လာရန်
စွယ်တော်စီးတီး အဆင့်မြင့်အိမ်ရာစီမံကိန်းကို ဆက်သွယ်ရန် : 09-797332211, 09-797221133,09 799 332211, 09 799 221133
Written By : စည်သူလင်းလက် (Shweproperty.com)
Photo Credit : Swe Daw City
Posted By : Wai Phyoe (Shweproeprty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties